Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

"Galaxy S8" မှာ "8 GB" RAM အသုံးပြု လာနိုင်ပြီး Note-Series များလို "S-pen" ပါဝင်လာနိုင်



အစပိုင်း ကြားရသမျှ သတင်းအရ Galaxy S8 ဟာ "6 GB" RAM နဲ့ လာဖို့ပါ ။ ဒါပေမယ့် အခု နောက်ပိုင်း တရုတ်နိုင်ငံထံမှ ပျံ့လာသော သတင်းတစ်ပုဒ် အရ Galaxy S8 ဟာ "8 GB" RAM ကို အသုံးပြု လာနိုင်တယ် လို့ သိရှိရပါတယ် ။
.
Galaxy S7 edge တို့မှာတောင် RAM "4 GB" အထိပဲ ပါတော့ ဒါဟာ RAM "၂ ဆ" တိုးမြင့်လာမယ့် အဓိပ္ပာယ် ပါပဲ ။ စမတ်ဖုန်းကုမ္ပဏီ တွေကြား RAM တိုက်ပွဲ အရှိန်မြင့်လာခြင်း လို့လည်း ဆိုနိုင်ပါတယ် ။
.
Galaxy S8 ဟာ အရွယ်အစား (၂)မျိုး နဲ့ လာမယ် လို့ ဆိုပါတယ် ။ 5-inch အရွယ် ရှိတာကို မှည့်ရိုးမှည့်စဉ် နာမည်အတိုင်း Galaxy S8 လို့ အမည်တွင်မှာ ဖြစ်ပြီး "6-inch" အရွယ် ရှိတာကိုတော့ ထူးထူးခြားခြား "Galaxy S8 Plus" ရယ်လို့ နာမည်အသစ် ခေါ်တွင်မှာ ဖြစ်ပါတယ် ။
.
အဲဒီ Galaxy S8 ဗားရှင်း (၂)မျိုးလုံး မှာ Note-Series များလို S-pen အထောက်အပံ့ ပေးမယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ် ။ အထူးသဖြင့် 6-inch အရွယ် ရှိတဲ့ Galaxy S8 သာ အမှန်တကယ် ထွက်ပေါ်လာမယ် ဆိုရင် S-pen ပါဝင်လာဖို့ဟာ သေချာသလောက် ရှိပါတယ် တဲ့ ။
.
အဆိုပါ ဖုန်း နှစ်ခုလုံးကို လာမယ့် April အတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ မိတ်ဆက်သွားဖို့ ရှိပါတယ် ။
Credit:Mobile Age (Taunggyi)
Share:

0 comments:

Post a Comment