
Xiaomi ကပြီးခဲ့တဲ့အောက်တိုဘာလမှာတုန်းက ဘေးဘောင်အနားသတ်မဲ့ Concept စမတ်ဖုန်းအဖြစ် Mi Mix ကိုစတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။ ဖုန်းကိုတောက်ပြောင်လှပပြီးအပွန်းအစင်းဒဏ်အလွန်ခံနိုင်တဲ့အနက်ရောင်ကြွေကိုယ်ထည်နဲ့တည်ဆောက်ထားတာပါ။ ယခု ၂၀၁၇ ဇန်န၀ါရီ ၆ ရက်နေ့မှာတော့ ၄င်း Mi Mix ကိုပဲအဖြူရောင်ကြွေကိုယ်ထည်နဲ့ထပ်မံမိတ်ဆက်လိုက်တာပါ။Mi Mix ကိုအရောင်သစ်တစ်မျိုးနဲ့ထပ်မံမိတ်ဆက်လိုက်ပေမယ့် အတွင်း System ပိုင်း ၊ ကိုယ်ထည်အစိတ်အပိုင်းအချက်အလက်အသေးစိတ်ကတော့ ပြောင်းလဲမှုမရှိပါဘူး...