Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

GoogleInstaller_3.0.apk

GoogleInstaller_3.0.apk
=====================
Xiaomi မှ အသစ်ထွက်ရှိသော ဖုန်းများမှ
China Rom တင်ထားသော ဖုန်းများအတွက်
Google app Installer 3.0 apk လေးတင်ပေး
လိုက်ပါသည်။ဒီ googlelnstller apk မှာ
andriod version 7 and Android 8 ROMs
တင်ထားသော Mi ဖုန်းအားလုံးအတွက် အဆင်
ပြေပါသည်။
အောက်ပါ link မှာ download ယူနိုင်ပါ၏။
Share:

Google Apps များကို ကျွမ်းကျင်စွာ အသုံးပြုနည်းများ


“Google Apps များကို ကျွမ်းကျင်စွာ အသုံးပြုနည်းများ”

Google ဖန်တီးထားတဲ့ Apps များဟာ Play Store မှာ အကောင်းဆုံးများ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Apps များကို သင်ကျွမ်းကျင်စွာ အသုံးပြု တတ်ရဲ့လား? သင့်ဖုန်းကို ဘယ်လောက်ပဲအသုံးပြုပြု၊ ဘယ်ကနေပဲဝယ်ဝယ် သေချာတာတစ်ခုက Google Apps များကို ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ သူတို့ဟာ သင့်ရဲ့ Android မှာ အရေးကြီးတဲ့နေရာကနေ ပါဝင်နေသလို အသုံးပြုသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းဆောင်ချက် များစွာ ပါရှိပါတယ်။ ဒါ့အပြင်သူတို့ဟာ အသုံးပြုသူများ အကောင်းဆုံးမိုဘိုင်း အတွေ့အကြုံကို ခံစားရစေဖို့ပုံမှန် Updates များ ဖြန့်ချိပေးနေပါတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့ Devices များမှာ Gmail, Chrome, Photos တို့လို Apps များကို ထည့်သွင်းပေးထားပေမယ့်လည်း Android အတွက် Google က Apps ဘယ်လောက်များစွာကို တီထွင်ပေး ထားတယ်ဆိုတာကို သင်သိပါသလား? Play Store မှာရှာကြည့်ရင် Google Apps ပေါင်း ၅၀ ကျော်ရှိပြီး အများစုကို ကမ္ဘာအ၀န်းမှ Android Users သန်းပေါင်းများစွာက မသိကြပါဘူး။ အချို့ဆိုရင် Download အရေအတွက် ထောင်ဂဏန်းသာရှိ ပါတယ်။ ဒါပေမယ့် အဲဒီ Apps များမှာ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ရှိပါတယ်။

ဘယ်လို Android User မျိုးပဲဖြစ်ဖြစ် Google ရဲ့ Apps Suite များဟာ အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ကောင်းစွာအသုံးချတတ်ဖို့ လိုပါတယ်။ သင့်ဖုန်းမှာ အသုံးပြုဖို့ တကယ့်ကို လိုအပ်တဲ့ အဲဒီ Apps များရဲ့ အကောင်းစားစွမ်းဆောင်ချက်များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီထဲက အများစုကို အသုံးပြုနေသူများတောင် သိအုံးမှာမဟုတ်ပါဘူး။ အခုဖော်ပြ မယ့် နည်းလမ်းများကိုလေ့လာရင်တော့ မကြာမီ မှာ အကျွမ်းဝင်လာမှာပါ။ နည်းလမ်းများကို ကျွမ်းကျင်စွာသုံးတတ်ပြီဆိုရင်တော့ Google Apps များ ဟာ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာသိလာမှာပါ။ အများစုအတွက် အခြား Third-Party Apps များကို တောင် အသုံးပြုဖို့မလိုတော့ပါဘူး။ သင်အတွက် အသုံးဝင်မယ့် Google Apps များကိုသာ ရွေးချယ်ရမှာပါ။

<Chrome မှာ Site Permissions များကို စီမံခန့်ခွဲခြင်း>

<၀က်ဆိုက်များမှ အန္တရာယ်ရှိတဲ့ Permissions များကို ဖယ်ရှားနည်း>

Chrome ဟာ အကောင်းဆုံးမိုဘိုင်းဘရောက်စာတစ်ခုဖြစ်ပြီး Google က လည်း အမြဲတမ်းစွမ်းရည်မြင့် မားအောင် Update လုပ်ပေးနေပါတယ်။ Android ရဲ့ လုံခြုံရေးပြဿနာတစ်ခုကြောင့် Google က မကြာမီကပဲ Update တစ်ခုဖြင့်ဝက်ဆိုက်လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ် ပေးခဲ့ပါတယ်။ အဲဒီ စွမ်းဆောင်ချက် များထဲကတစ်ခုက ၀က်ဆိုက်များက တောင်းခံတဲ့ Permissions များကို စီမံခန့်ခွဲနိုင်ပြီး လိုအပ်ရင် Block လုပ် နိုင်ပါတယ်။ ရေရှည်မှာတော့ သင့် Device အတွက်ဝက်ဆိုက်များရဲ့ Permission အချို့ကို Block လုပ်တာဟာ အကျိုးကျေးဇူးရှိစေပါတယ်။ အဲဒီအတွက် အခုချက်ချင်းပဲ လုပ်ဆောင်ဖို့ အကြံပေးပါတယ်။

1. Settings ကို ဖွင့်ပါ။

Chrome Home Page ကိုဖွင့်ပြီးနောက်ညာဘက်ထိပ်မှ Menu Icon ကိုနှိပ် ပါ။ အဲဒီကနေ အောက် ကိုဆင်းပြီး Settings Tab ထဲသွားပါ။

2. Sites စာရင်း

Chrome ရဲ့ မူလ Settings Page ဟာ အနည်းငယ်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် အောက်ခြေနားမှ Site Settings Tab ကိုရှာဖွင့်ပါ။ ဖွင့်ပြီးတာနဲ့ စကရင်မှာ ပြသထားတဲ့ ၀က်ဆိုက်စာရင်းမှသင်နှစ်သက်ရာကို ရွေးချယ်ပါ။

3. Permissions များကို ကြည့်ပါ။

ဝက်ဆိုက်တစ်ခုစီရဲ့ စာရင်းမှာအဲဒီဝက်ဆိုက်က လက်ရှိမှာရယူထားတဲ့ Permissions စာရင်းကဏ္ဍကို တွေ့ရမှာပါ။ အများစုကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ Phone App နဲ့ Contact List ကို ရယူမယ့် Permission လိုမျိုး သင်မယုံကြည်ရတဲ့ အရာများကို မြင်နိုင်မှာပါ။

4. Block လုပ်ဖို့ ရွေးချယ်ပါ။

သင် Block လုပ်ချင်တဲ့ Permission တစ်ခုကို တွေ့ရင် စာရင်းကနေ အဲဒါကို ရွေးချယ်ပြီး ပေါ်လာတဲ့ Block Option ကိုနှိပ်ပေးပါ။ စာရင်းမှာပြသထားတဲ့ အခြားဝက်ဆိုက်များနဲ့ Permissions များကိုလည်း ဒီနည်းအတိုင်း Block လုပ်နိုင်ပါတယ်။

<Google Apps များနဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးချဲ့ပါ>

<သင် ဂိမ်းကစားတာကို ကမ္ဘာကို ပြသပါ>

Play Games မှ Record Option အသစ်ကိုရွေးချယ်ပြီး သင်ဂိမ်းကစားတာ ကို ကမ္ဘာကိုပြသပါ။ တိုက် ရိုက်ဗီဒီယိုထုတ်လွှင့်မယ့် Resolution ကိုလည်း ရွေးချယ်နိုင်ပါပြီ။ သင့်ရဲ့အင်တာနက်လိုင်းဟာ သိပ်မကောင်း ရင် 480p Video ကို ရွေးချယ်သင့်ပါတယ်။

<Collections မှာ ပို့စ်များကို Pin လုပ်ပါ>

Google + ရဲ့ Collection စွမ်းဆောင်ချက်က သင့်ရဲ့ အနှစ်သက်ဆုံးပို့စ် များကို တစ်နေရာထဲမှာ စုစည်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်းပို့စ်တစ်ခု ကို Pin လုပ်တဲ့အခါမှာ သင့်သူငယ်ချင်းများ နောက်တစ်ကြိမ် App ကိုဖွင့်ရင် မြင်တွေ့နိုင်ဖို့ Highlight လုပ်ထားနိုင်ပါတယ်။

<သူငယ်ချင်းများနဲ့ Playlists များ မျှဝေပါ>

Play Music မှာသင်နှစ်သက်တဲ့သီချင်းများအတွက် Playlist တစ်ခုကို ဖန်တီးပြီးတာနဲ့သူ့ရဲ့ ညာဘက်မှ Menu Icon ကိုနှိပ်
Share:

Mail ဟက်နည်း(သို့)Fake Login ပြုလုပ်နည်း


Fake Login Page ဆိုတာကတော့ Yahoo,Gmail စသဖြင့်သော site များနဲ့ ပုံစံဆင်တူရိုးမှားဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ဒီလို ပုံစံတူ Fake Login Page လုပ်ခြင်းအားဖြင့် အခြားသူများရဲ့ Password ကို ခိုးယူနိုင်အောင် ဖြစ်ပါတယ်။ ဒီ post မျာ Yahoo.com ရဲ့ fake login page ပြုလုပ်ခြင်းကို နမူနာပြမှာဖြစ်ပြီး ဒီ အဆင့်တွေအတိုင်းပဲ Gmail နဲ့ အခြားsiteများရဲ့ ပုံစံတူ fake login page တစ်ခုကို ပြုလုပ်နိုင်ပါတယ်...။
Fake Login Page ပြုလုပ်ခြင်းအဆင့်ဆင့် ကတော့........

၁။ အောက်မှပြထားတဲ့အတိုင်း Yahoo login page ရဲ့ URL ကိုသွားပါ။

    mail.yahoo.com

၂။ login page မှာ loading လုပ်တာပြီးသွားပြီဆိုရင် ၊ right click လုပ်ပြီး save page as နဲ့ အဲဒီ HTML file ကို save လိုက်ပါ။ (.mht file မဟုတ်ပါဘူး)

၃။ login page ကို save ပြီးသွားပြီဆိုရင်တော့ သင်ဟာ နာမည်တူညီတဲ့ HTML file တစ်ခုနဲ့ folder တစ်ခု ကိုတွေ့ရပါလိမ့်မယ်။

၎။ အဲဒီ folder ထဲမှာ လိုအပ်တဲ့ image နဲ့ အခြား အထောက်အကူပြု file များပြည့်ပြည့်စုံစုံ ပါ မပါ စစ်ဆေးပါ။ ပြီးရင် folder ကို "files" ဆိုပြီး rename ပေးလိုက်ပါ ။ (ဒါပေမယ့် rename ကို သင့် စိတ်ကြိုက်ပေးနိုင်ပါတယ်။) ပြီးရင် .HTML file ကိုလည်း yahoo.HTML ဆိုပြီး rename ပေးလိုက်ပါ။

၅။ ပြီးရင် .HTML file ကို WordPad တစ်ခုကိုအသုံပြုပြီး ဖွင့်လိုက်ပါ။ အဲဒီနောက် ယခု folder ထဲမှာ ရှိတဲ့ file တွေအားလုံးရဲ့ Link တွေကို သင့် rename ပေးထားတဲ့ link တွေနဲ့ ပြောင်းလဲရပါတယ်။
ဥပမာအနေနဲ့ HTML file ကို ဖွင့်လိုက်မယ်ဆိုရင် အောက်မှာပြထားသကဲ့သို့သော link တွေကို တွေ့ရှိရမှာဖြစ်ပါတယ်...

    src="login verify2 files/base.gif"


အခုအပေါ်မှာပြထားတဲ့ link လိုက် ခုနက rename ပေးထားတဲ့အတိုင်း...

    src="file/base.gif"

လို့ပြောင်းပေးရပါတယ်။
အခုပြထားတဲ့ ဥပမာအတိုင်းပဲ folder ထဲမှာ ရှိနေတဲ့ file တွေအကုန်လုံးရဲ့ Link ကိုပြောင်းပေးရမှာဖြစ်ပါတယ်။

၆။ action= ဆိုတဲ့ စာလုံးတွေကို လိုက်ရှာပါ။ အောက်မှာပြထားတဲ့ ပုံစံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

    action=https://login.yahoo.com/config/login?


အဲဒါကလည်း အောက်မှာပြထားတဲ့အတိုင်း Edit လုပ်လိုက်ပါ။

    action=https://yoursite.com/login.php


အခုအတိုင်းပြောင်းပြီးရင် save လိုက်ပါ။
(မှတ်ချက်။ login.php အတွက် သင့်ရဲ့ ကိုယ်ပိုင် code များနဲ့ ကိုယ်တိုင်ရေးသားနိုင်ပါတယ်။ မရေးတတ်ဘူးဆိုရင်လည်း Google မှာ login.php (Login*****) ဆိုပြီး ရှာရင်လည်း ရပါတယ်။
yoursite.com/... )

၇။ အခုပြောခဲ့တဲ့ အဆင့်တွေကို လုပ်ပြီးသွားပြီဆိုရင်တော့ သင့်ရဲ့ yahoo.HTML , "file" folder နဲ့ login.php ကို သင့်ရဲ့ web server သို့ upload လုပ်ရပါမယ်။
(မှတ်ချက်။ သင့်ရဲ့ host (web server) ဟာ PHP ကို supports လုပ် မလုပ်ဆိုတာ သေချာသိဖို့တော့ လိုအပ်ပါတယ်။)

၈။ login.php file မှာ ၀င်လာတဲ့ password တွေကို .TXT file နဲ့ save ဖို့အတွက် သီးသန့်စီစဉ်ထားဖို့လိုပါတယ်။ ပြီးရင် user ကို မူလ login page (mail.yahoo.com) ကိုရောက်အောင် လိပ်စာပြန်ညွှန်းပေးဖို့လိုပါတယ်။

၉။ ကဲ...အခု yahoo.HTML ရဲ့ URL ( ဆိုလိုတာကတော့ yoursite.com/yahoo.HTML) ကို အခြားသူတွေဆီ ပို့လိုက်မယ်ဆိုရင် သူတို့ fake login page ထဲမှာ login လုပ်လိုက်တဲ့အခါ login.php က username နဲ့ password ကို သင့်ရဲ့ site မှာရှိတဲ့ .TXT file မှာ save ပါလိမ့်မယ်။ အဲဒီ .TXT file ကို download ချပြီးကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ password တွေကို သင်တွေ့ရမှာဖြစ်ပါတယ်။
--------
Ref - မုဆိုးဖိုဆိုဒ်မှ
Share:

Google Chrome ရဲ့လျှို့ဝှက်ချက်၃၀

၂၀၀၈ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ google ကနေ web browser တစ်ခုကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ‘chrome’ လို့ အမည်ရတဲ့ အဒီ browser ရဲ့ လျှို့ဝှက်ချက် ကလေးများကို ဖော်ပြလိုက်ရပါတယ်။
  1. ‘chrome’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။
  2. Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ် ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ် တစ်ခုကို ဖန်တီးပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။
  3. Alt နဲ့ home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။
  4. ‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ်ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။
  5. “icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။
  6. ‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ်လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ်အသုံးဝင်ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။
  7. Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။
  8. စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။ ‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။
  9. (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။v
  10. Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။
  11. သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည်ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အ၀ါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။
  12. ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက်ပေးထားပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။
  13. Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ်လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်းရရှိပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ ‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အ၀ ပြန်လည်ရရှိပါလိမ့်မယ်။
  14. History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက်နှိပ်ရပါမယ်။
  15. Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။
  16. ‘Ctrl နဲ့ J’ ကို တွဲဖက်နှိပ်တဲ့အခါမှာ ‘download’ လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။
  17. ‘download’ page ကို ရှင်းလင်း ချင်တယ်ဆိုရင်တော့ link တစ်ခုချင် အလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက ‘Remove’ ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။
  18. ‘Ctrl နဲ့ K’ ဒါမှမဟုတ် ‘Ctrl နဲ့ E’ ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ဖြစ်ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် ‘google.com’ ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။ အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ်သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက်တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ “?” ပုံစံလေး ပေါ်လာပါလိမ့်မယ်။
  19. Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager’ ကို ရွှေးချယ်လိုက်တဲ့အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့ အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။
  20. ‘Shift နဲ့ Escape’ ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။
  21. add-ons ကိုတော့ chrome မှာ plug-ins လို့ပဲ လတ်တလော မှာ ခေါ်ဆိုပါသေးတယ်။ address bar မှာ ‘about: plugins’ ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။
  22. Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။
  23. about: stats about: network about: histograms about: memory about: cache about: dms
  24. ‘about: crash’ ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။
  25. Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေးတစ်ခုကတော့ “about: internets” ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။
  26. chrome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာright click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် “inspect element” ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသားဖို့ပါ။ Developer တွေအတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
  27. Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ ‘tools’ button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ ‘Basics’ tab ကို click နှိပ်ပြီး ‘Make Google chrome my default botton’ ကို click နှိပ်လိုက်ရုံပါပဲ။
  28. အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools>options>under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး’security section’ ကိုရွေးပါ။ အဲဒီမှာ ’show cookies’ ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
  29. History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် tools icon အောက်မှာရှိတဲ့ ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
  30. တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင်လည်း ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
  31. Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည် ခေါ်ယူလို့ ရပါတယ်။
Share:

Google Image ရဲ့လျှို့ ဝှက်ချက်များ

  • တကယ်လို့ လူတစ်ယောက် အကြောင်းကို သိချင်ပြီ ဆိုရင် google web ဟာ အတိအကျ မကူညီ နိုင်ပါဘူး။ “www.google.com” ရဲ့ ပင်မ Search မှာ ရှာသင့်တာက အဲဒီလူ(ယောက်ျား သို့မဟုတ် မိန်းမ)ရဲ့ နာမည်ကိုသာ ရအောင်ရှာပါ။ ပြီးရင် ‘copy’ ကူးပြီး ‘image.google.com’ ကို သွားပါ။ အဲဒီ ကူးထားခဲ့တဲ့ နာမည်ကို ‘paste’ လုပ်ပါ။
  • စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို သိချင်တယ် ဆိုရင်လည်း အဲဒီလို ပါပဲ။ စကားလုံးကိုသာ ‘အမိအရ’ ရှိပါစေ။ ပုံတွေနဲ့ တစ်ဆင့် ရှာဖွေ နိုင်ပါတယ်။
  • Google ဟာ ‘Flickr.com’ လို website ကောင်းတွေရဲ့ image တွေကို သုံးစွဲ ထားတာဖြစ်ပါတယ်။ တကယ်လို့ ‘image.google.com’ မှာ ကိုယ်ရှာဖွေလိုက်တဲ့ image ရဲ့ အောက်ခြေမှာ ’source’ ရှိပါတယ်။ အဲဒီထဲကမှ ‘flickr’ ကိုပြန်လည် ရွေးချယ်ပါ။ တူရာတူရာ ပုံရိပ်တွေ အများအပြား ရရှိ လာပါလိမ့်မယ်။
  • စိတ်ကြိုက်ပုံရိပ်ကလေးတွေ ရရှိဖို့အတွက် ပုံရိပ်အမည်ကို စာရိုက်ပြီး ရှာဖွေတာ ထက်စာရင် website ကောင်းတွေဆီကနေ တစ်ဆင့် ရှာဖွေတာ ပိုကောင်းပါတယ်။ ဥပမာ image search box မှာ “wired.com” ဒါမှမဟုတ် ‘economist.com’ ဆိုပြီး ရိုက်လိုက်ပါ။ အဲဒီ website တွေမှာ သုံးစွဲထားတဲ့ ပုံရိပ်တွေထဲကမှ ကိုယ့်စိတ်ကြိုက် ပြန်လည် ရှာဖွေပါ။
  • ကိုယ့်ရဲ့ desktop အတွက် လိုချင်တဲ့ wallpaper တွေကိုတော့ Image Search မှာ customise လုပ်ပြီး ရှာဖွေ ကြည့်နိုင်ပါတယ်။ အငယ်စား၊ အလတ်စား၊ အကြီးစား စတဲ့ ရွေချယ်မှုတွေ ထဲကနေ ‘Large file’ ကို စစ်ထုတ် ယူနိုင်ပါတယ်။
  • ဒစ်ဂျစ်တယ် ကင်မရာတွေဆီကနေ ထွက်ပေါ်လာတဲ့ နာမည်တွေနဲ့ ရှာဖွေတဲ့ နည်းတစ်မျိုး ရှိပါသေးတယ်။ ဒါဟာ ပုဂလိက ပိုင်းဆိုင်ရာ ပုံရိပ်တွေကို ရှာဖွေတာ ဖြစ်တဲ့အပြင် upload တင်တဲ့အချိန်မှာ နာမည်ပြောင်းလဲပြီး သုံးစွဲနိုင်တဲ့ အတွက် အားတော့ မကိုးစေချင်ပါ။
  • ထင်ရှားတဲ့ ပန်းချီဆရာ၊ ကာတွန်း ဆရာတွေကို ဆိုရင် သူတို့ရဲ့ လက်ရာ၊ ဒါမှမဟုတ် နာမည်နဲ့ တစ်ဆင့် ရှာဖွေနိုင်ပါတယ်။ ဥပမာ ‘ဝေါ့ဒစ္စနေ’ ဒါမှမဟုတ် “Tom and Jerry” စသဖြင့်ပေါ့။
  • GreaseMonkey ရဲ့ Script နှစ်ခုကို install လုပ်ပါ။ အလွယ်ကူဆုံးနဲ့ သုံးစွဲသူအချိန်ကုန် သက်သာစေဖို့ ဖန်တည်းထားတဲ့ အတွက် ကျေနပ်စရာပါ။ ပထမ script ဟာ ‘google large view’ လို့ခေါ်ပါတယ်။ (http://addons.mozilla.org/en-US/firefox/addon/89)(image38)
    1. ရရှိလာတဲ့ search result တွေရဲ့ ပုံရိပ် မသဲမကွဲ ဖြစ်နေရင် ‘pointer’ ထောက်လိုက် တာနဲ့ ပုံကြီး ချဲ့ ပေးပါတယ်။ဒုတိယ script ကတော့ ’search preview’ လို့ခေါ်ပါတယ်။ (http://addons.mozilla.orglen.US/firefox/addon/zll)
    2. google,yahoo နဲ့ တခြား နာမည်ကြီး search engine တွေမှာ အလုပ်လုပ်ဖို့ web search ကိုရော ‘Thumbnail’ ကိုရော တစ်ပြိုင်နက်တည်း မြင်ရပါမယ်။
  • စကားလုံးတွေရဲ့ အရောင်တွေကို ဖွေရှာပါ။ ဥပမာ အားဖြင့် ပန်းချီ ကားတစ်ချပ်ကို ရှာဖွေချင်တဲ့ အခါမှာ ပန်းချီ ဆရာရဲ့ အမည်နဲ့ ရှာဖွေ နိုင်သလို ပန်းချီကားရဲ့ အမည်နဲ့လည်း ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင်မှာ ဥပမာ စီးပွါးရေး အတွက်ဆိုရင် ‘အ၀ါရောင်’၊ စိမ်းလန်းမှု ကမ္ဘာမြေရဲ့ သင်္ကေတဆိုရင် ‘အစိမ်းရောင်’ တွေရဲ့ color code တွေနဲ့လည်း ရှာဖွေနိုင်ပါတယ်။ Google ရဲ့ color code ဟာ စကားလုံး တစ်ခုချင်းစီမှာ မတူညီတဲ့ code ကလေးတွေ ရှိနေပါတယ်။
  • Google Grab ဆိုတာဟာ thirdparty software ငယ်ကလေး တစ်ခုပါ။ ကိုယ့်ရဲ့ Search results ကို ပိုမို တောက်ပစေအောင် စွမ်းဆောင်ပေးပါတယ်။ (image 40)(http://www.sas21.de/apps/webimagegrab/3.4MB ပမာဏ ရှိတဲ့ program ငယ်လေးကိုတော့ dowmload ရယူရပါမယ်။
Share:

Google စွယ်စုံကျမ်း ဖြစ်အောင် ဘယ်လိုလုပ်ယူမလဲ။

MP3 သီချင်းတွေကို google ကနေ ဘယ်လို ရှာဖွေမလဲ၊ အတိုင်းအတာယူနစ်တွေနဲ့ အဓိပ္ပယ် ဖွင့်ဆိုချက်တွေ အပြည့်အစုံ ရရှိနေတဲ့ google ရဲ့ လျှိုရ၀ှက်ချက်တွေ……….

၁။ ဂဏန်းတွက်စက်တစ်လုံးလိုအသုံးပြုနိုင်တယ်

သင့်စားပွဲပေါ်မှာ လက်ကိုင် ဂဏန်းတွက်စက် မရှိလို့များ အခက်အခဲ ကြုံရလိမ့်မယ်လို့ တွေးကြောက်နေစရာ မလိုပါဘူး။ google ကို ဂဏန်းတွက်စက် (caculator) လို့ သဘောထားပြီး သုံးစွဲနိုင်ပါတယ်။ ဂဏန်းတွက်စက်မှ တကယ့်ကို အဆင့်မြင့်နည်းပညာ သုံးစွဲထားတဲ့ online caculator တစ်ခုလို သုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ညီမျှခြင်းတွေ၊ ပုံသေနည်း တွေအားလုံးကို google အင်ဂျင်က ခွင့်ပြုပါတယ်။ လိုချင်တဲ့ အဖြေတွေအတွက် google search box ထဲကို ရိုက်ထည့်လိုက်ရုံပါပဲ။ သင်ယခင်က သာမန် search လုပ်ခဲ့တဲ့ display အတိုင်းကို ပြသပေးမှာပါ။ သိပ်လွယ်ပါတယ်။ အခြေခံအဆင့် Algebra တွက်ချက်နည်းတွေ ဖြစ်တဲ့ addition (ပေါင်းခြင်း)၊ subtraction (နုတ်ခြင်း)၊ Multiplication (မြှေက်ခြင်း)၊ division (စားခြင်း) စတဲ့ အချက်အလက်တွေကို ပြုလုပ်နိုင်ပါတယ်။ (ဥပမာအားဖြင့် ၂ နှင် ၃ ကို ပေါင်းချင်တဲ့အခါ (2+3) ပြီးရင်တော့ Enter ခေါက်ပေါ့။
ဥပမာ ၁၀ ကို ၂ ဖြင့် စားချင်တဲ့အခါ (10/2) ဆိုပြီး (slash) button ကို သုံးစွဲနိုင်တာပေါ့။
အဲဒီ ပေါင်း၊ နုတ်၊ မြှောက်၊ စားလောက်ကို google က စာကို မဖွဲ့တာတချို့ ဂဏန်းတွက်စက်တွေလို ဂဏန်းအလုံးရေ (၁၀လုံး၊ ၁၂ လုံး စသဖြင့်) ကန့်သတ်ထားတာ မရှိဘဲ စိတ်ကြိုက် တွက်ချက် နိုင်ပါတယ်။ ဒါဟာ တကယ့် သိပ္ပံ ပညာရှင် တွေနဲ့ သင်္ချာ မာစတာ သမားတွေ ကိုင်ဆောင် ကြတဲ့ လက်တွေ့ အသုံးချ တွက်ချက် နည်းစနစ် ကိရိယာ အကြီးစား တစ်ခုလို ပါဘဲ။ တြီဂို နိမေတြီ (sin-cos-tan) ဆိုတဲ့ functions တွေ တန်ပြန် တွက်ချက်မှု (cosin-cosec-cotan) စတာတွေ၊ hyperbolic functions (ထပ်ကိန်း စနစ် ပုံသေနည်း) နဲ့ လောဂရစ်သမ် စနစ် တွေက အစ တွက်ချက် နိုင်ပါတယ်။

၂။ ဂဏန်းသင်္ချာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေကိုနားလည်တယ်။

အံ့သြဖို့ကောင်းတာက google ဟာတွက်ချက်မှုပိုင်းဆိုင်ရာ ဖော်ပြချက်မျိုးစုံနဲ့ သိပ္ပံနည်းပညာနယ်ပယ်မှာသာ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေ ဝေါဟာရတွေ ပုံသေနည်းတွေကိုပါ သိရှိထားပါတယ်။ pi ( ) Avogadro number, Planck’s constant, ကမ္ဘာမြေကြီးရဲ့အချင်း၊ နေစကြ၀ ရဲ့ အလေးချိန်၊ ထုထည်၊ အလင်ရဲ့ အလျင်၊ ဆွဲငင်အားနဲ့ ပက်သက်တဲ့ ကိန်းဂဏန်းအရေအတွက်တွေ စတဲ့ စတဲ့ ဝေါဟာရ ဖော်ပြချက်မျိုးစုံကို သိထားပါတယ်။ (ဥပမာအားဖြင့် pi တန်ဖိုး အတိအကျကို သင့်အနေနဲ့ ဇဝေဇ၀ါဖြစ်ပြီး မသဲမကွဲဖြစ်နေရင် ဒီအတိုင်း စမ်းကြည့်ပါ။
ဥပမာ (၁)
၁။ google.com ဟုရိုက်ပါ။
၂။ Search box မှာ ‘pi’ ဟု ရိုက်ပါ။
၃။ Enter ခေါက်ပါ။
၎။ 3.14159265 ဆိုတဲ့ အဖြေကို ရလိမ့်မယ်။
(ငယ်ငယ်တုန်းက (pi) စက်ဝိုင်းတစ်ခုရဲ့ အလျားကို =3.14 လို့ သင်ကြား ဖူးခဲ့ရ သ ဖြင့် google
အဖြေသည် လက်ခံချင် ဖွယ်ရာ မဟုတ် ပါလား။)
ဥပမာ (၂)
အလင်းရဲ့ အလျင်ကို သိချင်ရင်….
၁။ google.com ဟုရိုက်ပါ။
၂။ google.search box မှာ ’speed of light’ ဟု ရိုက်ပါ။
၃။ 299, 792, 458 m/s
m/s ဆိုတာက mile per Second ပါ။( တစ်စက္ကန့်မှာ ရောက်တဲ့ခရီးရဲ့ အကွာအဝေးကို မှိုင်နှုန်းဖြင့် ဖော်ပြ ထား ခြင်း ဖြစ်ပါတယ်။)

၃။ အတိုင်းအတာယူနစ်တွေကိုလည်း ပုံသဏ္ဍန်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။

နောက်ထပ် အံ့သြစရာ ကောင်းတာတစ်ခုက အင်ဂျင်ထဲမှာ ရှိတဲ့ နည်းစနစ်က လက်ကိုင် တွက်စက်တွေလိုပဲ မိုင်တွေ၊ မီတာတွေ၊ ဖာလုံတွေ၊ အလင်းနှစ်၊ စက္ကန့်၊ ၁၄ရက် တစ်ကြိမ် စတဲ့ အရာအားလုံးကို သူသိနေတယ်။ သိရုံတင် မဟုတ်ပါဘူး။ မူလယူနစ်ကို နောက်ထပ် အတိုင်းအတာ ယူနစ်တစ်ခု အဖြစ် ပြောင်းလဲ ပေးနိုင် စွမ်းရှိပါတယ်။ အဲ သုံးရမယ့် keyword တွေနဲ့ သင်္ကေတလေးတွေကိုတော့ သိထားရမှာပေါ့ လေ။ google ကတော့ ‘x’ ဆိုတဲ့ ပထမ unit ကို ဒုတိယ unit ဖြစ်လာဖို့ ‘in’ ဆိုတဲ့ word ကို သုံးပါသတဲ့။ နားရှုပ် သွားပါသလား။ တွက်ချက်ပုံနဲ့ အဖြေ ရှင်းထုတ်ပုံတွေက အလွယ်လေးပါ။ ဥပမာ ဆိုရရင် တစ်မီတာမှာ ပေဘယ်လောက် ရှိသလဲ။ တွက်ကြည့်စမ်းပါဆိုရင် ဘယ်လောက်ကိုများ သတိ ရမှာပါလိမ့်။ နောက်ဆုံးပေါ် ဂဏန်း တွက်စက်တွေလား၊ ဒါမှမဟုတ် ရှေးယခင်က လေယာဉ်ပျံတံဆိပ် ပေတံ အဟောင်းလေးလား၊ ‘M’ တံဆိပ် သံကွန်ပါဘူးလေးလား၊ ဘာကိုမှ အတွေးမှား မနေပါနဲ့ အခုအတိုင်း ကြိုးစားကြည့်ပါ။
၁။ google.com ဟုရိုက်ပါ။
၂။ google search box မှာ ‘1 meter in feet’ ဆိုပြီး ရိုက်ပါ။
(တစ်မီတာမှ ရှိတဲ့ ‘ပေ’ ယူနစ်ပေါ့) ! “in” ဆိုတာ syntax ပါ။ ဒါဆိုရင် တစ်မီတာမှာ ရှိတဲ့ ပေ
အတိ အကျ ရလာပါလိမ့်မယ်။
နောက်ဥပမာတစ်ခုက ဖန်ခွက်လတ် တစ်ခုမှာ လက်ဖက်ရည်ဇွန်း (ငယ်) ဘယ်လောက်ပါဝင်သလဲ။ ရှာကြည့်ရအောင်…
၁။ google.com ဟုရိုက်ပါ။
၂။ half a cup in teaspoons
ဒေါ်လာ ၁၀၀ မှာ Euro ဘယ်လောက်ရှိလဲ။ ၁ ဒေါ်လာမှာ မြန်မာကျပ် ဘယ်လောက် ရှိသလဲ စသဖြင့် တွက်ချက် ကြည့် နိုင်ပါတယ်။ ! သူ့ရဲ့ ပုံသေနည်း ဒါမှမဟုတ် syntax က x first in second unit ! Search box မှာ ” ” မသုံးရပါ။

၎။ အဘိဓာန်တစ်ခုလိုလည်း သုံးစွဲနိုင်ပါတယ်။

dictionary တစ်ခု လိုချင်တယ်။ များသော အားဖြင့် သုံးလေ့ သုံးထ ရှိကြတဲ့ အဘိဓာန် နဲ့ ပတ်သက်တဲ့ Website တွေကို မသိဘူး ဆိုရင် google ကိုပဲ အဘိဓာန် စာအုပ်တစ်အုပ်လို သဘော ထားပြီး သုံးစွဲ နိုင်ပါတယ်။
ဥပမာ …chatting ဆိုတာဘာလဲ၊ (what is chatting) ဆိုတဲ့ အဖြေကို ရရှိဖို့ အတွက် google ရဲ့ search box မှာ ဒီအတိုင်း ကြိုးစားပါ။
၁။ google.com ဟုရိုက်ပါ။
၂။ search box မှာ what is chatting ရိုက်ပါ။(? အမှတ်အသား ထည့်ဖို့ မလိုပါ။)
၃။ ရလာတဲ့ အဖြေစာရင်းတွေနဲ့ ထိပ်ဆုံးမှာ chatting ဆိုတဲ့ စကားလုံးရဲ့ ဖွင့်ဆိုချက်ကို ရှင်းပြထားပါတယ်။
၎။ နောက်တစ်ကြောင်း ဖြစ်တဲ့ “definition in context” ဆိုတဲ့ Link စာမျက်နှာကတော့ သက်ဆိုင်ရာ webpage ဆီကို အရောက်သွားနိုင်ဖို့ အကောင်းဆုံး လမ်းညွှန်ချက်ပါ။
၅။ အဆိုပါ ‘what is chatting ‘ ဆိုတဲ့ စကားစုံကို ဝါကျထဲမှာ သုံးစွဲပုံ သုံးစွဲနည်းကို နမူနာအနေနဲ့ ဖော်ပြထားပါသေးတယ်။

၅။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်းရရှိနိုင်ပါတယ်။

စကားလုံး အသစ်၊ အသစ်တွေဟာ အမြဲမပြတ် ထွက်ပေါ်နေတတ်တာမို့ တစ်ခါတရံမှာ ကိုယ်သိချင်တဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် မရရှိပဲ ဖြစ်တတ်ပါတယ်။ အဲဒီ အခက်အခဲကို google ဟာ ကူညီဖြေရှင်းပေးပါတယ်။ ကောင်းပြီ ဒါဆိုရင် အခုတလောမှာ လူပြောသူပြော များလာတဲ့ ‘p2p’ လို့ အတိုကောက် ခေါ်ဆိုကြတဲ့ ‘peer to peer’ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာကြည့်ကြရအောင်…
၁။ google.com ဟုရိုက်ပါ။
၂။ search box မှာ define: “peer to peer ” ဟုရိုက်ပါ။ (define ဆိုတာက google ကသတ်မှတ် ပေးထားတဲ့ operator တစ်ခုဖြစ်ပြီး အဲဒီလို ဖွင့်ဆိုချက်

(definitions) တွေကို ရည်ညွှန်းပါတယ်။)
၃။ peer to peer ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို စနစ်တကျနဲ့ သေချာစွာ စာမျက်နှာထဲမှာ အပြည့်အဝ ရှင်းလင်း ပြသပါလိမ့်မယ်။
၎။ မှတ်သားဖို့ တစ်ခုရှိတာကတော့ (operator) define ကို သုံးစွဲတဲ့

အခါမှာ ပါဝင်ရမယ့် သင်္ကေတတွေ အပြည့်အဝပါဝင်ဖို့ လိုပါတယ်။
Semicolum(;) နှင့် open comma, close comma (”,”) တွေ

ပြုတ်ကျန်နေခဲ့လို့ မရပါဘူး။
! define: “သင်ရှာလိုသော စကားလုံး” ဆိုတဲ့ ပုံသေနည်းကိုသာ

အလွတ်နည်းပါး မှတ်သားဖို့ လိုပါတယ်။

၆။ တိကျတဲ့ အချက်အလက် တွေရှိတယ်။

ဘွဲ့ယူစာတမ်းတင်ဖို့၊ သေချာခိုင်မာတဲ့ ဖြီးလုံးဖြန်းလုံးတွေ မဟုတ်တဲ့ အချက်အလက်တွေ လိုအပ်နေပြီဆိုတော့ google ကို အားကိုးနိုင်ပါတယ်။ (များသောအားဖြင့် google အပါအဝင် spider engine တွေဟာ အဖြေတွေကို မရေမတွက်နိုင်အောင် ဖေါ်ထုတ်ပေးတတ်ကြပေမယ့် အလိုချင်ဆုံးအဖြေဟာ Search result ရဲ့ ထိပ်ဆုံးနားမှာ ရှိတတ်ပါတယ်။) သတင်းရင်းမြစ်တွေ ရှိပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း key လေးတွေကို တိုလိုရှင်း ထည့်ပေးနိုင်မှ ဖြစ်မှာပါ။ ပုံသေနည်းမှန်မှ အဖြေမှန်မယ့် သဘောပါပဲ။
ဥပမာ (၁) စာရေးဆရာကြီး မတ်တွိုင်း ရဲ့ မွေးရပ်ကို သိချင်ရင်…
- birth-place mark twin
ဥပမာ (၂) ကုလသမဂ အတွင်း ရေးမှုးချုပ် ဟောင်း ဦးသန့်ရဲ့ မွေးရက်နဲ့ ချက်မြုပ် ဇာတိကို သိချင်ရင်…
- birth-place U Thant
ဥပမာ (၃) ကိုရီးယားကြယ်ပွင့်လေး ရိန်းကိုတော့ သူ့ နာမည်ရင်း ဖြစ်တဲ့ Jung Ji Hoon နဲ့ ရှာပါ။

၇။ သတ်ပုံတွေ အလိုအလျှောက် ပြင်ဆင်ပေးတယ်။

မင်းသမီးတစ်ယောက်ရဲ့ ပုံတွေကို ရှာဖွေချင်တဲ့ အခါမှုာ search box မှာ ရိုက်လိုက်မိပါတယ်။ (ပဲရစ်ဟီတန်) ဆိုတဲ့ စကားလုံးအတွက် (peris-hetton) ဆိုပြီး ရိုက်လိုက်တဲ့ အခါမှာ google ရဲ့ search results ရဲ့ ထိပ်ဆုံးမှာ တောက်ပတဲ့ အပြာရောင်နဲ့ (…..) ကို မေးတာလားဆိုပြီး ပြင်ဆင်ပေးပါတယ်။
ဒါဟာ ဘယ်လို စကားလုံး၊ စကားစု မျိုးအတွက်မဆို အလိုအလျှောက် ပြင်ဆင်ပေးတဲ့ “spelling checker” တစ်ခုပါ။ ဒါကြောင့် နောက်နောင်မှာ အမည်နာမ မေ့သွားလို့ဖြင့် ပြဿနာတက်စရာ မရှိပါဘူး။ နည်းနည်းတော့ ဥာဏ်သုံးပြီး စဉ်းစားရမှာပေါ့။ လူကို မှတ်မိတယ်။ နာမည်ကို အလွတ်မရဘူး။ ထိုသူရဲ့ website ကို ရှာဖွေချင်တယ်ဆိုရင်…
၁။ images.google.com ကို ခေါ်ပါ။
၂။ search box မှာ ကိုယ် မှတ်မိသမျှ အမည်နာမကို ရတတ်သလောက် ရိုက်ထည့်ပါ။
၃။ google ကနေ အမှား ပြင်ဆင်ပေးပါမယ်။
၎။ ရလာတဲ့ image တွေမှာ ကိုယ်သိထားတဲ့ လူရဲ့ ပုံပန်းသဏ္ဍာန်ကို ရှာဖွေပြီး ထိုနေရာမှ တစ်ဆင့် copy ကူးပြီး google ရဲ့ သာမန် search box ထဲမှာ paste လုပ်ပါ။
၅။ Enter ခေါက်ပါ။
၆။ အဲဒီအခါမှာ အလွန်ကို လွယ်ကူချောမွေ့စွာနဲ့ လိုချင်တဲ့ အဖြေကို ရရှိသွားပါလိမ့်မယ်။

၈။ လိုချင်တဲ့ အဖြေတစ်ခုပဲ လိုချင်လျှင်

လူတိုင်းလိုလိုကတော့ သတင်းရင်းမြစ်များများ ရရှိတာကို ကြိုက်နှစ်သက်ကြပါတယ်။ဒါမှလည်း အားလုံးကို ခြုံငုံသုံးသပ်နိုင်မှာလေ။ ဒါပေမယ့် လူတချို့ကတော့ တိကျတဲ့၊ မှန်ကန်ပြည့်စုံတဲ့ အဖြေတစ်ခုတည်းကိုသာ တောင့်တကြလေ့ ရှိကြပါတယ်။ ဆိုပါစို့ ‘ဘယ်သူဟာ ကွန်ပျူတာ ဗိုင်းရပ်စ်ကို စတင် တီထွင်ခဲ့ ပါသလဲ’ ဆိုပြီး ရှာဖွေလိုက်တဲ့အခါမှာ ရလာတဲ့ အဖြေပေါင်း ခြောက်သောင်းကျော်လောက် ကြားမှာ မူးနောက်နောက်ဖြစ်ပြီး ဟိုဟာပဲ မှန်သလိုလို၊ ဒီဟာပဲ မှန်သလိုလို တွေ့ရှိခံစားဖူးပါလိမ့်မယ်။ အဲဒီ ကိစ္စကို ကူညီဖို့ search engine လောကမှာ google တစ်ယောက်သာ အဆင်သင့် ရှိတာပါ။ ဒီလို ကြိုးစားကြည့်ရအောင်-
၁။ google.com ရိုက်ပါ။
၂။ Search box မှာ ‘first inventer of computer virus’ ဟုရိုက်ပါ။

ပြီးလျှင် Enter မခေါက်ပါနှင့် ’search buttom’ ကို နှိပ်ပြီး မရှာဖွေခိုင်းလိုက်ပါနှင့်။
၃။ search buttom ဘေးမှာရှိတဲ့ ‘I am feeling lucky’ဆိုတဲ့ buttom ကို နှိပ်လိုက်ပါ။
၎။ အပြည့်စုံဆုံး အတိကျဆုံးနှင့် အမှန်ကန်ဆုံး အဖြေရှိတဲ့ website ထဲကို ရောက်ရှိ သွားပါလိမ့်မယ်။
၅။ များသောအားဖြင့် အဲဒီ အဖြေဟာ wikipedia လို့ ခေါ်တဲ့ ကမ္ဘာ့စွယ်စုံကျမ်းထဲမှာ ရှိနေတတ်ပါတယ်။
ဒါကြောင့် အဲဒီ link ဟာ wiki ရဲ့ စာမျက်နှာမှာ ခေါင်းစဉ်နဲ့အတူ အဆင်ပြေပြေ ဖတ်ရှုနိုင်ပါတယ်။

၉။ ဧရိယာ အမှတ်အသားတွေလည်းနားလည်တယ်။

Email တွေ ယူတဲ့အခါမှာ ဧရိယာ code ကို ထည့်သွင်းပေးခဲ့ရဖူးတယ် မဟုတ်ပါလား။ တကယ်လို့ သင်ဟာ နိုင်ငံခြားမှာ ရောက်နေခဲ့တဲ့ လူတစ်ယောက်ဆိုရင် ရန်ကုန်က ဖုန်းနံပါတ် ၃၈၇၃၀၅ ဆိုတဲ့ ဖုန်းနံပါတ်ကို နှိပ်ဖို့အတွက် ၀၉၅-၀၁-၃၈၇၃၀၅ ဆိုတာကို နှိပ်ရမှာပါ။ အဲဒီ အရှေ့ ဆုံးက (၀၉၅) ဆိုတာဟာ မြန်မာနိုင်ငံရဲ့ area code ပါ။(၀၁) ဟာရန်ကုန်ရဲ့ area code ပေါ့။ ဒါကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  အတွင်းမှာရှိတဲ့ ၃၈၇၃၀၅ ကို ချိတ်ဆက်ပေးပါလို့ ဆိုတာပါ။ ဒါကို google မှာ ရှာဖွေ ကြည့်လိုက်ပါ။

၁၀။ အပြည်ပြည်ဆိုင်ရာ ရာသီဥတု အခြေအနေတွေကိုလဲ သိရှိထားတယ်။

တစ်နေရာဆီ ခွဲခွာနေရလို့များ သင့်ရဲ့ ဇာတိချက်မြှုပ်မြေမှာ ဘယ်လိုမျိုး ရာသီဥတု ဆိုးရွားမှုတွေကို တွေ့ကြုံနေရပါလိမ့် ဆိုပြီး တွေးတော သောကဖြစ်နေစရာ မရှိပါဘူးခင်ဗျာ။ ရန်ကုန်က မိုးလေဝသ အခြေအနေကို သိချင်ရင် ….
၁။ google.com ရိုက်ပါ။
၂။ Search box မှာ yangon weather ဟုရိုက်ပါ။
၃။ နေပူမိုးရွာ ပုံစံလေးကို ကာတွန်းပုံ သင်္ကေတလေးတွေနဲ့ကို ပြသပေးမှာ ဖြစ်ပြီး အောက်မှာ ရှိနေမယ့် Link ကတော့ အသေးစိတ် သိချင်သူတွေ ဆက်လက် လျှောက်လှမ်းသွားနိုင်မယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။

၁၁။ ဘာသာပြန် ဆရာကောင်း တစ်ယောက်လည်း ဖြစ်တယ်။

ဥပမာ အားဖြင့် ဂျပန်နိုင်ငံမှာ ဖွင့်လှစ် သင်ကြားနေတဲ့ ကျောင်းတွေကို လေ့လာချင်လို့ ရိုက်ကြည့်လိုက်တဲ့ အခါမှာ http://www.iujac.jp/j/ ကို စမ်းသပ်ကြည့်ပါ။ ဂျပန် ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ home page ကို သာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတွက် ??? တွေနဲ့ အဓိပ္ပာယ် ပြန်ဆိုလို့ မရနိုင်တဲ့ page တွေမှာ ယခင်အချိန်တွေ တုန်းကတော့ status bar အားကိုးနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ ဒီအတိုင်းကြိုးစားကြည့်ပါ။
၁။ google.com ရိုက်ပါ။
၂။ ဖွင့်မရ၊ ကြည့်မရ ဖြစ်နေတဲ့ လိပ်စာကို copy ကူးပြီး search box မှာ paste လုပ်ပါ။
၃။ Enter ခေါက်ပါ။
၎။ ပေါ်လာတဲ့ search မှာ ရှိတဲ့ ‘translate this page’ ကို Click နှိပ်ပါ။
၅။ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထားတဲ့ home page တစ်ခုကို google မှ ဖန်တီးပေးပါလိမ့်မယ်။
google ရဲ့ translation page ဟာ ဘာသာစကားပေါင်း ၂၀ ကျော်ကို ပြန်ဆို ရရှိနိုင်တဲ့ အတွက် အာရေဗျ နဲ့ အီတလီ တို့လို ဖတ်ရခက်တဲ့ ဘာသာစကားတွေနဲ့ ရေးသားထားတာကြောင့် website ကလေး လှပလို့ လှည့်ပတ် ကြည့်ရှုချင်သူတွေရဲ့ မချင့်မရဲ ဖြစ်တဲ့ စိတ်တွေ ပြေပျောက်စေမှာ အသေအချာပါပဲ။

၁၂။ ရုပ်ရှင် ဗီဒီယိုသတင်းတွေကိုလည်း သူသိတယ်။

တလောက ရုံတင်သွားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်ကို သတိရတယ် မဟုတ်လား။ မင်းသားက လူကြမ်းမျက်နှာပေးနဲ့ ငနဲလေး၊ ဒီလို movie သတင်းမျိုး လောက်ကတော့ google အတွက် အသေးအမွှားလေးတွေပေါ့။
၁။ google.com ဟုရိုက်ပါ။
၂။ Movie:Casino Royale ဟု search box မှာရိုက်ပါ။
အဖြေကတော့ ၁၉၆၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ မူလရုပ်ရှင် Casinon Royale ရဲ့ အကြောင်းအရာကိုရော၊ ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဒန်ရီရယ်ခရိတ် ပါဝင်တဲ့ ဇာတ်ကားအကြောင်းကိုရော Review တွေတင် ဖတ်ရမှာ မဟုတ်ဘဲ Casino Royale ရဲ့ ကျောရိုးဖြစ်တဲ့ စုံထောက်ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေ အကြောင်းကိုပါ သိရှိရမှာ ဖြစ်ပါတယ်။

၁၃။ ဂီတရဲ့ လျှို့ ဝှက်ချက်တွေလည်းရှိနေတယ်။

google ဟာ ဗီဒီယို ရုပ်ရှုင် တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ သီချင်းဂီတတွေ အတွက်ပါ အသုံးဝင်ပြီး ကျော်ကြားထင်ရှားတဲ့ ဂီတ သမားပေါင်း ထောင်ချီပြီး သူ့ရဲ့ server ထဲမှာ စုပေါင်း သိမ်းဆည်း ထားသလိုပါပဲ။ Search box မှာ လိုချင်တဲ့ အနုပညာရှင်ရဲ့ နာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ မိုက်ကယ်ဂျက်ဆင် ဆိုပါတော့၊ google ကနေ အလွှာသုံးခု၊ အပိုင်းသုံးပိုင်းနဲ့ ခွဲခြားပြီး ပြသပေးပါလိမ့်မယ်။
ပထမပိုင်း (Artists) ဆိုတာကတော့ “Michael Jackson” ဆိုတာကို ရိုက်ပြီး ရှာဖွေခဲ့တဲ့အတွက် “မိုက်ကယ်” နဲ့ “ဂျက်ဆင်” မျိုးနွယ်စုတွေနဲ့ တူညီတဲ့ အမည်နာမရှိတဲ့ အနုပညာရှင်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။
ဒုတိယ (Albums) ကတော့ မိုက်ကယ်ဂျက်ဆင် သီဆိုခဲ့တဲ့ သီချင်းခွေတွေ အယ်လ်ဘမ် cover အဖုံးတွေကို ဖော်ပြထားပြီး အဲဒီ အယ်လ်ဘမ်တွေထဲမှာ ဘယ်လို သီချင်းမျိုးတွေ ပါဝင်သလဲ ဆိုတာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။
တတိယ (songs) ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေနဲ့ တည်ရှိနေတဲ့ store တွေရဲ့ တည်နေရာနဲ့ လိပ်စာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အဆိုတော် တစ်ယောက်ရဲ့ သီချင်းခွေတွေနဲ့ နှစ်သက်တဲ့ သီချင်းတွေကို ရှာဖွေကြည့်ဖို့အတွက် keyword ကတော့ “music:” ဖြစ်ပါတယ်။

၁၄။ google စွယ်စုံကျမ်း ဖန်တီးနိုင်ခြင်း။

၁။ firefox browser ကို ဖွင့်ပါ။
၂။ http://www.google.com ရိုက်ပါ။
၃။ Search box မှာ သိချင်တဲ့ စကားလုံး၊ ဥပမာ- ‘hacker’ ကိုရိုက်ပါ။မြင်နေရတဲ့ မြင်ကွင်းဟာ သမရိုးကျ google ရဲ့မြင်ကွင်းပါ။ ဒါကို google နဲ့ wiki တို့ ပူးပေါင်းပေးနိုင်တဲ့ add-ons တစ်ခု လောက် ပေါင်းထည့်ကြည့်ရအောင်။
၎။ tag အသစ်တစ်ခု ခေါ်ပါ။(Ctrl+T)
၅။ ရောက်လာတဲ့ next page မှာ http://add-ons.moxilla.org/firefox/2517 ဟုရိုက်ပါ။
၆။ install Now ကို click နှိပ်ပါ။ (အဲဒီ add-ons ဟာ firefox version 1.5 နှင့် အထက်အတွက် အလုပ်လုပ်နိုင်ပါတယ်။)
၇။ ပေါ်လာတဲ့ box မှာ install Now ကို Click နှိပ်ပါ။
ဂ။ အခုဆိုရင် google pedia ကို install လုပ်နေပါပြီ။

ပြီးရင် အောက်နားမှာ ရှိတဲ့ restart firefox buttom ကို click နှိပ်ပါ။ Firefox ကို restart ပြန်လုပ်ပေးပါလိမ့်မယ်။
၉။ ယခုအခါမှာ Firefox ကို အသစ်ပြန်ခေါ် နိုင်ပါပြီ။

address bar မှာ စမ်းသပ် ကြည့်ရအောင် Http://www.google.com ရိုက်ပါ။
၁၀။ Hacker ဟု search box မှာရိုက်ပါ။
၁၁။ မြင်တွေ့ရမယ့် မြင်ကွင်းဟာ ယခင်မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး မဟုတ်တော့ဘဲ စကားလုံးတစ်ခုကို ရှာဖွေချင်တဲ့ အခါတိုင်းမှာ ဘေးနားကနေ google pedia တစ်ခုကနေ Frame နှစ်ခုခွဲပြီး ဖော်ပြ ပေးတာကို ပိုင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် google ကို ဖွင့်ကြည့်နေရင်းနဲ့မှ wiki ရဲ့ တန်းဖိုးရှိတဲ့ ဖွင့်ဆိုချက်တွေကို ရရှိနိုင်ပါလိမ့်မယ်။

၁၅။ enlarge scripts ပေါင်းထည့်ခြင်း။

၁။ Firefox ကို ခေါ်ပါ။
၂။ images.google.com ဟုရိုက်ပါ။
၃။ Search box မှာ vista ဟု ရိုက်ကြည့်ပါ။
အကြီးအသေး၊ အရွယ်အစား စုံလင်တဲ့ vista စတိုင်လေးများစွာကို
တွေ့ရပါလိမ့်မယ်။ ဒါဟာ သမားရိုးကျ google image ရဲ့ မြင်ကွင်းပါ။

ကြိုးစားကြည့်ရအောင်။ ခန page တွေအားလုံးပြန်ပိတ်လိုက်ပြီး

Firefox အသစ်ပြန်ခေါ်ပါ။
၁။ http://www.grease-pot.net ဟု ရိုက်ပါ။
၂။ ညာဘက်ထောင့်မှာရှိတဲ့ download greasemonkey ကို click

နှိပ်ပြီး install လုပ်ပါ။
၃။ ပြီးရင် နောက်စာမျက်နှာမှာ http://userscript.org ကို ရိုက်ပါ။
၎။ (install လုပ်နည်းနှင့် scripts များသွင်းနည်းကို မေလထုတ်
ကွန်ပျူတာဂျာနယ် မှာ ဖော်ပြခဲ့ဖူးပါတယ်)greasemonkey ရောက်
မရောက်ကို tools>greasemonkey> မှတစ်ဆင့် ကြည့်နိုင်သလို
tool>add-ons များမှ တစ်ဆင့်လည်း ကြည့်နိုင်ပါသည်။
၅။ User script များမှာ ဝင်ခွင့်ရဖို့ အတွက်
a.sign up လုပ်ပြီး register မဖြစ်မနေ လုပ်ရပါလိမ့်မယ်။
b.ယုံကြည်စိတ်ချရတဲ့ website ဖြစ်တဲ့အတွက် gmail အပါအဝင်
standard Mail များကို အသုံးပြုလို့ ရပါတယ်။
c.မှတ်ပုံတင်ဖြည့်၊ ပုံစံသွင်းပြီဆိုလျှင် သင့် Email ထဲကို အတည်ပြု
ခိုင်းတဲ့ စာတစ်စောင်ကို userscripts ရဲ့ admin တွေဆီမှ ပို့လွှတ်
လိုက်ပါလိမ့်မည်။ click နှိပ်ပြီး confirm လုပ်ပေးပါ။
d.သို့မှသာ user scripts ကို ဝင်လို့ရပါလိမ့်မယ်။
၆။ Login form မှာ Email နှင့် password ဖြည့်သွင်းပြီး ဝင်ပါ။
၇။ ပြီးရင် search box မှာ”google enlarge” ဟု ရိုက်ထည့်ပြီး ရှာဖွေပါ။
၈။ ရလာတဲ့ အဖြေမှ install this script ကို click နှိပ်ပြီး install လုပ်ပါ။
၉။ Scripts ဟာ greasemonkey ရဲ့ scripts ဂိုဒေါင်ထဲကို ဝင်ရောက်
သွားပါလိမ့်မည်။
၁၀။ ပြီးရင် browser ကို ပိတ်ပစ်လိုက်ပါ။
၁၁။ ခဏကြာလျှင် Firefox ကို ပြန်ဖွင့်ပါ။
- http://www.google.com ရိုက်ပါ။
- Search box မှာ vista ရိုက်ပါ။
- ရလာတဲ့ scripts ရဲ့ အဖြေဟာ image လှလှလေးများကို

ရှာချင်သူတွေအတွက် တွေ့ရပါမယ်။
Search မြင်ကွင်းမှာ ရှိတဲ့ ပုံသေးသေးလေးတွေကို image size
ချဲ့ ပြီး ထပ်မံပြပေးပါတယ်။
Share:

Android 4.1.ကနေ 5.0.1 အထိ Google App ထည့်သွင်းနိုင်တဲ့ MM Aio Gapp Installer(v1.1) APK

Google Appမပါတဲ့ဖုန်းတွေအတွက်google appတွေကိုထည့်သွင်းပေးမယ့်
MM Aio Gapp Installer(v1.1)  APK  ကိုတင်ပေးလိုက်ပါတည်။
MM Aio Gapp Installer  ဆိုတဲ့ apk ကို ဒေါင်းပြီး  APK ကိုအရင် Install လုပ်ပေးပါ။ ပြီးရင် Google App ကိုနှိပ်လိုက်ပါ ဖုန်း  restart ကျသွားလိမ့်မယ်။ ပြန်တက်လာရင် Google App   အလွယ်တစ်ကူ ရောက်ရှိလာပါမည်။
လိုအပ်ရင် အောက်မှာ ဒေါင်းယူပြီး အသုံးပြုနိုင်ပါသည်။
https://my.pcloud.com/publink/show?code=LxVrtalK


Share:

Hacking Google(googleကို အတွင်း ကျကျ လေ့လာခြင်း) စာအုပ်


အင်တာနက်ကို စတင်လေ့လာ မယ် ဆိုရင် မိမိရှာချင်တာ ရှာဖို့ google ကို အသုံးပြုမယ်လို့
စဉ်းစာမိရင် google ကို အတွင်းကျကျ သိရှိထားမှ
မိမိလိုချင်တာကို အလွယ်တကူ ရှာဖွေနိုင်မှာပါ။
နည်းပညာ လေ့လာသူများလဲ google ကို ကျေမှ
ပိုပြီး အဆင့်တက်လှမ်းနိုင်မှာပါ။
google ရဲ့  လုပ်ဆောင်ချက်တွေနဲ့ အတူ google အကြောင်းကို  ပြည့်ပြည့်စုံစုံ ရှင်းပြ ရေးသား ထားတဲ့ "Hacking Google" ဆိုတဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။
စာအုပ် ရေးသားသူ "မျိုးသူရ" ဖြစ်ပြီး pdf file နဲ့ပြုလုပ်ပေးထားပါတယ်။
file size9MB ရှိပြီး pages 135 မျက်နှာနဲ့ ပါဝင်ဖွဲ့ စည်းထားတဲ့ စာအုပ်တစ်အုပ်ပါ။
လိုချင်လျှင် အောက်ပါ link မှာ ဒေါင်းပါ။

https://www.dropbox.com/s/u6qwaafzpgxdu7q/Hacking-google.pdf

Hacking Google (google depth study) Book
====================================
If you begin to study the Internet search would want to use google to find
Something to think about depth information from Google
Need can be easily searched.
Technical observers from google return
Will be able to reach out more.
google google Fully explain the functions of writing "Hacking Google", a copy of the book.
Author of the book, "he" in the pdf file.
file size9MB pages 135 face book composed of 0.
Want the following link to download

#Togethermobile (Amarapura)    https://www.dropbox.com/s/u6qwaafzpgxdu7q/Hacking-google.pdf 

Share:

Google app Installer for Xiaomi Phone

ဖုန်းတွေထဲမှာ လူကြိုက်များလာတဲ့ Xiaomi Phone အမျိုးအစားတွေ အတွက်Google App တွေ ထည့်သွင်း အသုံးပြုနိုင်မယ့်Application လေးပါ ။ အချို့ ဖုန်းတွေမှာ Official ပါပေမယ့် မပါတဲ့ ဖုန်းတွေDev ROM တင်ထားတဲ့ 4.4.4 သမားတွေအတွက်ပါ အဆင်ပြေစေပါတယ်ကျွန်တော် Redmi Note 4G MIUI 6 4.4.4 မှာ စမ်းပြီးပါပြီမိမိလိုအပ်တဲ့ Google App ကို Download လုပ်ပေးရုံတင်ပါ

 download here 

Share:

Gapps Installer software

 google service official မပါတဲ့ဖုန်းတွေမှာ Play Store , Gmail , Google map သုံးချင်ရင် ထည့်လို့ရပါတယ် Gapps Installer သုံးပြီးထည့်လို့ရပါတယ်
Root Accees ရှိဖို့လိုပါတယ်
အောက်ပါ link များမှ မိမိဖုန်းနှင့် ကိုက်ညီသော
Abdroid Version ကို ရွေးပြီး
Installation လုပ်လိုက်ရင်
Play Store , Gmail , Google Map တို့ကို
အသုံးပြုလို့ရပါပြီ
Gapps Installer for 4.0 to 4.0.4 

 Gapps Installer ,4.1.2 

 Gapps Installer 4.2 to 4.2.2 

 Gapps Installer 4.3 

Share:

Google services

Huawai ဖုန်းတွေမှာ official google application တွေမပါ ပါဘူး ဒါကြောင့် play store, gmail, googlemap သုံးချင် အောက်ပါလင့်မှာ goapp.apk ကို download ယူနိုင်ပါတယ် root ရှိဖို့တော့လိုမယ် ပြီးတော့ Android version 4.2 နောက်ပိုင်းမှ ရပါ့မယ် 
 

 https://docs.google.com/file/d/0Bwy7ESQCFmWgX0JMUDlBOHZsY3c/edit?pli=1 

Share: