Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Xiaomi ရဲ့ Redmi Note 4X လာမည်

Xiaomi ရဲ့ Redmi Note 4X လာမည်
================================
Xiaomi Redmi Note 4 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်ရောင်းချတော့မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ အဆိုပါ စမတ်ဖုန်းကို Xiaomi Redmi Note 4X လို့ အမည်ပေးထားမှာ ဖြစ်ပြီး RAM အပိုင်းမှာ ယခင်မျိုးဆက်ထက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။ Redmi Note 4X ဟာ ယခင်မျိုးဆက်ထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။

Redmi Note 4X မှာ Helio X20 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ အချို့သတင်းများအရ Qualcomm Snapdragon 653 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်းထားပြီး Internal Storage မှာ 64GB ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် 32GB Storage Model ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

Redmi Note 4X မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး 2.5D Dual-Curved Glass ဖြင့် ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13 MP Camera တပ်ဆင်ထားပြီး PDAF နည်းပညာပါရှိပါတယ်။ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Android Marshmallow အခြေပြု MIUI8 ထည့်သွင်းထားမှာပါ။ Xiaomi ကတော့ အဆိုပါဖုန်းသတင်းကို တရားဝင် ပြောကြားခြင်း မရှိသေးပါဘူး။
Credit:digitaltimes.com.mm


Share:

0 comments:

Post a Comment