ဖုန်းဖြင့် Apple ID ပြုလုပ်နည်း
=================================
အရင်ဆုံး မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ။
ပြီးရင်အဆင်ပြေတဲ့ Free app တစ်ခုကိုဒေါင်းလိုက်ပါ။
ထိုအခါ Apple ID တောင်းပါလိမ့်မယ်။
Create New Apple ID ကိုနှိပ်လိုက်ပါ။
ပြီးသွားရင်တော့ Store ကို U.S လို့ရွေးပေးလိုက်ပါ။
Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ။
ကိုယ့်မှာရှိတဲ့ Gmail နဲ့ password ထည့်ပါ။
Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီးတော့ စာလုံးကြီးတစ်လုံးနှင့် ဂဏန်းတစ်လုံးပါဝင်ရမှာဖြစ်ပါတယ်။
ပြီးရင် Question နဲ့ Answer မှာ ကိုယ်မှတ်မိ လွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်လိုက်ပါ။
တော်တော်လေးအရေးကြီးပါတယ်။
တကယ်လို့ မိမိ Password မေ့သွားခဲ့ရင် ပြန်ဖြေပေးရမှာဖြစ်ပါတယ်။
ပြီးတော့ မွေးနေ့ ရက် လ တွေကိုအမှန်အတိုင်း ထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။
ကဲ အခု Billing Information ထည့်ရမည့် နေရာကို ရောက်ပါပြီ။
ဒီအဆင့်မှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။
အစတုန်းက Free app ကို Download
ဆွဲမလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။
None ကိုရွေးပေးလိုက်ပါ။
ပြီးရင် Title မှာ Mr/Ms ရွေးပါ။
ပြီးရင် First Name နဲ့ Last Name ထည့်ပါ။
ပထမ Address နေရာမှာ 22*99 လို့ရေးထည့်ပါ။
ဒုတိယ Address ကိုမဖြည့်ပါနဲ့။
City နေရာမှာ Asd12565 လို့ရေးထည့်ပါ။
State မှာ AZ-Arizona ကိုရွေးပေးလိုက်ပါ။
ပြီးရင် Zip နေရာမှာ 85123 လို့ရေးထည့်လိုက်ပါ။
ဖုန်းနံပတ်မှာ 520 5500854 ကိုထည့်ပါ။
ပြီးသွားရင် Next ကိုနှိပ်ပါ။
ပြီးသွားရင်တော့ Verify Your Account ဆိုပြီး ကိုယ့်ရဲ့Gmail မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ်။
Gmail app ထဲကိုဝင်ပြီး ခုဏထည့်ခဲ့တဲ့ Gmail ကို Signin လုပ်လိုက်ပါ။
အပေါ်ဆုံးမှာ Apple ကပို့ထားတဲ့ Mail တစ်စောင်ရောက်နေပါလိမ့်မယ်။
Mail ထဲကိုဝင်ပြီး Virify Now ကို နှိပ်လိုက်ပါ။
Browser ပွင့်လာရင် Gmail နဲ့ Password ကိုထည့်ပေးလိုက်ပါ။
Apple ID တစ်ခုပြုလုပ်လို့ပြီးပါပြီ။
www.togethermobile.org
Together Mobile Apk Download link
website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း
Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ
Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း
Apple ID ပြုလုပ်နည်း
Fastboot ROM နှင့်Recovery ROM အကြောင်း
Xiaomi firmware ကို ကနဦးအနေနဲ့ Recovery ROMနဲ့ Fastboot ROM ဆိုပီးနှစ်မျိုးအကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။
Recovery RO
Recovery ROM ကတော့ recovery ကနေတင်တာပဲ ဖြစ်ဖြစ် ဖုန်းတွင်းရှိ updater app ကနေ တင်တာပဲ ဖြစ်ဖြစ် သဘောတရားအတူတူ လုပ်ဆောင်နိုင်ပါတယ်။
#Fastboot ROM
Fastboot rom ကတော့ file format name အနေနဲ့ အခုနောက်ပိုင်းမှာ (.tgz ) နဲ့လာပါတယ် (7z)software ကိာအသုံးပြုပီးဖြည်နိုင်ပါတယ်။ဖြည်လိုက်ရက်တော့ အနည်းဆုံးမူလ file ထက် 1GB လောက်ပိုနိုင်တဲ့ file size တစ်ခုထပ်မြင်ရမှာပါ (.zip) ဖြစ်ပါတယ် အဆိုပါ zip file ကို ထပ်ဖြည်ရင်တော့ လိုအပ်တဲ့ firmware file တွေရရှိပါပြီ။
တင်နည်းကတော့ Fastboot mode ကနေ တင်ရမှာဖြစ်ပါတယ် ကွန်ပျူတာကိုအသုံးပြုပီး
Mi flash tool နဲ့တင်ရတာပါ အဓိကအသုံးပြုသူတွေကတော့ Service Techanician တွေနဲ့ End User အချို့သုံးကြပါတယ်။(နောင်အလျဉ်းသင့်သလိုဖော်ပြပေးပါဦးမယ်)
#Recovery ROM မှာတော့
Stable rom နဲ့ Dev rom(beta) ဆိုပီး နှစ်မျိုးထပ်ခွဲပါတယ် (version အကုန်လုံး (.zip) file format နဲ့လာပါတယ်)
Stable
နိုင်ငံတကာကိုတင်ပို့တဲ့အလုံးများမှာတော့ Global Stable ROM ကိုထည့်သွင်းမောင်းနှင်ပီးတော့ တရုတ်ပြင်တွင်းမှာတော့ China Stable ကိုထည့်သွင်းဖြန့်ချီပါတယ်။
Stable ဆိုတဲ့အတိုင်း သုံးရတာ တည်ငြိမ်ပြီး error လုံးဝမပါသလောက်ပါပဲ update ကတော့ လနဲ့ချီပီးကြာတတ်ပါတယ် error တစ်ခုခုပါလာခဲ့ရင်တော့ မကြာခင်မှာ ချပေးတတ်ပါတယ်။
Developer ROM(beta rom)
Developer rom မှာလည်း global developer နဲ့ china developer နှစ်မျိုးထပ်ကွဲပါသေးတယ်
လူသုံးအများဆုံးကတော့ China developer ဖြစ်ပီးတော့ ဦးစားအပေးခံရဆုံးကလည်း china dev rom သာဖြစ်တဲ့အတွက် global dev rom ကတော့ မသိသလောက်ပါပဲ
dev rom (beta) ကလည်းသူ့နာမည်နဲ့လိုက်ပါတယ် developer တွေရဲ့ ကနဦးစမ်းသပ်တိုးချဲ့မှု ပြင်ဆင်မွန်းမံမှုတွေကို stable user တွေထက် ဦးစွာတွေ့ကြုံမြည်းစမ်းရမှာဖြစ်ပါတယ် developer team အနေနဲ့ စမ်းသပ် ရေးသားမှုတွေကို အပတ်စဉ် ကြာသပတေး သောကြာ(များသောအားဖြင့်)နေ့တွေမှာ ထုတ်ပေးပါတယ် file size လည်း နည်းပါတယ် အကြီးစားပြောင်းလဲမှုတွေပါလာရင်တော့ full file နီးပါးဆွဲရတတ်ပါတယ် ဘာတွေပြောင်းလဲဆန်းသစ်ထားလဲဆိုတာသိချင်ရင် Change log ကိုဖတ်ရှုလို့ရပါတယ်။ developer rom မှာ beta ကတော့ user တိုင်းလွတ်လပ်စွာ ရယူသုံးစွဲနိုင်တယ့် အပတ်စဉ် rom တစ်ခုဖြစ် ပါတယ်။ ညစဉ်အသုံးပြုရတဲ့ Team member only အသုံးပြုခွင့်ရတဲ့ alpha rom ဆိုတာ ထပ်ပီးရှိနေပါသေးတယ် (Nightly rom) လို့ခေါ်ပါတယ်။ Cyanogen mode လိုပေါ့သူကတော့ custom rom လို့အကြမ်းဖျင်းသိနိုင်ပါတယ်)
developer (beta) rom user တွေကတော့ အစမ်းသပ်ခံ နဲ့ ဝေဖန်အကဲ ဖြတ်သူ report(feedback)ပေးသူတွေပေါ့ သူတို့ထက်ဦးသူကတော့ alpha userတွေပါ error ပါလည်း ခံ အသစ်အဆန်းပါလည်းအရင်ဆုံး စံရတဲ့သူတွေပေါ့လေ
ပီးရင်တော့ beta ပေါ့
Beta သမားတွေ က ဆူညံပူညံ လုပ်ရင်(ဆိုင်းဘုတ်ကိုင်ပီးလမ်းလျောက်ရင် 😜) နောင်လာမယ့် update မှာ ပြန်ပြင်ပေးတယ်...
အားလုံးနီးပါးပြည့်စုံသွားရင်တော့
အသင့်ခူးခပ်သုံးဆောင်သူတွေက Stable user တွေပေါ့ဗျာ။
ဒီလောက်ဆိုရင်တော့ rom အမျိုးအစားနဲ့ ကွဲ ပြားပုံတွေ အနည်းငယ်သဘောပေါက်လောက်ပီထင်ပါရဲ့။😉
မှတ်ချက်(global stable rom တွေမှာ International သုံးဖြစ်လို့ gapps တွေ build in ပါဝင်ပါတယ် ယခုနောက်ပိုင်းမှာတော့ Theme fontအသုံးပြုခွင့်မပေးတော့ပေ။ နိုင်ငံတကာ or google ၏ နည်းပညာဥပဒေစံနှုန်းနှင့်မညီညွတ်သေးလို့လို့အကြမ်းဖျင်းသိရသည်။ထို့အတွက်ကြောင့် zawgyi myanmar font အသုံးပြုလိုသူများအတွက် အခက်အခဲဖြစ်လာပါတယ်။
China Stable မှာတော့ gapps(Google Service appsများ)မပါဝင်ပါ တရုတ်ပြည်တွင်းသုံးဖြစ်တဲ့အတွက် တရုတ် app များသာထည့်သွင်းပေးထားပါတယ်။)သူကတော့ Theme font အသုံးပြုခွင့်ရှိပါတယ်။
dev rom တွေမှာလည်း China rom မှာ gapps တွေမပါပါ root build in ပါသော်လည်း ယခုနောက်ပိုင်းတွင် လုံခြုံရေးအရ အလွယ်တကူမပါတော့ပေ)
ယခုဖော်ပြခဲ့တာတော့ကျွန်တော် လေ့လာမှတ်သားမိသော မှတ်စုအချို့မှတင်ပြချင်းဖြစ်ပီး ကျွမ်းကျင်သူများအနေနဲ့ဖတ်ရှုမယ်ဆိုပါက ရယ်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုအပ်ချက်တွေမပြည့်စုံတာတွေရှိနေရင် ဖြည့်စွတ်ပေးခဲ့ကြပါလို့လေးစားစွာပန်ကြားအပ်ပါတယ်။
www.togethermobile.org
Mi
Mi Cloud အကြောင်း တစေ့တစောင်း
Mi Flash Toolအသုံးပြုပြီး Fastboot ROMတင်နည်း
http://en.miui.com/a-232.html
၉. Install ပြီးရင်တော့ Window 7,8မှာ ‘Run as administrator’နဲ့ MiFlashကိုဖွင့်ရပါမယ်။ ဒါနဲ့မဖွင့်ရင်လည်း rom flashတဲ့အချိန် error messageပြပါတယ်။