Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Zapya နဲ့ ကူးရင် မပေါ်တဲ့ error

Zapya နဲ့ ကူးတဲ့ Video တွေကို zapya ထဲမှာဘဲဖွင့်ရနေပြီး 
Video ထဲမှာဖြစ်ဖြစ် MXplayer ထဲမှာပဲဖြစ်ဖြစ် မပေါ်တဲ့ error ဖြေရှင်းရအောင်
=============
Android>Data>.nomedia
ဖိုင်လေးကို Delete လုပ်ပေးလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်
 internal ထဲကော Sdcard ထဲကော ဖျက်ပေးလိုက်ပါ
Share:

Mi Model Check IMEI/SN Apk




Xiaomi ဖုန်းတွေ IMEI သိရုံနဲ့ ဘာမော်ဒယ်လဲ ဘယ်နှစ် GB လဲဆိုတာ
 စစ်ဆေးပေးမယ့် App
dead ပြီးလာတဲ့အခါမှာတော်တော်အသုံးဝင်ပါတယ်
နောက်ဖုံးခွာလိုက်ရင်မြင်ရတဲ့ IMEI နဲ့တိုက်စစ်လို့ရပါတယ်
Model မှားတင်မှာ ကြောက်ဖို့မလိုတော့ဘူး
လွယ်လွယ် dead နိုးတာပေါ့
小米 = Mi
ဥပမာ 小米5X = Mi5X
红米 = Redmi
ဥပမာ 红米Note 4X = Redmi Note 4X
Share:

True Smart 4.0 Max Plus Firmware

True Smart 4.0 Max Plus unlock firmware
ကိုအောက်က link မှာဒေါင်းပါ။
pass=LLပါ
Research downloader 6.0.0001နဲ့
Flashပါ FDL1,FDL2,System သုံးခုပဲ အမှန်ခြစ်
ကျန်တာဖြုတ်ရေးပါ။
Share:

Huawei Y5ll (CUN-U29) Flashtool Firmware

Huawei Y5ll (CUN-U29) flashtool firmware download link လေး
တင်ပေးလိုက်ပါသည်
အောက်ပါ link မှာ download ယူနိုင်ပါသည်
Zip Password = htetrkar
Share:

TTA Mi Myanmar Font MIUI 9.2+ ထွက်ပါပြီ

MIUI 9.2 တင်ပြီး Font change လို့မရတဲ့ error များအတွက် TTA Mi Myanmar Font MIUI 9.2+ လာပါပြီ
TTA Mi Font Lite တုန်းကလိုပဲ Font 35 မျိုးပါဝင်ပါတယ်။
Mi Account မလိုပါဘူး
ချိန်းနည်း
=======
၁။ Fontchange ကိုနှိပ်ပါ မိမိနှစ်သက်သောဖောင့်ကို နှိပ်ပါ
၂။ System Font ကိုနှိပ်ပါ
၃။ Default အောက်က ပုံမပါတဲ့ဖောင့်ကိုတချက်နှိပ်ပေးပါ
၎။ Apply နှိပ်ပြီး reboot နှိပ်ပါ
၅။ ဖုန်းပါဝါပိတ်သွားပါလိမ့်မယ် ပြန်တက်လာချိန်မှာ မြန်မာဖောင့်
ချိန်းခြင်းအောင်မြင်ပါပြီ။
အကူအညီခလုတ်တွင်
===============
၁။ ဖောင့်ချိန်းနည်း
၂။ ဖုန်းနံပါတ်ဖြင့် Mi Account ဖွင့်နည်း
၃။ China ROM လား Global ROM လားစစ်ဆေးနည်း
၎။ Facebook Link နှင့် Browser မြန်မာစာ မှန်အောင်ချိန်နည်း
၅။ ဖောင့်ချိန်းမရပဲ ပြန်ပြန်ထွက်သွားခြင်း error အတွက် theme clean ခလုတ်
၆။ Google App ဗားရှင်းအလိုက်ထည့်သွင်းနည်းများ
၇။ UC MINI Browser နှင့် Frozenkeyboard များ ပါရှိပါသည်။
Than Toe Aung
အောက်က မိမိနှစ်သက်ရာ ဆာဗာ များ မှာနှိပ်ပြီးဒေါင်းနိုင်ပါပြီ
ချိန်းနည်းပုံဖြင့်ကြည့်ရန်
================
https://www.facebook.com/permalink.php?story_fbid=411236092647655&id=411234332647831
ပါဝင်သောဖောင့်များ
=============
https://www.facebook.com/permalink.php?story_fbid=411235819314349&id=411234332647831
( သင်ဆရာ မြင်ဆရာ အားလုံး နှင့် Font Developer များ အာလုံးကိုအထူးကျေးဇုးတင်ရှိပါတယ် )
Credit: Sayar Than Toe Aung
Share:

Mi6 ခေါ် Mi Note 3 အသေးစားကို လေ့လာကြည့်ကြမယ်။

အနောက်တိုင်းမှာ သိပ်မကျော်ဇောပေမယ့်လည်း Mi 3 ကနေ အစပြုလို့ ကမ္ဘာအနှံ့ဖောက်ထွက်အောင်မြင်ခဲ့တဲ့ Xiaomi (ရှောင်းမီ) ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး ဖုန်းထုတ်လုပ်သူများထဲက တစ်ခုအပါအဝင် ဖြစ်လာခဲ့ပြီဖြစ်ပြီး ဖုန်း Company ဘီလူးကြီးတွေဖြစ်ကြတဲ့ Apple တို့ Samsung တို့နဲ့ ထိပ်တန်းနေရာတွေကို လုဖို့ ကြိုးစားနိုင်နေပြီဖြစ်တဲ့ အခြေအနေကို ရောက်လာခဲ့ရတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ သူ့ဆီကထုတ်လုပ်တဲ့ ဈေးသက်သာသလောက် ရေလည်စွာတဲ့ ထိပ်တန်းဖုန်းတွေကို အရေးတယူစောင့်ကြည့်ပေးနေကြရမှာ မဟုတ်ပါလား?
ပြီးခဲ့တဲ့ 19 ရက်နေ့ April လ 2017 ခုနှစ်မှာတော့ စောင့်ကြည့်ရကျိုးနပ်စေခဲ့တဲ့ Xiaomi ရဲ့ အကောင်းဆုံး ဖုန်းတစ်လုံးရဲ့ အတောက်ပဆုံးအချိန်ကို တွေ့မြင်ခဲ့ကြမှာပါ။
ပုံစံတွေ ၊ Specification တွေက နဂိုထဲက ထွက်ရှိခဲ့တဲ့ ကောလဟာလတွေနဲ့ အတော်များများ ကိုက်ညီနေခဲ့ပြီး မထင်ထားခဲ့တာတွေလည်း ပါဝင်မိတ်ဆက်ခံခဲ့ရပါတယ်။
#CPU_RAM_Storage
Mi 6 မှာ သုံးထားတဲ့ CPU ပိုင်းကို စကြည့်ရမယ်ဆိုရင် Samsung Galaxy S8 အပြင် လက်တစ်ဆုပ်စာတောင် မပြည့်လှတဲ့ ဖုန်းမော်ဒယ်အချို့ မှာသာ သုံးနိုင်သေးတဲ့ Qucalcomm ရဲ့ Chipset အကြမ်းစားကြီး Snapdragon 835 Octa-Core 2.45 GHz ကို သုံးထားတာတွေ့ရမှာပါ။
ဒါကို Storage 64 GB နဲ့ 128 GB ကိုယ်စီမှာ 6 GB LPDDR4X RAM နဲ့ ပင်တိုင်တွဲပေးလိုက်တော့ မြင်းကို ချိုတပ်ပြီး တောင်ပံဆင်ပေးလိုက်သလို ခွာတရှပ်ရှပ်နဲ့ ဇောင်းကြွနေမယ့်အပြင် လုပ်ငန်းဆောင်တာတွေကလည်း ဆီပေါ် ငါးရှဥ့်သွားသလို So Smooth ပဲပေါ့။
#Design
မသိသာတဲ့ ထူးခြားချက်တစ်ခုကတော့ Mi 6 ရဲ့ နောက်မျက်နှာပြင်မှာ သုံးထားတဲ့ Foursided 3D Curved Glass ပါပဲ။
လေးဘက်လေးတန် ခုံးနေရုံမကပဲ အစွန်းတွေမှာပါ လုံးနေတာကို တော်ရုံနဲ့ သတိထားမိကြမှာမဟုတ်ပါဘူး။
Foursided 3D Curved Glass တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။
အားမရလို့ နောက်မျက်နှာပြင်မှာ Glass မဟုတ်ပဲ Ceramic သုံးထားတဲ့ Edition မျိုးကွဲနောက်တစ်ခုပါ ထပ်ထုတ်ပါ့သဗျာ။
အရင်ကသုံးခဲ့တဲ့ Metal နဲ့ Aluminium Frame တွေနေရာမှာ အစားထိုးထားတဲ့ ချောမွေ့တောက်ပတဲ့ Stainless steel Frame ကိုလည်း ဘေးစွန်းကနေ အတိုင်းသား မြင်တွေ့နိုင်ပါလိမ့်မယ်။
Stainless Steel ရဲ့ အားသာချက်ဖြစ်တဲ့ အစင်းမထင်တာကို အသုံးချပြီး အရင်ဖုန်းမော်ဒယ်တွေတုန်းက ဘေးဘောင်ဆေးကျွတ်တာကို ဖာထေးချင်ပုံရပါတယ်။
Design အနေအထားကို ခြုံကြည့်လိုက်ရင် နွေးနေမှာပဲ
(နောက်တာနော်  )
Design အနေအထားကို ခြုံကြည့်လိုက်ရင် Foursided 3D Curved Glass နဲ့ Stainless Steel Frame ကို လှလှပပပေါင်းစပ်ပြီး သပ်ရပ်စွာ ရိုးရိုးရှင်းရှင်းလေးဖွဲ့စည်းပြသွားတာမို့ 5.15 လက်မအရွယ်ရှိတဲ့ Mi 6 ကို လက်တစ်ဖက်ထဲမှာပဲ ကောင်းမွန်စွာ ထိတွေ့ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။
#Display
မီးမရှိတဲ့နေရာမှာ ဖုန်းကြည့်ရင် မျက်စိပျက်တတ်တယ်လို့ ပြောတာ ကြားဖူးကြမှာပါ။
5.15 လက်မအကျယ် IPS LCD သုံး 1080 x 1920 Resolution နဲ့ 428 PPI ရှိတဲ့ Mi 6 ကတော့ ဖုန်းမျက်နှာပြင် အလင်းရောင် တောက်ပမှု့ကို 1nit အထိ လျှော့ချပေးကာ မှောင်နေတဲ့ ပတ်ဝန်းကျင်နဲ့ မျက်လုံးကို အသားကျစေပြီး အပြာရောင် အလင်းတန်းများရဲ့ နှောင့်ယှက်မှုကြောင့် မျက်စိလန်းပြီး အမြင်အာရုံ ပိုမိုထိခိုက်စေမှာကို အကာအကွယ်ပေးသက်သာစေမှာပါ။
ညဖက် စာဖတ်တတ်သူများအတွက်တော့ မျက်စိထိခိုက်မှုကို သက်သာရာရစေမယ့် Mi 6 နော် 
Screenမှာ 2K က 1080 P ဖြစ်တဲ့ Full HD ထက် ပိုကောင်းတဲ့အတွက် 2K နဲ့ထုတ်မယ် လို့ အသံထွက်ခဲ့ပေမယ့် တကယ်တမ်း ပွဲထွက်ခဲ့တော့ Full HD နဲ့ပါပဲ။
#Battery
အမှန်တော့ နေ့စဉ်သုံးရင် Full HD က လုံလောက်နေပါပြီ။
2K က စွမ်းအင်ပိုစားသုံးတဲ့အတွက် စားသုံးမှုသက်သာတဲ့ Full HD ရုပ်ထွက်နဲ့ Snapdragon 835 ရဲ့မောင်းနှင်အားက 3350 mAh Battery ထည့်ထားတဲ့ Mi 6 ကို တစ်နေ့တာအတွက် စွမ်းအားဖူလုံစေပါတယ်။
#Fingerprint
Mi 5sကို တည်ကြက်ထားပြီး စမ်းသပ်ခဲ့တဲ့ Ultrasonic Fingerprint နည်းပညာကို Mi 6 မှာလည်း ထပ်သုံးထားတာတွေ့ရပါတယ်။
လက်ဗွေတင်ရတဲ့နေရာမှာ ခလုတ်အနေနဲ့မဟုတ်ပဲ လက်တင်လို့လွယ်ပြီး နေရာမလွဲပဲ လက်ဗွေရာ သိလွယ်စေအောင် ချိုင့်ခွက်ပုံစံလေး ဖန်တီးပေးထားပါတယ်။
#Camera
Mi 6ရဲ့ အကောင်းဆုံးအပိုင်းလို့ ပြောရမလားပဲ။
Mi 6 Dual Camera ရဲ့ ဓာတ်ပုံရိုက်ကူးမှု့ နည်းပညာက iPhone 7 Plus နဲ့ ဆင်တူပါတယ်။
နောက်က Camera နှစ်လုံးမှာ တစ်လုံးကတော့ 12 Megapixels 1.25μm ရှိတဲ့ Wide-Angle Lens နဲ့ မြင်ကွင်းကျယ်ကျယ်ရိုက်နိုင်မှာဖြစ်ပြီး နောက်တစ်လုံးကတော့ 12 Megapixels 1μm ရှိတဲ့ Telephoto Lensနဲ့ ခပ်ဝေးဝေးကမြင်ကွင်းတွေကို ရိုက်နိုင်မှာဖြစ်ပါတယ်။
iPhone 7 Plus ကင်မရာတွေလို ခပ်ဝေးဝေးကမြင်ကွင်းကို Wide-Angle Lens ကနေကြည့်နိုင်ပြီး Telephoto Lens ကနေ မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်လို့ရသွားပါတယ်။
Portrait ပုံတွေမှာဆို Bokeh Effect လို ရှေ့ကြည် နောက်ဝါးတဲ့ ပုံအလန်းလေးတွေပါ ရိုက်လို့ရပါမယ်။
ပြီးတော့ Telephoto Lens ကနေ 2x Optical Lossless Zoom ချဲ့လို့ရပါတယ်။
(မှတ်ချက်။ ။ Optical Zoom နဲ့ Digital Zoom ဆိုပြီး ရှိပါတယ်။
Opitcal Zoom က ကိုယ်ရိုက်ချင်တဲ့အရာနား အနီးကပ်ကိုယ်တိုင်သွားရိုက်သလို ချဲ့ပေးတာမျိုးဖြစ်ပြီး Digital Zoom ကတော့ ကိုယ်ရိုက်ချင်တဲ့အရာကို အရွယ်အစားကို တတ်နိုင်သလောက် ချဲ့ပေးတာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် Optical Zoom နဲ့ ချဲ့တာက Digital Zoom နဲ့ ချဲ့တာထက် ပိုကြည်လင် ပြတ်သားပါတယ်။)
လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ကြည်ကြည်လင်လင်နဲ့ ဖမ်းယူနိုင်ဖို့ Lens ကို Adjust လုပ်ပေးတဲ့ 4-Axis OIS Stabilization ကို သုံးထားတဲ့အတွက် လက်မငြိမ်တဲ့သူတွေ သဘောကျကြမှာပါ။
နောက်ကင်မရာတွေမှာ ပန်းသီးထက်သာသွားတာကတော့ ဗိုက်ကြီးသည်လို မစူထွက်နေပဲ ချပ်ချပ်ရပ်ရပ်လေး နောက်ကျောနဲ့ တပြေးညီရှိနေတာပါပဲ။
ဒါကြောင့် ကင်မရာကြီး အပြင်ဖုထွက်နေပြီး ဟိုခြစ်ဒီခြစ် ထိခိုက်မိနေမှာ မစိုးရိမ်ရတော့ပါဘူး။
8 Megapixels ရှိတဲ့ Front Camera မှာတော့ လှသထက်လှစေမယ့် Intelligent Beauty Function နဲ့ မျက်နှာကို ထောက်လှမ်းသိမြင်စေတဲ့ Facial Recognition Function ပါပါတယ်။
#Charging
Type-C USB နဲ့ဖြစ်သွားပြီး Quick Charge 3.0 ကို ထောက်ပံ့ပေးပါတယ်။
#Wifi_And_Hotspot
Mi 6 ရဲ့ မမျှော်လင့်တဲ့ မိတ်ဆက်မှုတွေထဲမှာ အလန်းစားတစ်ကွက်ရှိတယ်။
Wi-Fi ကိုဖမ်းပြီး ပြန်လွှင့်နိုင်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ (Confirm ပါ။)
သဘောက တစ်ချို့နေရာတွေမှာ wifiကို ဖုန်းအလုံးရေ အကန့်အသတ်နဲ့ပဲ ထိန်းချုပ်ချိတ်ဆက်ခွင့်ပေးတဲ့အခါမှာ အဲ့ Wi-Fi နဲ့ ချိတ်ဆက်ခွင့်ရထားတဲ့ Mi 6 ကနေ Hotspot ပြန်လွှင့်ပြီး ကျန်တဲ့ Devices တွေကို သုံးခွင့်ပေးတာမျိုး လုပ်နိုင်မယ်လို့ ဆိုလိုတာပါ။
သိပ်ကို မိုက်တဲ့ လုပ်ဆောင်ချက် ဖြစ်သွားပါပြီ။
#Water_Restistance
ပထမဆုံး Xiaomi ရဲ့ Water Restistant ဖုန်းလို့ ဆိုရပေမယ့် IP 68 Water-Resistant Standard တောင်မမှီသေးတဲ့ Splash Resistant လို့ပဲ ပြောထားတဲ့အတွက် ရေအစင်ခံဖုန်းလို့ပဲ ဆိုရမလိုပါပဲ။
** (မှတ်ချက်။ ။ ရေစင်ပဲခံတာ ၊ ရေအစိမ်မခံဘူးနော်။ တော်ကြာ ရေထဲနှစ်နေကြမှာစိုးလို့။) **
#Speaker
Stereo အသံကောင်းကောင်းထွက်အောင် Dual Speakers ကို သုံးထားတဲ့အတွက် ကောင်းမွန်တဲ့ တေးသွားသံစဉ်တွေကို ခံစားခွင့်ပေးနိုင်မှာပါ။
#Bluetooth
သူကတော့ အဆင့်တက်သွားပါပြီ။ Bluetooth 5.0 ပါတဲ့။
#Network
GSM, WCDMA, CDMA ကို 800 MHz (voice only) ရပါတယ်တဲ့။
#Headphone_Jack
စိတ်မကောင်း အဖြစ်မိဆုံးကတော့ နားကြပ်ပေါက်ကို ပြဿနာသွားရှာတာကိုပါပဲ။
ဘာကြောင့် နားကြပ်ပေါက် ဖြုတ်လိုက်မှန်းမသိပေမယ့် Type-C Adaptor ခံပြီးမှ နားကြပ်ထိုး နားထောင်လို့ရတော့မယ်ဆိုတော့ အားကုန်ခါနီး သီချင်းကလည်း နားထောင်ချင်နေသေးရင် တစ်ချိန်တည်း အားသွင်းပြီး သီချင်းနားထောင်လို့မရတာကြီးက ခွကြီးကိုကျနေတော့မှာပဲ။
(သိပ်ရက်စက်တယ် လေကျွင်း)
#Colour
Black/ Blue/Silver White/ Ceramic Black
#Pros (ကောင်းတဲ့အချက်)
- စွမ်းအားမြင့် Snapdragon 835 Octa-Core 2.45GHz CPUကို သုံးစွဲထားခြင်း
- Wide-Angle Lensနဲ့ 2x Optical Lossless Zoom ရတဲ့ Telephoto Lensပါဝင်တဲ့အပြင် 4-axis OIS Stabilization ရတဲ့ Dual Camera တပ်ဆင်ထားခြင်း
- နောက်ကင်မရာ ဖုထွက်မနေခြင်း
- Stereo သံထွက်ပေးမယ့် Dual Speakers ထည့်သွင်းထားခြင်း
- လျင်မြန်သိလွယ်တဲ့ Ultrasonic Fingerprint ပါရှိခြင်း
- Splash Resistant ဆိုသလို ရေစင်ခံခြင်း
- ညအခါ ဖုန်းကြည့်ရင် မျက်စိထိခိုက်မှာကို ကာကွယ်ပေးခြင်း
- Mi 6 ကနေ ဖမ်းယူထားတဲ့ Wifi ကို Hotspot ပြန်ထောင်ပေးပြီး ပြန်လွှင့်ပေးလို့ရခြင်း
#Cons (မကောင်းတဲ့အချက်)
- 3.5 mm Headphone Jackကို အားအားယားယားဖျောက်လိုက်ခြင်း
- Quick Charge 4.0 ထိ ထောက်ပံ့ရမှာကို 3.0လောက်နဲ့သာ လျှော်ထားခြင်း
- 2K Resolution ရှိတဲ့ Screen မဖြစ်ခြင်း
- Batteryကို 3350 mAh သာ ထည့်ထားပေးခြင်း
- လက်ဆောင်အဖြစ် နားကြပ် ထည့်မပေးခြင်း
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် Mi 6 ဟာ S8 နဲ့ပဲ ယှဉ်ယှဉ် iPhone 7 Plus နဲ့ပဲ ယှဉ်ယှဉ် ဒီလို Specification မျိုးကို သူတို့ရဲ့ ခေါက်ချိုးဈေးလောက်နဲ့ ရောင်းသွားနိုင်တဲ့ Mi 6 က သာပြီးသားပါ။
ဒါကြောင့် ကျွန်တော့်အမြင်ရ တန်သမှ သိပ်သိပ်သိပ်တန်လွန်းတဲ့ဖုန်း လို့ ပြောပါရစေ။
Credit:Mbox-Tech
Share: