Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

ကွန်​ပျူတာ ကို မဟန်းအောင် အသုံးပြုနည်း


ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။

#Togethermobile (Amarapura)
Share:

MEC ဖုန်းအချင်းချင်း ငွေလွှဲနိုင်ပြီ


MECTel ဖုန်းအချင်းချင်းငွေလွှဲပေးနိုင်ပါပြီ
=============================
MECTel ဖုန်းအချင်းချင်း မိမိဖုန်းဘေလ်ထဲ မှ တခြားတယောက်အား ဖုန်းဘေလ် လွှဲပေးမည်ဆိုပါက
*110* လွှဲပေးမည့်ငွေပမာဏ * လက်ခံမည့်သူဖုန်းနံပါတ် #  Call
 အားရိုက်နှိပ်ပြီး  ၅၀၀ ကျပ်မှ ၁၀ ၀၀၀ကျပ်
အထိ မိမိလွှဲလိုသည့်ပမာဏ ကို လူကြီးမင်းတို့စိတ်တိုင်းကျ လွှဲပေးနိုင်ပါပြီ။
လွှဲခနှုန်းထားမှာ တစ်ခါလွှဲ လျှင် (၁၀၀ကျပ်) နှုန်း ကျသင့်မည် ဖြစ်သည်။

အခက်အခဲ ရှိပါက နေပြည်တော်1212 call center ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

#Togethermobile (Amarapura)
Share:

Simcard အကြောင်း သိကောင်းစရာ


Simcard အကြောင်း သိကောင်းစရာ
============================
SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူ တာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေ အသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံ စွာ ထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲ ဖြစ်ပါတယ်။ Subscriber Identity Module က SIM ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာ သုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3, H4 ဆိုပြီး အမျိုးအစား လေးမျိုး ခွဲခြားထားပါတယ်။
H1 = Normal Network
H2 = Better Network , Means Strong
H3 = More Better Network , Means Stronger
H4 = Normal, Better, More Better Is Nothing In Front OF This Sim
များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်း ကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ SIM card အရွယ်အစား အမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25 mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ Card အရွယ်အစား အားလုံးဟာ 0.76 mm အထူ ရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာ ပါဝင်တဲ့ microchip က အရွယ်အစားနဲ့ လုပ်ဆောင်ပုံ အတူတူပဲ ဖြစ်တဲ့အတွက် အရွယ်အစား သေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာ တပ်ဆင်ရင်) card အကြီး သုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။ SIM card တွေမှာ User ရဲ့ အချက်အလက်တွေနဲ့ call log တွေ ဖုန်း အ၀င်၊ အထွက် မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေး အစီအမံ တစ်ရပ်လည်း ပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာ မဟုတ်ပါဘူး။

#Togethermobile (Amarapura)
Share: