Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Fastboot ROM နှင့်Recovery ROM အကြောင်း

Xiaomi firmware ကို ကနဦးအနေနဲ့ Recovery ROMနဲ့ Fastboot ROM ဆိုပီးနှစ်မျိုးအကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။

Recovery RO
Recovery ROM ကတော့ recovery ကနေတင်တာပဲ ဖြစ်ဖြစ် ဖုန်းတွင်းရှိ updater app ကနေ တင်တာပဲ ဖြစ်ဖြစ် သဘောတရားအတူတူ လုပ်ဆောင်နိုင်ပါတယ်။

‪#‎Fastboot‬ ROM

Fastboot rom ကတော့ file format name အနေနဲ့ အခုနောက်ပိုင်းမှာ (.tgz ) နဲ့လာပါတယ် (7z)software ကိာအသုံးပြုပီးဖြည်နိုင်ပါတယ်။ဖြည်လိုက်ရက်တော့ အနည်းဆုံးမူလ file ထက် 1GB လောက်ပိုနိုင်တဲ့ file size တစ်ခုထပ်မြင်ရမှာပါ (.zip) ဖြစ်ပါတယ် အဆိုပါ zip file ကို ထပ်ဖြည်ရင်တော့ လိုအပ်တဲ့ firmware file တွေရရှိပါပြီ။

တင်နည်းကတော့ Fastboot mode ကနေ တင်ရမှာဖြစ်ပါတယ် ကွန်ပျူတာကိုအသုံးပြုပီး
Mi flash tool နဲ့တင်ရတာပါ အဓိကအသုံးပြုသူတွေကတော့ Service Techanician တွေနဲ့ End User အချို့သုံးကြပါတယ်။(နောင်အလျဉ်းသင့်သလိုဖော်ပြပေးပါဦးမယ်)

‪#‎Recovery‬ ROM မှာတော့
Stable rom နဲ့ Dev rom(beta) ဆိုပီး နှစ်မျိုးထပ်ခွဲပါတယ် (version အကုန်လုံး (.zip) file format နဲ့လာပါတယ်)
Stable
နိုင်ငံတကာကိုတင်ပို့တဲ့အလုံးများမှာတော့ Global Stable ROM ကိုထည့်သွင်းမောင်းနှင်ပီးတော့ တရုတ်ပြင်တွင်းမှာတော့ China Stable ကိုထည့်သွင်းဖြန့်ချီပါတယ်။
Stable ဆိုတဲ့အတိုင်း သုံးရတာ တည်ငြိမ်ပြီး error လုံးဝမပါသလောက်ပါပဲ update ကတော့ လနဲ့ချီပီးကြာတတ်ပါတယ် error တစ်ခုခုပါလာခဲ့ရင်တော့ မကြာခင်မှာ ချပေးတတ်ပါတယ်။
Developer ROM(beta rom)
Developer rom မှာလည်း global developer နဲ့ china developer နှစ်မျိုးထပ်ကွဲပါသေးတယ်
လူသုံးအများဆုံးကတော့ China developer ဖြစ်ပီးတော့ ဦးစားအပေးခံရဆုံးကလည်း china dev rom သာဖြစ်တဲ့အတွက် global dev rom ကတော့ မသိသလောက်ပါပဲ
dev rom (beta) ကလည်းသူ့နာမည်နဲ့လိုက်ပါတယ် developer တွေရဲ့ ကနဦးစမ်းသပ်တိုးချဲ့မှု ပြင်ဆင်မွန်းမံမှုတွေကို stable user တွေထက် ဦးစွာတွေ့ကြုံမြည်းစမ်းရမှာဖြစ်ပါတယ် developer team အနေနဲ့ စမ်းသပ် ရေးသားမှုတွေကို အပတ်စဉ် ကြာသပတေး သောကြာ(များသောအားဖြင့်)နေ့တွေမှာ ထုတ်ပေးပါတယ် file size လည်း နည်းပါတယ် အကြီးစားပြောင်းလဲမှုတွေပါလာရင်တော့ full file နီးပါးဆွဲရတတ်ပါတယ် ဘာတွေပြောင်းလဲဆန်းသစ်ထားလဲဆိုတာသိချင်ရင် Change log ကိုဖတ်ရှုလို့ရပါတယ်။ developer rom မှာ beta ကတော့ user တိုင်းလွတ်လပ်စွာ ရယူသုံးစွဲနိုင်တယ့် အပတ်စဉ် rom တစ်ခုဖြစ် ပါတယ်။ ညစဉ်အသုံးပြုရတဲ့ Team member only အသုံးပြုခွင့်ရတဲ့ alpha rom ဆိုတာ ထပ်ပီးရှိနေပါသေးတယ် (Nightly rom) လို့ခေါ်ပါတယ်။ Cyanogen mode လိုပေါ့򐐨သူကတော့ custom rom လို့အကြမ်းဖျင်းသိနိုင်ပါတယ်)
developer (beta) rom user တွေကတော့ အစမ်းသပ်ခံ နဲ့ ဝေဖန်အကဲ ဖြတ်သူ report(feedback)ပေးသူတွေပေါ့ သူတို့ထက်ဦးသူကတော့ alpha userတွေပါ error ပါလည်း ခံ အသစ်အဆန်းပါလည်းအရင်ဆုံး စံရတဲ့သူတွေပေါ့လေ
ပီးရင်တော့ beta ပေါ့
Beta သမားတွေ က ဆူညံပူညံ လုပ်ရင်(ဆိုင်းဘုတ်ကိုင်ပီးလမ်းလျောက်ရင် 😜) နောင်လာမယ့် update မှာ ပြန်ပြင်ပေးတယ်...
အားလုံးနီးပါးပြည့်စုံသွားရင်တော့
အသင့်ခူးခပ်သုံးဆောင်သူတွေက Stable user တွေပေါ့ဗျာ။

ဒီလောက်ဆိုရင်တော့ rom အမျိုးအစားနဲ့ ကွဲ ပြားပုံတွေ အနည်းငယ်သဘောပေါက်လောက်ပီထင်ပါရဲ့။😉
မှတ်ချက်(global stable rom တွေမှာ International သုံးဖြစ်လို့ gapps တွေ build in ပါဝင်ပါတယ် ယခုနောက်ပိုင်းမှာတော့ Theme fontအသုံးပြုခွင့်မပေးတော့ပေ။ နိုင်ငံတကာ or google ၏ နည်းပညာဥပဒေစံနှုန်းနှင့်မညီညွတ်သေးလို့လို့အကြမ်းဖျင်းသိရသည်။ထို့အတွက်ကြောင့် zawgyi myanmar font အသုံးပြုလိုသူများအတွက် အခက်အခဲဖြစ်လာပါတယ်။
China Stable မှာတော့ gapps(Google Service appsများ)မပါဝင်ပါ တရုတ်ပြည်တွင်းသုံးဖြစ်တဲ့အတွက် တရုတ် app များသာထည့်သွင်းပေးထားပါတယ်။)သူကတော့ Theme font အသုံးပြုခွင့်ရှိပါတယ်။

dev rom တွေမှာလည်း China rom မှာ gapps တွေမပါပါ root build in ပါသော်လည်း ယခုနောက်ပိုင်းတွင် လုံခြုံရေးအရ အလွယ်တကူမပါတော့ပေ)
ယခုဖော်ပြခဲ့တာတော့ကျွန်တော် လေ့လာမှတ်သားမိသော မှတ်စုအချို့မှတင်ပြချင်းဖြစ်ပီး ကျွမ်းကျင်သူများအနေနဲ့ဖတ်ရှုမယ်ဆိုပါက ရယ်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုအပ်ချက်တွေမပြည့်စုံတာတွေရှိနေရင် ဖြည့်စွတ်ပေးခဲ့ကြပါလို့လေးစားစွာပန်ကြားအပ်ပါတယ်။

 www.togethermobile.org 


Mi


Share:

0 comments:

Post a Comment