Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

MI 5(xiaomi)မှာသော Quick Snap mode အကြောင်း

Quick Snap modeလုပ်ဆောင်ချက်မှာ
Screen off နေတဲ့ ချိန် မှာ Volum Down ကိုဖိထားပြီး
Quick Snap ယူတာပါ ။
အရေးပေါ် ဓာတ်ပုံ ရိုက်တာမျိုး တစ်ဖတ်လူမသိအောင်ရိုက်လို့ ရပါမည်Vibrate တစ်ချက်တုန်ရင် ပုံတစ်ပုံ ပါ။
ီ Feature ကို On လိုလျှင်အရင်ဆုံးVolume down ကို
ဖိပြီး Screen on သော Feature ကိုပိတ်ရပါမည်။
ို၎င်းကိုပိတ်ရန်
setting > lock screen & password > Wake with Volume buttom ကို Off ထားရပါမည်။
ပြီးရင် Camera setting အတွင်းသို့သွားပြီး
Quick Snap mode ကို On လိုက်ပါ။

 www.togethermobile.org 


Share:

အိုင်ဖုန်းနှင့် သက်ဆိုင်သည့် အသုံးများသော ဝေါဟာရများ

Activation
*********
အိုင်ဖုန်းကို ၀ယ်ယူပြီးနောက် ကွန်ပျူတာနှင့် ချိတ်ဆက်ကာ Apple ၏ မီဒီယာဆော့ဝဲလ် တစ်ခု ဖြစ်သည့် iTunes နှင့် ဖွင့်ပြီး Activation လုပ်ပြီးမှသာလျှင် အိုင်ဖုန်းကို စတင် သုံးစွဲနိုင်သည်။
ယေဘုယျအားဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီနှင့် ကန်ထရိုက်ရှိရန်လိုအပ်သည်။
ကန်ထရိုက်မရှိသူများ အနေဖြင့် အိုင်ဖုန်းကို အလိုလို activate လုပ်ပေးနိုင်သည့် ဆော့ဝဲလ်များ (ဥပမာ-ZiPhone, iPlus, iLiberty Plus) ဖြင့် ပြုလုပ်ရန်လိုသည်။

Unlock
*******
အိုင်ဖုန်းကို သုံးစွဲရာတွင် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်များဖြင့်သာ အသုံးပြုနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။
ထိုသို့ ပြုလုပ်ထားခြင်းကို ကျော်ဖြတ်ပြီး မည်သည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်ဖြင့် မဆို ဆက်သွယ်ပြောဆိုနိုင်အောင် ပြုလုပ်ခြင်းကို Unlock လုပ်ခြင်းဟု ခေါ်သည်။

Jailbreak
*********
အိုင်ဖုန်းတစ်လုံးတွင် စ၀ယ်ကတည်းက built-in ထည့်ပေးထားသော Google Map, Stock, Weather, You Tube, iTunes အစရှိသည့် ဆော့ဝဲလ်များ ပါဝင်သော်လည်း အခြားသော 3rd party vendor များမှ ရေးသား ထားသည့် native application များကို (ယခု စာရေးနေစဉ် အချိန်အထိ)ထည့်သွင်းခွင့် မပေးထားပါ။
ထိုသို့ ထည့်သွင်းနိုင်အောင် ပြုလုပ်ခြင်းကို jailbreak လုပ်ခြင်းဟု ခေါ်သည်။

3rd Party iPhone application
**************************
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။
ဥပမာ - Nitendo Emulator (အိုင်ဖုန်းကို Nitendo Game သဖွယ် ဖြစ်အောင် ပြောင်းလဲပေးနိုင်သည့် ဆော့ဝဲလ်)၊ Chess (သို့) Sudoku အစရှိသည့် ဂိမ်းများ

iPhone Web Application
**********************
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် အင်တာနက်နှင့်ချိတ်တ်ဆက် အသုံးပြုရသော ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။

Baseband
*********
အိုင်ဖုန်းတစ်လုံးတွင် ပါဝင်သည့် စက်ပစ္စည်းများနှင့် အိုင်ဖုန်း အသုံးပြုသည့်စနစ်တို့ အပြန်အလှန် ဆက်သွယ်နိုင်အောင် ကူညီပေးသော ပရိုဂရမ်တစ်ခု ဖြစ်သည်။
အိုင်ဖုန်းမှတဆင့် အသံ (သို့) အချက်အလက်များကို ဖုန်းတာဝါများသို့ ဆက်သွယ်ရန်လိုအပ်သည့် အခါတိုင်း baseband က အထောက်အကူ ပေးသည်။
ထို့အပြင် လက်ရှိ အသုံးပြုနေသော Sim Card သည် အသုံးပြုနိုင်ခြင်းရှိမရှိ၊ ဖုန်းအချိတ်အဆက်မိ မမိ စသည်တို့ကို စစ်ဆေးပေးသည်။
အိုင်ဖုန်းကို unlock လုပ်ခြင်းသည် baseband ကို မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card နှင့် မဆို အသုံးပြုနိုင်စေရန် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံး ထုတ်ဝေထားသည့် baseband version သည် 04.04.05_G ဖြစ်ပြီး Firmware version 1.1.4 အတွက် ဖြစ်သည်။

Firmware
*********
Firmware ဆိုသည်မှာ ကွန်ပျူတာရှိ Windows စနစ်နှင့် အလားသဏ္ဍာန်တူသည်။
ကွန်ပျူတာတွင် Windows XP သုံးနေရာမှ Windows Vista ထွက်လာသည့်အခါတွင် ပြောင်းလဲ အသုံးပြုနိုင်သကဲ့သို့ ပိုမို ကောင်းမွန်ပြည့်စုံသည့် Firmware အသစ်ထွက်ပါက iTunes မှ တဆင့် အဆင့်မြှင့်ခြင်း ပြုလုပ်နိုင်သည်။
ယခု လက်ရှိအသုံးပြုနေသည့် Firmware version မှာ 1.1.4 ဖြစ်သည်။
မကြာခင် Firmware 2.0 ထွက်လာတော့မည် ဟုလည်း သိရသည်။

Bootloader
**********
အိုင်ဖုန်းတွင် bootloader နှစ်ခုပါဝင်သည်။
တစ်ခုမှာ Arm Core bootloader ဖြစ်ပြီး အိုင်ဖုန်း အသုံးပြုသည့် စနစ်နှင့် သက်ဆိုင်သည်။
နာက်တစ်ခုမှာ baseband bootloader (အထက်တွင် ဖော်ပြပြီး) ဖြစ်သည်။
အိုင်ဖုန်းကို ပိတ်ထားရာမှ စပြီး ဖွင့်လိုက်သည့် အခါတွင် အစီအစဉ်တကျနှင့် အသုံးပြုနိုင်စေရန် ၎င်းက ဆောင်ရွက်ပေးသည်။
လတ်တလော အသုံးပြုနေကြသည့် အိုင်ဖုန်းများသည် bootloader version 3.9 နှင့် 4.6 ကို အသုံးပြုထားသည်။
3.9 သည် စနစ်အဟောင်းဖြစ်ပြီး အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader version 3.9 ကို ကျော်ဖြတ်ကာ unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ထိုသို့ အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader ကို ကျော်ဖြတ်ခြင်း မပြုနိုင်စေရန် Apple ကုမ္ပဏီမှ အသစ်ထုတ်သော ဖုန်းများတွင် version 4.6 ကို ထပ်မံ ထည့်သွင်းခဲ့သည်။
သို့ရာတွင် အထူးဆော့ဝဲလ်များထပ်မံထွက်ရှိလာပြီး version 4.6 ကို ဖယ်ရှားပြီး version 3.9 fakeblank bootloader ဟု ခေါ်သည့် ပြင်ဆင်မွမ်းမံထားသည့် bootloader မှ တဆင့် unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
သို့သော် ၎င်းကို ပြုလုပ်ရာတွင် မိမိ အသုံးပြုသည့် အထူးဆော့ဝဲလ်ကို လိုက်ပြီး အချို့ဆော့ဝဲလ်များမှာ လက်ရှိပါလာသည့် version 4.6 ကို လုံးဝ ဖျက်ပစ်ခြင်း၊ သို့မဟုတ် version 3.9 မှ တဆင့် version 4.6 သို့ ပြန်လည် ပြောင်းလဲမရခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် အသေအချာလေ့လာပြီးမှသာ Unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။version 4.6 ဖြင့် ထုတ်ဝေထားသော ဖုန်းကို version 4.6 သို့ ပြန်လည်ပြီး ပြောင်းမရခဲ့ပါက warranty မရတော့ပါ။
ထို့အပြင် firmware အသစ်ထွက်လျှင်လည်း အဆင့်ြှမှင့်ခြင်း လုပ်နိုင်တော့မည် မဟုတ်သည်ကို သတိပြုပါ။

installer.app
************
၎င်းသည် အိုင်ဖုန်းကို jailbreak လုပ်ပြီးနောက် ထည့်သွင်းရသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။
အချို့ဆော့ဝဲလ်များက jailbreak လုပ်ရာတွင် installer.app ကို တပါတည်း ထည့်သွင်းနိုင်ရန် ရွေးချယ်ခွင့်ပေးထားတတ်သည်။
၎င်းသည် Wi-Fi မှတဆင့် အိုင်ဖုန်းထဲသို့ အခြားသော 3rd party application များကို ထည့်သွင်းခြင်း၊အဆင့်မြှင့်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Recovery Mode
***************
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်လိုပါက ၎င်းကို အသုံးပြုပြီး iTunes မှ တဆင့် Firmware ပြန်လည် ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။
Recovery Mode သို့ သွားရန် Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို အိုင်ဖုန်း ပြန်လည်စတင်သည် အထိ ဖိထားပါ။
ပန်းသီးလိုဂိုလေးကို တွေ့ပါက ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes လိုဂိုပေါ်လာသည် အထိ ဖိထားပါ။ ၎င်းနောက် iTunes ကို အသုံးပြုပြီး Frimware ကို ပြန်လည် ထည့်သွင်းနိုင်ပါသည်။

DFU (Device Firmware Update)Mode
*************************************
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်ရာတွင် recovery mode ဖြင့် ပြန်လည်မပြုလုပ်နိုင်ခဲ့ပါက DFU mode ဖြင့် ပြုလုပ်နိုင်သည်။
DFU mode သို့ ရောက်ရှိသွားပါက restore မလုပ်မချင်း အိုင်ဖုန်း၏ အသုံးပြုသည့် စနစ် (Operating System) ကို ပြန်လည် တင်ပေးလိမ့်မည် မဟုတ်ပါ။
Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို ၁၀ စက္ကန့်မျှ ကြာသည်အထိ ဖိထားပါ။
ပန်းသီးလိုဂိုလေးကို မတွေ့ရမီ ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes မှ recovery mode ထဲသို့ ရောက်ပြီဟု မဖော်ပြသရွေ့ ဖိထားပါ။
DFU mode ထဲသို့ ရောက်ပြီဆိုလျှင် အိုင်ဖုန်း ဖန်သားပြင်တစ်ခုလုံးတွင် မည်သည့်အရာမျှ လာပြတော့မည် မဟုတ်ပါ။
ထိုသို့ DFU mode ထဲသို့ ၀င်ရန်မှာ အချိန်ကိုက် လုပ်နိုင်ရန် လိုအပ်ပါသည်။

Wi-Fi (Wireless Fidelity)
**********************
အိုင်ဖုန်းတွင် အင်တာနက်နှင့် ဆက်သွယ်ရန် အသုံးပြုရသည့် ကြိုးမဲ့ ကွန်ယက်ဆက်သွယ်ရေး စနစ်ဖြစ်သည်။
အိုင်ဖုန်း အသုံးပြုမည့် နေရာနှင့် အနီးအနားတွင် ကြိုးမဲ့ကွန်ယက်များရှိပါက အင်တာနက်ကို အိုင်ဖုန်းမှ တဆင့် အသုံးပြုနိုင်သည်။

Bluetooth
*********
အိုင်ဖုန်းတွင် ပါဝင်သည့် အခြားသော bluetooth enabled ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ ဥပမာ - Bluetooth earpiece, Bluetooth headphone

Sync (acrnoym for synchronisation)
*********************************
အိုင်ဖုန်းရှိ သီချင်းများ၊ ဗီဒီယိုများ၊ podcast များကို မိမိ ကွန်ပျူတာတွင် ထည့်သွင်းထားသော iTunes ဆော့ဝဲလ်မှ တဆင့် ထည့်သွင်းခြင်း ဖြစ်သည်။
အိုင်ဖုန်း အတွင်းသို့ အဆိုပါဖိုင် အသစ်များ ထည့်သွင်းလိုပါက မိမိကွန်ပျူတာရှိ iTunes တွင် ပထမဦးစွာ ထည့်သွင်းပြီးနောက် အိုင်ဖုန်းကို USB port မှတဆင့် ကွန်ပျူတာတွင် တပ်ဆင်ကာ sync လုပ်ခြင်းဖြင့် မိမိ ထည့်သွင်းလိုသော ဖိုင်များ အလိုလို ရောက်ရှိသွားမည်ဖြစ်သည်။
မလိုသည့် ဖိုင်များကို ပြန်လည် ထုတ်လိုပါကလည်း ကွန်ပျူတာရှိ iTunes တွင် ဖျက်ပစ်ကာ အိုင်ဖုန်းကို တပ်ဆင်ပြီး sync လုပ်ခြင်းဖြင့် မိမိ မလိုတော့သည့် ဖိုင်များကို ရှင်းလင်းပစ်နိုင်သည်။

BSD SubSystem
***************
၎င်းသည် Unix-based အသုံးပြုသည့်စနစ်တစ်ခုဖြစ်သည်။
အိုင်ဖုန်း အသုံးပြုသူအချို့က ၎င်းကို Jailbreak လုပ်ပြီးနောက် အိုင်ဖုန်း အတွင်းသို့ ထည့်သွင်းလေ့ ရှိကြသည်။

PodCast
********
၎င်းသည် ရေဒီယိုအသံလွှင့်ချက်များ၊ တေးဂီတများ၊ သတင်းများ၊ သုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်များ၊ ဘာသာရပ်ဆိုင်ရာများ၊ ဘာသာစကားသင်ခန်းစာများ အစရှိသည်တို့ကို မိမိနားထောင်လိုသည့် အခါတွင် နားထောင်နိုင်စေရန် ကွန်ပျူတာအတွင်းသို့ ဖြစ်စေ၊ iPod သို့ iPhone သို့ ဖြစ်စေ ထည့်သွင်း နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
Apple မှ ထုတ်ဝေသော iTunes ဆော့ဝဲလ်မှ တဆင့် PodCast ပေါင်းများစွာကို အခမဲ့ subscribe လုပ်နိုင်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိ subscribe လုပ်ထားသော PodCast များ အသစ်တင်လိုက်တိုင်း iTunes ထဲလို့ အလိုလို download လုပ်ပြီးသား ဖြစ်နေမည်။
ထို့နောက် မိမိ iPod သို့ iPhone ဖြင့် sync လုပ်ခြင်းဖြင့် မိမိ အားလပ်ချိန်တွင် PodCast များကို နားဆင်နိုင်သည်။

iPhone SDK (Software Development Kit)
*************************************
၎င်းကို အိုင်ဖုန်းအတွက် Mac Platform မှတဆင့် ဆော့ဝဲလ်များ ရေးသားနိုင်စေရန် Apple ကုမ္ပဏီက မကြာမီကမှ ပရိုဂရမ်မာများအတွက် ထုတ်ဝေပေးလိုက်သည်။
Credit: iOS Knowledge Bank.MM
 www.togethermobile.org 


Share:

Apple ID ပြုလုပ်​နည်း




ဖုန်းဖြင့် Apple ID ပြုလုပ်နည်း
=================================

အရင်ဆုံး မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ။

ပြီးရင်အဆင်ပြေတဲ့ Free app တစ်ခုကိုဒေါင်းလိုက်ပါ။

ထိုအခါ Apple ID တောင်းပါလိမ့်မယ်။

Create New Apple ID ကိုနှိပ်လိုက်ပါ။

ပြီးသွားရင်တော့ Store ကို U.S လို့ရွေးပေးလိုက်ပါ။

Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ။

ကိုယ့်မှာရှိတဲ့ Gmail နဲ့ password ထည့်ပါ။

Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီးတော့ စာလုံးကြီးတစ်လုံးနှင့် ဂဏန်းတစ်လုံးပါဝင်ရမှာဖြစ်ပါတယ်။

ပြီးရင် Question နဲ့ Answer မှာ ကိုယ်မှတ်မိ လွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်လိုက်ပါ။

တော်တော်လေးအရေးကြီးပါတယ်။

တကယ်လို့ မိမိ Password မေ့သွားခဲ့ရင် ပြန်ဖြေပေးရမှာဖြစ်ပါတယ်။

ပြီးတော့ မွေးနေ့ ရက် လ တွေကိုအမှန်အတိုင်း ထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။

ကဲ အခု Billing Information ထည့်ရမည့် နေရာကို ရောက်ပါပြီ။

ဒီအဆင့်မှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။

အစတုန်းက Free app ကို Download

ဆွဲမလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။

None ကိုရွေးပေးလိုက်ပါ။

ပြီးရင် Title မှာ Mr/Ms ရွေးပါ။

ပြီးရင် First Name နဲ့ Last Name ထည့်ပါ။

ပထမ Address နေရာမှာ 22*99 လို့ရေးထည့်ပါ။

ဒုတိယ Address ကိုမဖြည့်ပါနဲ့။

City နေရာမှာ Asd12565 လို့ရေးထည့်ပါ။

State မှာ AZ-Arizona ကိုရွေးပေးလိုက်ပါ။

ပြီးရင် Zip နေရာမှာ 85123 လို့ရေးထည့်လိုက်ပါ။

ဖုန်းနံပတ်မှာ 520 5500854 ကိုထည့်ပါ။

ပြီးသွားရင် Next ကိုနှိပ်ပါ။

ပြီးသွားရင်တော့ Verify Your Account ဆိုပြီး ကိုယ့်ရဲ့Gmail မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ်။

Gmail app ထဲကိုဝင်ပြီး ခုဏထည့်ခဲ့တဲ့ Gmail ကို Signin လုပ်လိုက်ပါ။

အပေါ်ဆုံးမှာ Apple ကပို့ထားတဲ့ Mail တစ်စောင်ရောက်နေပါလိမ့်မယ်။

Mail ထဲကိုဝင်ပြီး Virify Now ကို နှိပ်လိုက်ပါ။

Browser ပွင့်လာရင် Gmail နဲ့ Password ကိုထည့်ပေးလိုက်ပါ။

Apple ID တစ်ခုပြုလုပ်လို့ပြီးပါပြီ။

 www.togethermobile.org 


Share:

Fastboot ROM နှင့်Recovery ROM အကြောင်း

Xiaomi firmware ကို ကနဦးအနေနဲ့ Recovery ROMနဲ့ Fastboot ROM ဆိုပီးနှစ်မျိုးအကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။

Recovery RO
Recovery ROM ကတော့ recovery ကနေတင်တာပဲ ဖြစ်ဖြစ် ဖုန်းတွင်းရှိ updater app ကနေ တင်တာပဲ ဖြစ်ဖြစ် သဘောတရားအတူတူ လုပ်ဆောင်နိုင်ပါတယ်။

‪#‎Fastboot‬ ROM

Fastboot rom ကတော့ file format name အနေနဲ့ အခုနောက်ပိုင်းမှာ (.tgz ) နဲ့လာပါတယ် (7z)software ကိာအသုံးပြုပီးဖြည်နိုင်ပါတယ်။ဖြည်လိုက်ရက်တော့ အနည်းဆုံးမူလ file ထက် 1GB လောက်ပိုနိုင်တဲ့ file size တစ်ခုထပ်မြင်ရမှာပါ (.zip) ဖြစ်ပါတယ် အဆိုပါ zip file ကို ထပ်ဖြည်ရင်တော့ လိုအပ်တဲ့ firmware file တွေရရှိပါပြီ။

တင်နည်းကတော့ Fastboot mode ကနေ တင်ရမှာဖြစ်ပါတယ် ကွန်ပျူတာကိုအသုံးပြုပီး
Mi flash tool နဲ့တင်ရတာပါ အဓိကအသုံးပြုသူတွေကတော့ Service Techanician တွေနဲ့ End User အချို့သုံးကြပါတယ်။(နောင်အလျဉ်းသင့်သလိုဖော်ပြပေးပါဦးမယ်)

‪#‎Recovery‬ ROM မှာတော့
Stable rom နဲ့ Dev rom(beta) ဆိုပီး နှစ်မျိုးထပ်ခွဲပါတယ် (version အကုန်လုံး (.zip) file format နဲ့လာပါတယ်)
Stable
နိုင်ငံတကာကိုတင်ပို့တဲ့အလုံးများမှာတော့ Global Stable ROM ကိုထည့်သွင်းမောင်းနှင်ပီးတော့ တရုတ်ပြင်တွင်းမှာတော့ China Stable ကိုထည့်သွင်းဖြန့်ချီပါတယ်။
Stable ဆိုတဲ့အတိုင်း သုံးရတာ တည်ငြိမ်ပြီး error လုံးဝမပါသလောက်ပါပဲ update ကတော့ လနဲ့ချီပီးကြာတတ်ပါတယ် error တစ်ခုခုပါလာခဲ့ရင်တော့ မကြာခင်မှာ ချပေးတတ်ပါတယ်။
Developer ROM(beta rom)
Developer rom မှာလည်း global developer နဲ့ china developer နှစ်မျိုးထပ်ကွဲပါသေးတယ်
လူသုံးအများဆုံးကတော့ China developer ဖြစ်ပီးတော့ ဦးစားအပေးခံရဆုံးကလည်း china dev rom သာဖြစ်တဲ့အတွက် global dev rom ကတော့ မသိသလောက်ပါပဲ
dev rom (beta) ကလည်းသူ့နာမည်နဲ့လိုက်ပါတယ် developer တွေရဲ့ ကနဦးစမ်းသပ်တိုးချဲ့မှု ပြင်ဆင်မွန်းမံမှုတွေကို stable user တွေထက် ဦးစွာတွေ့ကြုံမြည်းစမ်းရမှာဖြစ်ပါတယ် developer team အနေနဲ့ စမ်းသပ် ရေးသားမှုတွေကို အပတ်စဉ် ကြာသပတေး သောကြာ(များသောအားဖြင့်)နေ့တွေမှာ ထုတ်ပေးပါတယ် file size လည်း နည်းပါတယ် အကြီးစားပြောင်းလဲမှုတွေပါလာရင်တော့ full file နီးပါးဆွဲရတတ်ပါတယ် ဘာတွေပြောင်းလဲဆန်းသစ်ထားလဲဆိုတာသိချင်ရင် Change log ကိုဖတ်ရှုလို့ရပါတယ်။ developer rom မှာ beta ကတော့ user တိုင်းလွတ်လပ်စွာ ရယူသုံးစွဲနိုင်တယ့် အပတ်စဉ် rom တစ်ခုဖြစ် ပါတယ်။ ညစဉ်အသုံးပြုရတဲ့ Team member only အသုံးပြုခွင့်ရတဲ့ alpha rom ဆိုတာ ထပ်ပီးရှိနေပါသေးတယ် (Nightly rom) လို့ခေါ်ပါတယ်။ Cyanogen mode လိုပေါ့򐐨သူကတော့ custom rom လို့အကြမ်းဖျင်းသိနိုင်ပါတယ်)
developer (beta) rom user တွေကတော့ အစမ်းသပ်ခံ နဲ့ ဝေဖန်အကဲ ဖြတ်သူ report(feedback)ပေးသူတွေပေါ့ သူတို့ထက်ဦးသူကတော့ alpha userတွေပါ error ပါလည်း ခံ အသစ်အဆန်းပါလည်းအရင်ဆုံး စံရတဲ့သူတွေပေါ့လေ
ပီးရင်တော့ beta ပေါ့
Beta သမားတွေ က ဆူညံပူညံ လုပ်ရင်(ဆိုင်းဘုတ်ကိုင်ပီးလမ်းလျောက်ရင် 😜) နောင်လာမယ့် update မှာ ပြန်ပြင်ပေးတယ်...
အားလုံးနီးပါးပြည့်စုံသွားရင်တော့
အသင့်ခူးခပ်သုံးဆောင်သူတွေက Stable user တွေပေါ့ဗျာ။

ဒီလောက်ဆိုရင်တော့ rom အမျိုးအစားနဲ့ ကွဲ ပြားပုံတွေ အနည်းငယ်သဘောပေါက်လောက်ပီထင်ပါရဲ့။😉
မှတ်ချက်(global stable rom တွေမှာ International သုံးဖြစ်လို့ gapps တွေ build in ပါဝင်ပါတယ် ယခုနောက်ပိုင်းမှာတော့ Theme fontအသုံးပြုခွင့်မပေးတော့ပေ။ နိုင်ငံတကာ or google ၏ နည်းပညာဥပဒေစံနှုန်းနှင့်မညီညွတ်သေးလို့လို့အကြမ်းဖျင်းသိရသည်။ထို့အတွက်ကြောင့် zawgyi myanmar font အသုံးပြုလိုသူများအတွက် အခက်အခဲဖြစ်လာပါတယ်။
China Stable မှာတော့ gapps(Google Service appsများ)မပါဝင်ပါ တရုတ်ပြည်တွင်းသုံးဖြစ်တဲ့အတွက် တရုတ် app များသာထည့်သွင်းပေးထားပါတယ်။)သူကတော့ Theme font အသုံးပြုခွင့်ရှိပါတယ်။

dev rom တွေမှာလည်း China rom မှာ gapps တွေမပါပါ root build in ပါသော်လည်း ယခုနောက်ပိုင်းတွင် လုံခြုံရေးအရ အလွယ်တကူမပါတော့ပေ)
ယခုဖော်ပြခဲ့တာတော့ကျွန်တော် လေ့လာမှတ်သားမိသော မှတ်စုအချို့မှတင်ပြချင်းဖြစ်ပီး ကျွမ်းကျင်သူများအနေနဲ့ဖတ်ရှုမယ်ဆိုပါက ရယ်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုအပ်ချက်တွေမပြည့်စုံတာတွေရှိနေရင် ဖြည့်စွတ်ပေးခဲ့ကြပါလို့လေးစားစွာပန်ကြားအပ်ပါတယ်။

 www.togethermobile.org 


Mi


Share:

Mi Cloud အကြောင်း တစေ့တစောင်း


mi cloud ဆိုတာဘာလဲလို့ မေးရင်တော့…..
မိမိသိမ်းထားချင်တဲ့ contact, sms, photo, call log, note, wlan, recoder, browser history, music, download apps Block list, Back up apps and find my device စတာတွေကို သိမ်းလို့ မှတ်ထားလို့ရတဲ့ နေရာတစ်ခုပေါ့…
အဲဒီ့ထဲမှာ သိမ်းဖို့  ဘာတွေလိုအပ်လဲ ????????
ရှင်းပါတယ်. …..
အင်တာနက် ကွန်နက်ရှင်ရယ်
မီအကောင့်ရယ်
ဒီနှစ်ခုရှိရင် သုံးလို့ရပါပီ…
နောက်တခုက find my device ကို အသုံးပြုဖို့ မိမိဖုန်းနံပတ်ကို mi acc မှာ bind လုပ်ထားရပါမယ်…
MI CLOUD
mi cloude ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ကျွန်တော်ကြိုက်တဲ့ အချက်လေးတွေ ရှိပါတယ်… အဲဒါတွေကတော့….
၁။ wlan…… ကိုယ့်ဖုန်းထဲကို ထည့်ထားသော wifi မှန်သမျှကို ဒါလေးသာ အွန်ထားလိုက် ဘယ်အချိန် ပြန်ဖွင့်ဖွင့် password ပြန် မတောင်းတော့ပါဘူး… factory restart ချလည်း မပျောက်ပါဘူး…(ကိုယ်တိုင်စမ်းသပ်ပီး)
၂။ backup apps ကို save လုပ်ထားလို့ရလို့ပါ…..
၃။ recorder ကို on ထားရင် မိမိသုံးတဲ့ call အားလုံးအတွက် မှတ်ထားနိုင်ပါတယ်..
၎။ Browser ကို on ထားရင် အကောင့်ပြန်ဝင်လိုက်တာနဲ့ မိမိ bookmark တွေအားလုံးကို ပြန်လည်အသုံးပြုနိုင်ပါတယ်.. ပြန်လည် အသစ်ပြုလုပ်စရာ မလိုတော့ပါဘူး…
၅။ call history နဲ့
၆။  messages တွေဟာလည်း တချို့လူတွေအတွက် အသုံးဝင်ကောင်း ၀င်နိုင်ပါလိမ့်မယ်…
ယခင်က စစချင်း အသုံးပြုသူများအတွက် mi cloud ကို 5gB ပေးပါတယ် အသုံးပြုတာ များလာရင် ထပ်တိုးပီး ပေးသွားတဲ့အတွက် စိတ်ချလက်ချသာ အကုန်လုံး ပုံအောထည့်ထားပေတော့….
ဘာမှအသုံးမပြုဘူးဆိုရင်လဲ တစ်လကို 1gb တိုးတိုးပေးလို့ အဆင်ပြေပါတယ်…..
(March 2015 policy အသစ်အရ နဂိုမူလပေးထားတဲ့ 5gb ထက် အပိုဆောင်းမပေးတော့ပါ)
FIND MY DEVICE
မိမိတို့ရဲ့ ဖုန်းလေး အထားမှားလို့ပဲ ဖြစ်ဖြစ်၊ သူများခိုးသွားလို့ပဲဖြစ်ဖြစ် ဘယ်နေရာကို ကိုယ့်ဖုန်းရောက်နေတယ်ဆိုတာ သိရအောင် ဒါလေးကို အသုံးပြုကြပါတယ်…. ဖုန်းအတော်များများမှာလည်း နောက်ပိုင်းမှာ ဒီစနစ်က ပါလာပီမို့ အတော်များများလည်း သိကြမယ် ထင်ပါတယ်……
ဘယ်လို set လုပ်မလဲဆိုတာ အောက်မှာ ရှင်းပြထားပါတယ်…..
mi cloud>setting>find device>on…. setting ဆိုတာ တစ်ခုက dev rom 4.11.14 ကတည်းက ပါလာပါတယ်… တခြားဗားရှင်းတွေဆို setting မပါပါ…. ပီးရင် ဖုန်းရဲ့ google location service ကို on ပေးထားရပါမယ်… pin lock သုံးရမယ်…. အဲဒါမှသာ ကွန်ပျူတာကနေi.mi.com ကို ၀င်ပီး မိမိဖုန်း တည်နေရာကို သိနိုင်မှာ ၀င်ပီး alarm ပေးတာ… lock လုပ်တာနဲ့ data all wipe လုပ်နိုင်မှာပါ… အဲဒီ့မှာ ကိုယ်ရဲ့ ဖုန်းထဲမှာ သုံးထားတဲ့ mi acc ကို ထည့်ပီး မိမိဖုန်းရဲ့ တည်နေရာကို သိနိုင်မှာပါ…. google location service ကို ထည့်သုံးရင် ဖုန်းအားကို ချွေတာတဲ့နည်းနဲ့ google acc sync မှာ location ကို device only ထားပါ အဲဒါကတော့ ဖုန်းပျောက်ရှာဖို့တခုအတွက်ပဲ location service ကိုသုံးတာမို့ ဘတ်ထရီသက်သာတာပေါ့……
ကိုယ်က ဖုန်းနဲ့ နီးတဲ့နေ၇ာကိုေ၇ာက်လာပီဆို၇င် alarm ဖွင့်လိုက်ပါ… ဒါဆို ကိုယ့်ဖုန်းအသံ ကိုယ်ကြား၇ပါပီ…….
lock ကတော့ သူက ကိုယ့်ဖုန်းကို pin lock ချလို့၇တယ်… ဒီအဆင့်ကို သုံးဖို့ ကိုယ့်ဖုန်းက နဂိုကထဲက pin lock သုံးနေပီသား ဖြစ်၇မယ်…… တခြားလူက pin lock မသိတော့ ဖုန်းထဲ ၀င်သုံးလို့ မ၇…. wipe ကတော့ လုံးဝလက်လွှတ်ဆုံးရှုံးပီလို့ ယူဆမယ်ဆို၇င်တော့ ကိုယ့်ဖုန်းထဲမှာ သိမ်းထားသမျှကို ဖျက်တာပါ…. external sd card ကိုတော့ ဖျက်မပေးပါဘူး 🙂 ….. ဒီလောက်ဆို သုံးလို့၇ပီ ထင်ပါတယ် ဗျ…….. အားလုံးကို သုံးဖို့ တခုလဲ လိုသေးတယ် ပျောက်သွားတဲ့ဖုန်းက အင်တာနက်ရှိနေဖို့… အဲဒါမှ ကိုယ့်ဖုန်းကို control လုပ်လို့ ၇မှာပါ…. အဆင်ပြေပါစေ…
Credit:miuimyanmar.net
Share: