Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Google Apps များကို ကျွမ်းကျင်စွာ အသုံးပြုနည်းများ


“Google Apps များကို ကျွမ်းကျင်စွာ အသုံးပြုနည်းများ”

Google ဖန်တီးထားတဲ့ Apps များဟာ Play Store မှာ အကောင်းဆုံးများ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Apps များကို သင်ကျွမ်းကျင်စွာ အသုံးပြု တတ်ရဲ့လား? သင့်ဖုန်းကို ဘယ်လောက်ပဲအသုံးပြုပြု၊ ဘယ်ကနေပဲဝယ်ဝယ် သေချာတာတစ်ခုက Google Apps များကို ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ သူတို့ဟာ သင့်ရဲ့ Android မှာ အရေးကြီးတဲ့နေရာကနေ ပါဝင်နေသလို အသုံးပြုသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းဆောင်ချက် များစွာ ပါရှိပါတယ်။ ဒါ့အပြင်သူတို့ဟာ အသုံးပြုသူများ အကောင်းဆုံးမိုဘိုင်း အတွေ့အကြုံကို ခံစားရစေဖို့ပုံမှန် Updates များ ဖြန့်ချိပေးနေပါတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့ Devices များမှာ Gmail, Chrome, Photos တို့လို Apps များကို ထည့်သွင်းပေးထားပေမယ့်လည်း Android အတွက် Google က Apps ဘယ်လောက်များစွာကို တီထွင်ပေး ထားတယ်ဆိုတာကို သင်သိပါသလား? Play Store မှာရှာကြည့်ရင် Google Apps ပေါင်း ၅၀ ကျော်ရှိပြီး အများစုကို ကမ္ဘာအ၀န်းမှ Android Users သန်းပေါင်းများစွာက မသိကြပါဘူး။ အချို့ဆိုရင် Download အရေအတွက် ထောင်ဂဏန်းသာရှိ ပါတယ်။ ဒါပေမယ့် အဲဒီ Apps များမှာ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ရှိပါတယ်။

ဘယ်လို Android User မျိုးပဲဖြစ်ဖြစ် Google ရဲ့ Apps Suite များဟာ အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ကောင်းစွာအသုံးချတတ်ဖို့ လိုပါတယ်။ သင့်ဖုန်းမှာ အသုံးပြုဖို့ တကယ့်ကို လိုအပ်တဲ့ အဲဒီ Apps များရဲ့ အကောင်းစားစွမ်းဆောင်ချက်များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီထဲက အများစုကို အသုံးပြုနေသူများတောင် သိအုံးမှာမဟုတ်ပါဘူး။ အခုဖော်ပြ မယ့် နည်းလမ်းများကိုလေ့လာရင်တော့ မကြာမီ မှာ အကျွမ်းဝင်လာမှာပါ။ နည်းလမ်းများကို ကျွမ်းကျင်စွာသုံးတတ်ပြီဆိုရင်တော့ Google Apps များ ဟာ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာသိလာမှာပါ။ အများစုအတွက် အခြား Third-Party Apps များကို တောင် အသုံးပြုဖို့မလိုတော့ပါဘူး။ သင်အတွက် အသုံးဝင်မယ့် Google Apps များကိုသာ ရွေးချယ်ရမှာပါ။

<Chrome မှာ Site Permissions များကို စီမံခန့်ခွဲခြင်း>

<၀က်ဆိုက်များမှ အန္တရာယ်ရှိတဲ့ Permissions များကို ဖယ်ရှားနည်း>

Chrome ဟာ အကောင်းဆုံးမိုဘိုင်းဘရောက်စာတစ်ခုဖြစ်ပြီး Google က လည်း အမြဲတမ်းစွမ်းရည်မြင့် မားအောင် Update လုပ်ပေးနေပါတယ်။ Android ရဲ့ လုံခြုံရေးပြဿနာတစ်ခုကြောင့် Google က မကြာမီကပဲ Update တစ်ခုဖြင့်ဝက်ဆိုက်လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ် ပေးခဲ့ပါတယ်။ အဲဒီ စွမ်းဆောင်ချက် များထဲကတစ်ခုက ၀က်ဆိုက်များက တောင်းခံတဲ့ Permissions များကို စီမံခန့်ခွဲနိုင်ပြီး လိုအပ်ရင် Block လုပ် နိုင်ပါတယ်။ ရေရှည်မှာတော့ သင့် Device အတွက်ဝက်ဆိုက်များရဲ့ Permission အချို့ကို Block လုပ်တာဟာ အကျိုးကျေးဇူးရှိစေပါတယ်။ အဲဒီအတွက် အခုချက်ချင်းပဲ လုပ်ဆောင်ဖို့ အကြံပေးပါတယ်။

1. Settings ကို ဖွင့်ပါ။

Chrome Home Page ကိုဖွင့်ပြီးနောက်ညာဘက်ထိပ်မှ Menu Icon ကိုနှိပ် ပါ။ အဲဒီကနေ အောက် ကိုဆင်းပြီး Settings Tab ထဲသွားပါ။

2. Sites စာရင်း

Chrome ရဲ့ မူလ Settings Page ဟာ အနည်းငယ်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် အောက်ခြေနားမှ Site Settings Tab ကိုရှာဖွင့်ပါ။ ဖွင့်ပြီးတာနဲ့ စကရင်မှာ ပြသထားတဲ့ ၀က်ဆိုက်စာရင်းမှသင်နှစ်သက်ရာကို ရွေးချယ်ပါ။

3. Permissions များကို ကြည့်ပါ။

ဝက်ဆိုက်တစ်ခုစီရဲ့ စာရင်းမှာအဲဒီဝက်ဆိုက်က လက်ရှိမှာရယူထားတဲ့ Permissions စာရင်းကဏ္ဍကို တွေ့ရမှာပါ။ အများစုကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ Phone App နဲ့ Contact List ကို ရယူမယ့် Permission လိုမျိုး သင်မယုံကြည်ရတဲ့ အရာများကို မြင်နိုင်မှာပါ။

4. Block လုပ်ဖို့ ရွေးချယ်ပါ။

သင် Block လုပ်ချင်တဲ့ Permission တစ်ခုကို တွေ့ရင် စာရင်းကနေ အဲဒါကို ရွေးချယ်ပြီး ပေါ်လာတဲ့ Block Option ကိုနှိပ်ပေးပါ။ စာရင်းမှာပြသထားတဲ့ အခြားဝက်ဆိုက်များနဲ့ Permissions များကိုလည်း ဒီနည်းအတိုင်း Block လုပ်နိုင်ပါတယ်။

<Google Apps များနဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးချဲ့ပါ>

<သင် ဂိမ်းကစားတာကို ကမ္ဘာကို ပြသပါ>

Play Games မှ Record Option အသစ်ကိုရွေးချယ်ပြီး သင်ဂိမ်းကစားတာ ကို ကမ္ဘာကိုပြသပါ။ တိုက် ရိုက်ဗီဒီယိုထုတ်လွှင့်မယ့် Resolution ကိုလည်း ရွေးချယ်နိုင်ပါပြီ။ သင့်ရဲ့အင်တာနက်လိုင်းဟာ သိပ်မကောင်း ရင် 480p Video ကို ရွေးချယ်သင့်ပါတယ်။

<Collections မှာ ပို့စ်များကို Pin လုပ်ပါ>

Google + ရဲ့ Collection စွမ်းဆောင်ချက်က သင့်ရဲ့ အနှစ်သက်ဆုံးပို့စ် များကို တစ်နေရာထဲမှာ စုစည်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်းပို့စ်တစ်ခု ကို Pin လုပ်တဲ့အခါမှာ သင့်သူငယ်ချင်းများ နောက်တစ်ကြိမ် App ကိုဖွင့်ရင် မြင်တွေ့နိုင်ဖို့ Highlight လုပ်ထားနိုင်ပါတယ်။

<သူငယ်ချင်းများနဲ့ Playlists များ မျှဝေပါ>

Play Music မှာသင်နှစ်သက်တဲ့သီချင်းများအတွက် Playlist တစ်ခုကို ဖန်တီးပြီးတာနဲ့သူ့ရဲ့ ညာဘက်မှ Menu Icon ကိုနှိပ်
Share: