Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Mi Flash Toolအသုံးပြုပြီး Fastboot ROMတင်နည်း

Miရဲ့ qualcomm chipဖုန်းတွေကို fastboot romပြန်တင်ချင်ရင်ဖြင့် အောက်ပါနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ပါတယ်။
၁. ပထမဦးဆုံး Fastboot rom လိုပါအပ်လို့ ဆိုင်ရာဆိုင်ရာ fastboot romကို အောက်ကလင့်တွေမှာ ဒေါင်းရပါမယ်။
http://en.miui.com/a-232.html
၂. အကုန်ဒေါင်းပြီးရင် tgz archive fileကိုဖြည်ရပါမယ်။ ဒီနေရာမှာ zip fileတော်တော်များများဖြည်လို့ရပြီး freeရတဲ့ 7-zip softwareလေးကို ညွှန်းချင်ပါတယ်။ PCအတွက် 7-zip softwareလေးကို ဒီကယူလိုက်ပါ။ http://www.7-zip.org/download.html
ကိုယ့်ဆီမှာ ရှိပြီးသား archive ဖြည်နိုင်တဲ့ softwareက tgzကို ဖြည်နိုင်ရင်တော့ 7-zip မလိုပါဘူး။
၃. 7-zip install လုပ်ပြီးပြီဆို right clickထောက်ပြီး ‘Extract Here’ ကိုရွေးရပါမယ်။ ( file nameက romပေါ်မူတည်ပြီးကွဲပြားပါလိမ့်မယ်။ )
Fastboot1
၎. ဖြည်ပြီးရင် Folderတခုထွက်လာပါလိမ့်မယ်။ အဲ့ဒီ့ folderထဲကမှ နောက်ထပ် tar archive fileတွေ့ပါလိမ့်မယ်။ ( file nameက romပေါ်မူတည်ပြီးကွဲပါလိမ့်မယ်။ )
Fastboot2
Fastboot3
၅. Tar archive fileကို 7-zipကိုသုံးပြီး အောက်ပါပြထားတဲ့ပုံထဲကအတိုင်း ထပ်ဖြည်လိုက်ပါ။
Fastboot4
၆. ရလာတဲ့  နောက်ဆုံးfolderကို copyကူးပြီး C: drive အောက်ထဲထားရပါမယ်။ Folder nameမှာ spaceမပါရပါဘူး။ fileလမ်းကြောင်းက တိုတိုနဲ့ spaceမပါ special characterတွေမပါရင် errorမတက်ပါဘူး။ ဒီနေရာမှာ အများစုက desktopပေါ်ထားတာ လမ်းကြောင်းရှည်နေတာ spaceတွေပါနေတာကြောင့် errorတက်ကြပါတယ်။
Fastboot5
Fastboot6
၇. နောက်ပြီး rom flashဖို့ mi flash toolလိုတဲ့အတွက် သူ့ကို installလုပ်ရပါမယ်။ လိုတဲ့ exeကို ဒီလင့်ကနေဒေါင်းယူလိုက်ပါ။
၈. mi flash toolကို installလုပ်ရပါမယ်။ သူ့ကို ထည့်ဖို့က exeကို C: Driveအောက်ထဲမှာထားပြီးတော့ win 7,8 တွေမှာ ‘Run as administrator’နဲ့ installလုပ်ရင်ပိုကောင်းပါတယ်။
Fastboot7
၉. Install ပြီးရင်တော့ Window 7,8မှာ ‘Run as administrator’နဲ့ MiFlashကိုဖွင့်ရပါမယ်။ ဒါနဲ့မဖွင့်ရင်လည်း rom flashတဲ့အချိန် error messageပြပါတယ်။
Fastboot8
၁၀. Romလဲအဆင်သင့် MiFlashလဲအဆင်သင့် ဖြစ်ပြီမို့ ဖုန်းကို fastboot modeပြောင်းရပါမယ်။ မပြောင်းခင် ဖုန်းကို PCကသိဖို့တော့လိုအပ်ပါတယ်။ ဖုန်းကို PCကမသိရင်တော့ လိုအပ်တဲ့ driver installလုပ်ပေးဖို့လိုအပ်ပါတယ်( အောက်မှာ ဆရာကိုတင်ဌေးအောင်ရဲ့ adb driverထည့်နည်း သတ်သတ်ရှိပါတယ်။) ဒါ့အပြင် ဖုန်းထဲမှာလဲ MIUI versionကို ၇ချက်ဆက်တိုက်ပုတ်ပြီး  developer optionကိုဖွင့်ပေးပြီး developer optionထဲကမှ USB deuggingကို onပေးဖို့လိုအပ်ပါတယ်။ power deadနေတဲ့ဖုန်းများကတော့ တခြားနည်းလမ်းသုံးရမှာပါ။ ဖုန်းမှာ Fastboot modeပြောင်းဖို့အတွက် ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပါဝါလုံးဝကျသွားပြီဆိုရင် အသံတိုးတဲ့ခလုတ် (Volumn Down button) နဲ့ ပါဝါခလုတ် (Power button)ကို တပြိုင်နက်ထဲဖိထားလိုက်ရင် အောက်ကပြထားသလိုပေါ်လာရင် fastboot modeထဲရောက်ပါပြီ။
Fastboot9
၁၁. Fastboot modeထဲရောက်ပြီဆို usb cableနဲ့ ကွန်ပြူတာကိုချိတ်လိုက်ပါ။ ပြီးရင် MiFlashမှာ Refreshကိုနှိပ်လိုက်ရင် ဖုန်းကို ကွန်ပြူတာကသိတယ်ဆိုရင် MiFlashမှာ ဖုန်းရဲ့နံပါတ်လေးပေါ်လာပါတယ်။ mi flash toolအောက်မှာ ၃မျိုးရွေးလို့ရပါတယ်။ dataတွေ appတွေ downထားတဲ့ fileတွေအကုန်ပျက်ချင်ရင် Fash allပါ။ သိမ်းထားတာတွေကျန်ချင်ရင် Flash all except storageပါ။ dataရော သိမ်းထားတာရောမပျောက်ချင်ရင်တော့ Flash all except data and storageပါ။ ပြဿနာရှိလို့ firmwareပြန်တင်ချင်တာဆိုရင်တော့ flash allသုံးဖို့ အကြံပြုပါရစေ။
Fastboot10
၁၂. ဖုန်းလဲသိပြီဆိုရင်တော့ ခုနက romရှိတဲ့နေရာကို ညွှန်ပေးရမယ်ဆိုတော့ Browseကိုနှိပ်ပြီး ခုနက C: driveအောက်က rom folderကိုရွေးလိုက်ပါ။
Fastboot11
၁၃. ပြီးရင် ‘Flash’ ဆိုတဲ့ buttonကိုရွေးပြီး ဘားတန်းလေး အစိမ်းရောင်ပြည့်သွားတဲ့အထိစောင့်လိုက်ပါ။ 0x00000000 ပြတယ်ဆို ဘာerrorမှမရှိလို့ ဖုန်းက သူ့ဘာသာ rebootဖြစ်ပြီးတက်လာရင်တော့ အောင်မြင်စွာ fastbootကနေ flashပြီးပါပြီ။
Fastboot12
Share: