Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Pattern lock, Fingerprint, Password အစရှိတဲ့ Lock များကို ADB Command ဖြင့် Crack လုပ်နည်း



Lock Screen ထဲတွင် pattern or password များကို အသုံးပြုသူ အများစုကလုံခြုံရေးအတွက်
မိမိဖုန်းများတွင် အသုံးပြုလေ့ရှိကြပါတယ်၊ တစ်ခါတလေ ကိုယ်ပေးထားမိတဲ့ Password ကို
မမှတ်မိတော့ပဲ မေ့တတ်မျိုးဖြစ်တတ်ပါတယ်။

တကယ်လို့ မိမိဖုန်း Device တွင် Google Account ကိုသာ set up ပြုလုပ်ထားရင်
PIN များကို အလွယ်တကူ crack ပြုလုပ်ဖို့က လွယ်ကူပါတယ်၊ Google Account ကိုလည်း
မမှတ်မိတော့ဘူးဆိုရင်တော့ တစ်ခြားနည်းလမ်းထက် Crack ပြုလုပ်နည်းကပိုပြီး အဆင်ပြေပါတယ်။

ယခုပိုစ့်တွင် အခုနောက်ပိုင်း Android Device ဗားရှင်း 5.0/5.1 Lollipop များနဲ့
6.0/6.0.1 Marshmallow များအားလုံးကို Support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

XDA userရဲံ post တစ်ခုကို
အခြေခံပြီး lock screen security များဖြစ်ကြတဲ့ PIN, Password, Pattern or Fingerprint စသည်များကို crack လုပ်နည်းကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

လိုအပ်ချက်
=======
ဖုန်းမှာ USB debugging ကို Enable ပြုလုပ်ထားရပါမည်၊ တကယ်လို့ မပြုလုပ်ထားပဲ
Custom Recovery တွေထဲက TWRP Recovery ထည့်သွင်းထားခြင်းမျိုးရှိနေရင်တော့
ကွန်ပျူတာဖြင့် ADB Command များကို အသုံးပြုနိုင်မှာပါ။

Lock Screen Security များကိCrack ပြုလုပ်နည်း
============================
၁။ ADB Command များကိုအသုံးပြုနိုင်ရန်အတွက် USB debugging ကို
enable ပြုလုပ်ထားပါ (သို့) ဖုန်းကို TWRP Recovery Mode သို့ဝင်လိုက်ပါ။

တကယ်လို့ သင့်ဖုန်းတွင် TWRP Recovery ထည်သွင်းချင်တယ်ဆို၇င်တော့
အောက်ပါ Official TWRP လင့်တွင် ဒေါင်းလော့ရယူပြီး ထည့်သွင်းနိုင်ပါတယ်။

https://twrp.me/devices/

ADB & Fastboot.zip ဖိုင်ကိုဒေါင်းလော့ရယူလိုက်ပါ။

Download Here http://www.mediafire.com/download/ns2qrshuhstnqu7/adb%2Bfastboot%40ဇူးနစ်.rar

ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပေးပါ။

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ Commands များကို
တစ်ကြောင်းချင်းစီရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ။

adb devices
adb shell
cd data/system
rm locksettings.db
rm locksettings.db-shm

Process ပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာရင်တော့ သင့်ဖုန်းတွင် Lock Screen Security မရှိတော့ပါ။
Share:

Android ဖုန်းမှာ ဇော်ဂျီဖေါင့်ကို adb command သုံးပြီး ကိုယ်တိုင်သွင်းနည်း


ဖုန်းတစ်လုံးကို root ဖေါက်ပြီး မြန်မာစာသွင်းရတာ အလွန်ရိုးရှင်းလွယ်ကူလှပါတယ်။ မြန်မာဖေါင့်သွင်းဖို့ PC Tool တွေ APK တွေ root explorer သုံးပြီးသွင်းနည်းတွေ မြောက်များစွာ ရှိပါတယ်။ မိမိဖုန်းနဲ့သင့်တော်ရာ Application တစ်ခုခုကနေ အလွယ်တကူပဲ သွင်းလို့ရပါမယ်။
ယခုဖေါ်ပြပေးမှာက ဘာ application ကိုမှ မသုံးပဲ မိမိကိုယ်တိုင် adb command ကနေ zawgyi font install လုပ်မယ့်နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ပိုင် Tool အသေးစားလေးတွေ စတင်ရေးချင်တဲ့ မိတ်ဆွေတွေအတွက်လည်း အသုံးတည့်ပါလိမ့်မယ်။ ဒီနည်းလမ်းကို အသုံးချပြီး မြန်မာစာထည့်မယ် ဆိုရင် Android ဖုန်း 80% လောက်ကို မြန်မာစာမြင်ရအောင် လုပ်လို့ရပါတယ်။
အခြေခံအကျဆုံးနည်းလမ်းဖြစ်တာကြောင့် အခြားပြီးပြည့်စုံတဲ့ Font Changer တွေလိုတော့ ပြည့်စုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး နောက်နောင် ကျနော်တို့ ထပ်တင်ပေးမယ့် Lesson တွေကိုအစဉ်တစိုက်လေ့လာသွားရင် အတော်အသုံးဝင်တဲ့ ကိုယ်ပိုင် Android Service Tool တစ်ခု တည်ဆောက်နိုင်မှာ သေချာပါတယ်။
ယခု Project အတွက် ဇော်ဂျီဖေါင့်ကို ကိုကျော်စွာသွင်ရဲ့ SmartZawgyiPro.ttf ဆိုတဲ့ဖေါင့်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်မယ့်အရာတွေပြောပေးပါမယ်
၁. ဇော်ဂျီဖေါင့် (SmartZawgyiPro.ttf)
၂. adb ဖိုင်( adb.exe , AdbWinApi.dll, AdbWinUsbApi.dll ) နဲ့
၃. adb command နဲ့ adb shell command အနည်းငယ်လောက် ရိုက်တတ်ရင် သွင်းလို့ရပါပြီ
>>>>>ဇော်ဂျီဖေါင့် (SmartZawgyiPro.ttf)<<<<<<
ကျနော်တို့အသုံးပြုမည့် SmartzawgyiPro.ttf ကို မိမိမှာရှိပြီးသွားဖြစ်ခဲ့ရင်လည်း မိမိအသုံးပြုမယ့် Folder အလွတ်ထဲမှာ ထည့်ထားပါ။မရှိသေးရင် အောက်ပါ Link မှာ ရယူပါ။
SmartZawgyiPro.ttf
========================
http://www.mediafire.com/…/2hoaiwj34z83k…/SmartZawgyiPro.ttf
========================
• Download လုပ်လို့ရလာတဲ့ SmartZawgyiPro.ttf ကို Roboto-Regular.ttf လို့ နာမည်ပြောင်းလိုက်ပါ ။
(***စာလုံးပေါင်းမှားမှာစိုးရင် Copy-Paste လုပ်ပြီးသေချာကူးပါ မှားလို့မရပါဘူး။ )
>>>>adb ဖိုင်<<<<
adb command ကနေတစ်ဆင့် သွင်းမှာဖြစ်တဲ့အတွက် ADB ဖိုင်တွေလိုအပ်ပါမယ်။ ယခင် Tutorial အဟောင်းမှာ adb ဖိုင်ဒေါင်းလုဒ် လုပ်ပြီးသားဖြစ်ပါက ၄င်း adb ဖိုင်ကိုအသုံးပြုနိုင်ပြီး Download လုပ်ပြီးသားမရှိပါက အောက်ပါ Link မှ ရယူနိုင်ပါတယ်။
>>>>>> adb <<<<<<
=====================
http://www.mediafire.com/download/cr2f5xn2wlgd8gr/adb.zip
=====================
>>>>> ADB Command <<<<<
အခုဆိုရင် မိမိသွင်းမယ့်ဖေါင့်ရယ် ၊ အသုံးပြုရမယ့် adb ဖိုင်ရယ် ဖိုဒါအလွတ်ထဲမှာ စုထည့်ထားပြီးပါပီ။ စတင်လို့ရပါပြီ၊
• အဲ့ဒီ ဖိုဒါရဲ့နေရာအလွတ်တစ်နေရာကို Mouse တစ်ချက်ထောက်ပြီး ကွန်ပြူတာ ကီးဘုတ်ပေါ်က Shift ခလုပ်ကို ဖိပါ၊ Shift Key ကို ဖိထားလျက် အနေအထားအတိုင်း Mouse > Right Click ကို တစ်ချက်ထောက်ပေးပါ။
• ပေါ်လာတဲ့ MENU ထဲက Open command window here ဆိုတဲ့နေရာ ကိုရွေးပါ။ cmd box လို့ခေါ်တဲ့ comprompt box လေး ပေါ်လာပါမယ်။
!!! တကယ်လို့ cmd box မခေါ်တတ်ဘူးဆိုရင် adb_cmd.exe ဆိုတဲ့ဖိုင်လေးကို အောက်ပါ Link ကနေ Download ဆွဲပြီး ယခုလက်ရှိ အလုပ်လုပ်နေတဲ့ ဖိုဒါထဲမှာ အတူတူထားပေးပါ။
=====================
http://www.mediafire.com/downlo…/wh0sghwai44yw4b/adb_cmd.rar
=====================
ပြီးရင် အဲ့ဒီ adb_cmd.exe ဖိုင်လေးကို ကလစ် ၂ချက်ခေါက် ဖွင့်လိုက်တာနဲ့ cmd box လေး ပွင့်လာပါမယ်။
• ဖုန်းမှာ root ဖေါက်ထားပြီးသားဖြစ်နေပါစေ၊ • ဖုန်းကို U.S.B debugging ဖွင့်ထားပြီးသားဖြစ်နေပါစေ။
•ဖုန်းနဲ့ ကွန်ပြူတာနဲ့ USB ကြိုးသုံးပြီးဆက်လိုက်ပါ။ ( Driver သွင်းထားပြီး ဖြစ်နေပါစေ။ )
• အဲ့ဒီပေါ်လာတဲ့ cmd box ထဲမှာ adb command တွေ ရိုက်ထည့်ပါမယ်။
____________________________________
• အရင်ဆုံး adb devices လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။
• ဖုန်းနဲ့ ကွန်ပြူတာနဲ့ ချိတ်ဆက်မိသွားပြီဆိုတာနဲ့ cmd box ထဲမှာ Phone Serial Number ကို reply ပြန်ပါလိမ့်မယ်။ ဒါဆို စလို့ရပါပြီ။
• အောက်ပါ command တွေ တစ်ကြောင်းခြင်းရိုက်ထည့်ပြီး Enter ခေါက်သွားပါ။
• အားလုံးပြီးသွားလို့ရှိရင် စက်ပြန်တက်လာတာနဲ့ မိမိဖုန်းမှာ မြန်မာဖေါင့်မြင်ရပါလိမ့်မယ်။
>>>>>>>command<<<<<<<
=========================
adb push Roboto-Regular.ttf /data/local/tmp/Roboto-Regular.ttf
adb shell
su
mount -o remount rw /system
dd if=/data/local/tmp/Roboto-Regular.ttf of=/system/fonts/Roboto-Regular.ttf
chmod 644 /system/fonts/Roboto-Regular.ttf
reboot
============================
အပေါ်က command တွေတစ်ကြောင်းချင်း ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ ပြီးတာနဲ့ ဖုန်း restart ကျသွားမှာဖြစ်ပြီး စက်ပြန်တက်လာတာနဲ့ မြန်မာ ကီးဘုတ်တစ်ခုခု install လုပ်ပီး မြန်မာစာရိုက်လို့ရပါပြီ။
တစ်ကယ်လို့ command တွေရိုက်ဖို့အခက်အခဲရှိသူတွေအတွက် အဆင်သင့်လုပ်ပြီးသား Project Folder ကို အောက်ပါ Link မှာ ရယူနိုင်ပါတယ်။
* ဖြစ်နိုင်ရင်တော့ အပေါ်က Command တွေကို တစ်ကြောင်းချင်း အတိအကျ ရိုက်ပြီး စမ်းကြည့်စေချင်ပါတယ်။ လေ့ကျင့်ထားရင် နောက်သင်ခန်းစာတွေအတွက် ပိုမိုလွယ်ကူစေမှာပါ။
==========================
http://download1980.mediafire.com/…/Font+Install+project.rar
==========================
အပေါ်က download ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်ပြီး အထဲမှာပါတဲ့ install.bat ကို ကလစ် ၂ချက်ခေါက်ပေးလိုက်တာနဲ့ သူအလိုလို သွင်းပေးသွားပါလိမ့်မယ်။
===========================
Credit:MPPG (Mobile Phone Professional Group)

ADB နဲ့ပါတ်သက်ပြီး လေ့လာနေသူများအတွက် :)
Share:

Fastboot အသုံးပြုနည်းများ


Fastboot အသုံးပြုနည်းများ
============================
adb command တွေလိုပဲ fastboot မှာ command တွေ သုံးလို့ရပါတယ်
fastboot driver တွေတော့ သွင်းထားရပါလိမ့်မယ်
=====================
fastboot flash
partition တွေကို flash တဲ့အချိန် သုံးပါတယ်
ဥပမာ –
fastboot flash boot boot.img
fastboot flash recovery recovery.img
fastboot flash -S 500M system system.img {ဖိုင်ဆိုဒ်ကြီးတဲ့ system တွေ flash တာပါ }
==================
fastboot boot xxxxxxxx
fastboot mode ကနေ partition ကို အပီး မflash ပဲ အငှားတက်တဲ့ သဘောပါ
fastboot boot yourboot.img
fastboot ကနေပီး yourboot.img ကို သုံးပီး အငှားတက်တာပါ ဖုန်း ပါဝါပိတ်ပီး ပြန်ဖွင့်လိုက်ရင် မူလ အနေအထားအတိုင်း ပြန်ဖြစ်သွားမှာပါပဲ
fastboot boot yourRecovery.img
fastboot ကနေပီး recovery ကို အပီး မရေးပဲ အငှားတက်တာပါ
ခင်ဗျားသုံးထားတဲ့ yourRecovery.img ထဲကို ရောက်သွားမှာပါ
ဥပမာဗျာ..
Xperia Z တစ်လုံးဆိုပါတော့ root လုပ်ချင်တယ်ဆိုပါတော့
bootloader unlock လုပ်တယ် ပီးရင် သူနဲ့ သက်ဆိုင်တဲ့ custom recovery ရှာပီး fastboot ကနေ flash ပေးရပါတယ် အဲ့ဒီကတစ်ဆင့် root.zip ထည့်ပီင်္း root ဖေါက်တယ်ပေါ့
ကျနော်တို့ အနေနဲ့ custom recovery ကို အပီး မသွင်းပဲ
fastboot boot recovery.img ဆိုပီး သုံးလို့ ရပါတယ် custom recovery ထဲကို ရောက်သွားမှာဖြစ်ပီး restart တစ်ကြိမ်ဖြစ်လိုက်တာနဲ့ recovery ပြန်ပျောက်သွားပါလိမ့်မယ်
===============================
fastboot -w
bootloader unlock ဖြစ်နေရင် factory data reset ချလို့ ရပါတယ်
====================
fastboot oem get-bootinfo
Huawei ဖုန်းတွေကို bootloader unlock ဖြစ် မဖြစ် စစ်တဲ့ command ပါ
===================
fastboot getvar product
fastboot mode မှာ ထားပီး ဖုန်းရဲ့ product name ကို စစ်ဆေးတာပါ
တစ်ချို့ဖုန်းတွေမှာတော့ CPU ဘာလဲဆိုတာ ပြပေးပါတယ်
ဆိုနီတွေကိုတော့ ဒီနည်းနဲ့ ကိုယ်တင်ရမယ့် Firmware မမှားယွင်းရလေအောင် ရွေးချယ်လို့ရပါတယ် ဥပမာ သူက D6602 လို့ပြရင် ကိုယ်က D6603 မှား မတင်မိတော့ဘူးပေါ့
Xiaomi တွေမှာလည်း သုံးလို့ ရပါတယ် Firmware မှားတင်မိတာမျိုး မဖြစ်တော့ဘူးပေါ့ဗျာ
==========================
fastboot reboot
fastboot mode ကနေ phone ကို reboot လုပ်တာပါ
============
fastboot reboot-bootloader
fastboot mode ကနေ bootloader mode ကို သွားတာပါ
=========================
Ref:MPPG

ADB နဲ့ပါတ်သက်ပြီး လေ့လာနေသူများအတွက် :)
Share: