Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Samsung ရဲ့ Galaxy A series အသစ်တခု ထွက်ရှိလာတော့မည်


Samsung ရဲ့ Galaxy A series အသစ်တခု ထွက်ရှိလာတော့မည်
==================================
Samsung က Galaxy A 2017 စီးရီး ကို လာမယ့် နောက်တပတ် January 5 ရက်နေ့ မှာ ထွက်လာလိမ့်မယ် လို့ တရားဝင် ကြော်ငြာလိုက်ပါတယ်။အခု ထွက်လာမယ့် Galaxy A 2017 စီးရီး မှာ Galaxy A3 (2017), Galaxy A5 (2017), Galaxy A7 (2017) ဆိုပီး ၃ မျိုးပါဝင်လာပါလိမ့်မယ်။
ပေါက်ကြားလာတဲ့ သတင်းစကားအရ Galaxy A5 (2017) နဲ့ Galaxy A3 (2017) ရဲ့ ရှေ့ နဲ့ နောက် ပုံတွေကို မိတ်ဆက်ထားတဲ့ ဓာက်ပုံတွေ နဲ့ တင်ဆက်မှု တွေ အမျိုးမျိုးကို တွေ့မြင် ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်တုန်း က တွေ့ ခဲ့တာတွေထက် ပိုမိုကောင်းတဲ့အရာ တစ်ခုကို Samsung က ချပြပါလိမ့်မယ်။
အခုထွက်လာမယ့် Galaxy A5 နဲ့ Galaxy A3 က ဒီဇိုင်းပိုင်က ဆင်တူဖြစ်ပီး အရွယ် အစားတော့ ကွဲပြားပါတယ်။ A5 (SM-A520) ကတော့ ဖုန်းမျက်နှာပြင် အရွယ်အစားက ၅.၂ လက်မ ရှိပီး Display အနေနဲ့ ကတော့ 1080p ရရှိမှာဖြစ်ပါတယ်။ A3 (SM-A320) မှာတော့ ဖုန်းမျက်နှာပြင် အရွယ်အစား က ၄.၇ လက်မနဲ့ Display အနေနဲ့ကတော့ 720p ရရှိမှာဖြစ်ပါတယ်။
Galaxy A5 ဖုန်းကို Processor အနေနဲ့ Octa-core Exynox 7880 ကို အသုံးပြု့ထားမယ်လို့ မျှော်လင့်ရပြီး , 3GB RAM ,ဘက်ထရီ 3300mAh နဲ့ Internal storage ကတော့ 32GB ဖြစ်ပြီး External SD card ပါ ထည့်လို့ရမယ်လို့ မျှော်လင့်ရပါတယ်။
Galaxy A3 ဖုန်းက တော့ အသင့်အတင့် ရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။A3 ဖုန်းမှာ Processor အနေနဲ့ Octa-core Exynos 7870 ကို အသုံးပြု့ထားမယ်လို့ မျှော်လင့်ရပြီး , 2GB RAM, ဘက်ထရီကို 3000mAh နဲ့ Internal storage ကတော့ 16GB ဖြစ်ပြီး External SD card ပါ ထည့်လို့ရမယ်လို့ မျှော်လင့်ရပါတယ်။
မနေ့ က Samsung ကနေ အခု ထွက်လာမယ့် Galaxy A 2017 ဖုန်းတွေက Water-resistant (ရေစိုခံ) လိမ့်မယ်လို့ အရိပ်အမြွက် ပေးခဲ့ပေမယ့် ဘယ် မော်ဒယ်အတွက်ဆိုတာတော့ သေသေချာချာပြောပြမထားပါဘူး။
သေချာတာကတော့ Galaxy A5 (2017) နဲ့ Galaxy A3 (2017) ကို black, gold, blue နဲ့ pink ဆိုပီး အရောင် ၄ မျိုးနဲ့ ရရှိနှိုင်ပါတယ်။အဆိုပါ ဖုန်းမျာကို January လ မှာစတင် ရောင်ချမယ်လို့ သိရသော်လည်း အမေရိကန်ဈေးကွက်အတွက် ပဲလားဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး။မည်သို့ပင်ဆိုစေကာမူ နောက်တစ်ပတ်ဆိုရင်တော့ ကျွန်တော်တို့ အားလုံးစောင့်မျှော်နေတဲ့ Galaxy A 2017 series အကြောင်းကို ပိုမိုသိရှိလာရတော့မှာဖြစ်ပါတယ်။ဆက်လက် စောင့်မျှော်ပေးကြပါဦး။။။
Credit:www.myanmarmobileapp.com

Share:

0 comments:

Post a Comment