Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

စစမတ်ကျကျ iPhone အသုံးပြုနည်းစာအုပ်




စမတ်ကျကျ iPhone အသုံးပြုနည်း
=============================
ဆရာ နေဇာအောင်(မိုးသကြား) ရေးသားသော
စမတ်ကျကျ iPhone အသုံးပြုနည်း စာအုပ်ကို
ebook အဖြစ် မိမိဖုန်းတွင် ဖတ်လိုလျှင် အောက်ပါ
Link တွင် download ယူနိုင်ပါသည်။
32.41MB သာရှိပါသည်။

https://my.pcloud.com/publink/show?code=XZTvQHZs70TIQLukCYd7Mnyzcj66JwBsuyy
Share:

Bagan Keyboard နောက်ဆုံးထွက် version 6





Bagan keyboard နောက်ဆုံးထွက် version 6
Download link တင်ပေးလိုက်ပါသည်။
Bagan Keyboard ၏ အားသာချက်တွေ အများကြီးရှိပါသည်။ သုံးဖူးသူတွေ သိကြသော်လည်း မသုံးဖူးသေးသူများအတွက် အားသာချက်အချို့ကို ရေးသားတင်ပြလိုက်ပါ၏။ မိမိတို့ သုံးနေကျ frozen keyboard မှ
Bagan keyboard ပြောင်းသုံးလျှင် သုံးနေကြ
မဟုတ်သည့်အတွက် အခက်အခဲ ဖြစ်ပါသည်။
အားသာချက်အများအပြား ရှိသည့်အတွက်
ပြောင်းသုံးရန် တိုက်တွန်းပါသည်။
အားသာချက် အချို့ကတော့
-frozen မှာ ဗလက်ချိုက် ရိုက်လိုလျှင် နောက်
Page သို့ပြောင်းရပြီး banganမှာ ပြောင်းစရာ
မရှိပါ (ေ)နှစ်ချက်နှိပ်နဲ့ (ဗ)ရရှိသည်။
-page တစ်ဖက်သို့ ပြောင်းပြီး လိုချင်သော
အက္ခရာ ရိုက်ပြီးလျှင် မူလစာမျက်နှာ auto
ပြန်ရောက်သည်။
-ဘားတန်းပေါ်မှာ အကြံပြုချက် ပြသဖြင့်
မိမိအသုံးလိုသော စကားစုကို ယူသုံးနိုင်ခြင်း
မိမိအသုံးများသော စကားစုကို မှတ်သားနိုင်ခြင်း
-ဘားတန်းပေါ် အကြံပြုချက် ဖော်ပြသဖြင့်
မိမိမေ့နေသော အင်္ဂလိပ် မီးနင်းကို အလွယ်တကူ ရှာဖွေနိုင်ခြင်း
-ပါဠိ စကားလုံးရိုက်လျှင် အောက်အဆင့်မှာ
ရိုက်လိုလျှင်လွယ်ကူခြင်း ဥပမာ ကမ္ဘာကို
ရိုက်လိုလျှင် (မ)ရိုက်ပြီး keyboard ပေါ်မှာ
ပါသော(§) ခံပြီး (ဘ)ရိုက် လျှင် (ဘ)က
အလိုအလျောက် အောက်ရောက်သွားမည်။
-Keyboard ဒီဇိုင်း မိမိတို့ ကြိုက်သလို ပြောင်း
နိုင်ခြင်း bagan keyboard မှာပေးထားသော
Theme ဒီဇိုင်းများအပြင် မိမိတို့ပုံကို keyboard
နောက်ခံအဖြစ်သုံးနိုင်သည်။
(ဤအဆင့်ကို အသုံးပြုလိုလျှင် code ဝယ်ပြီး
မှ အသုံးပြုလို ရမည်)
-Zawgyi keyboard မှ Unicode keyboard
အဖြစ် ပြောင်းသုံးနိုင်ခြင်း
စသည့် အားသားချက်များစွာ ရှိသည်။
စမ်းသပ် အသုံးပြုလိုလျှင် အောက်ပါ Link မှ
Download ယူနိုင်သည်။
3.20MB သာ ရှိ၏။
Bagan Keyboard download link>>>

http://goo.gl/D77G10


Share:

Oppo R829 firmware


Oppo R829 firmware လိုအပ်သူများအတွက် အောက်ပါ link မှာ
Download ယူနိုင်ပါသည်။

http://www.oppothai.com/download/firmware/official/R829_11.A.09_OTA_INT_009_all_140430_wipe.zip


Share:

Xiaomi Redmi note2 Rom(firmware)

Redmi note 2 Rom ရှာ​ဖွေ​နေသူများအတွက်
အဆင်​​ပြေ​စေရန်​ တင်​​ပေးလိုက်​ပါသည်​။
Stable Rom နဲ့ Developer Rom ကို
မိမိတို့နှစ်​သက်​ရာ ​ဒေါင်းပြီး တင်​နိုင်​သည်​။
Firmware တင်​ရန်​ Mi pc suite flash the Rom ပါ download ယူနိုင်​ပါသည်​။
Stable Rom>>>
Version v6.7.11.0 LHMCNCH(MIUI6) size 783M
Developer Rom>>>
Version 5.10.22 (MIUI7) size 783M
အောက်​ပါ link မှာ မိမိ နှစ်​သက်​ရာ download ယူနိုင်​သည်​။
Togethermobile (Amarapura)
Share:

Clash of Clans gmail ချိန်းနည်း

အကြောင်းအမျိုးမျိုးကြောင့် မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက် အဆင်ပြေမဲ့ နည်းလမ်းလေးပါ။ မိမိရဲ့ လက်ရှိ ပြောင်းမဲ့ COC Account ကို ဖုန်းဖြင့် ချိတ်ဆက်ပြီး COC Game ကို ၀င်လိုက်ပါ။
အောက်တွင်ပြထားသည့်အတိုင်း COC ရဲ့ Settings ထဲသို့ဝင်ရန် Settings အား နှိပ်လိုက်ပါ။
ဒါဆိုရင် Settings ထဲရောက်ရှိသွားပါမည်။ ပြီးရင်တော့ Help and Support သို့ ၀င်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Account ဆိုင်ရာ Setting သို့သွားရန် ပြထားသည့် My Account သို့ဝင်ပါ။
ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတွက် Save your progress with Google Play ကို ရွေးချယ်လိုက်ပါ။
သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင်း Message icon လေးကို နှိပ်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Clash Of Clans ကို Mail Message ပို့ရန် အောက်ပါအတိုင်း Box ပေါ်လာပါမည်။
ကျွန်တော်ရိုက်ထားသလို့မျိုး ရိုက်ပြီး အောက်က COC ID Gmail ထည့်ပြီး Send ခလုပ်ကို နှိပ်ပေးရပါမည်။
Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင်း Clash of Clans ရဲ့ Help And Support မှ စာပြန်ပို့သော Notification ပြနေပါလိမ့်မည်။
ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။
အောက်တွင်တွေ့ရသည့်အတိုင်း Clash Of Clans ရဲ့ Help and Support မှ သင့်ကို ပို့ပေးထားသော Message ကို တွေ့ရပါမည်။
ကဲ ကျွန်တော်ပြထားတဲ့ Clash of Clans ရဲ့ မေးခွန်းတွေပါတဲ့ စာသားများကို လိုက်ရှာလိုက်ပါ။
မေးထားတဲ့ မေးခွန်းတွေကတော့

(၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ?

(၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ?

(၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် Device သို့ Devices များကဘာလဲ?
ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ မေးခွန်း (၁)အတွက် ဒီအကောင့် COC ကို သင့်စပြီး ကစားခဲ့တဲ့ ရက်စွဲကို အနီးစပ်ဆုံး ဖြေပေးရပါမည်။ အနည်းဆုံးတော့ လ နှင့် နှစ် မှန်ရန်လိုအပ်ပါသည်။
မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မြို့အမည်ပါ။ သင်က ရန်ကုန်မှာ ကစားခဲ့တယ်ဆိုရင်တော့ Rangoon ပေါ့။ မန္တလေးမှာ ဆိုရင်တော့ Mandalay ပေါ့။
မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့သော ဖုန်းတစ်လုံးဆိုလျှင် တစ်လုံး၊ တစ်လုံးထပ်မက အများကြီးမှာ ကစားခဲ့ရင် အားလုံး ထည့်ရေးဖို့လိုအပ်ပါသည်။ ဥပမာ Huawei C8813, Acer Z210, Samsung Galaxy Grand Duos အစရှိသည်ဖြင့် အတိအကျ Model No ကိုပါ ရေးသားပေးပြီး Send ကို နှိပ်လိုက်ပါ။ နောက်ထပ် တစ်ရက်လောက်နေရင် Clash Of Clans မှ ထပ်ပြီး Message ပို့ပေးပါလိမ့်မည်။ သင်ဖြေဆိုမှု အောင်မြင်ရင်တော့ သင့်ရဲ့ အကောင့်ကို လက်ရှိ ID Gmail မှ အောက်ပါအတိုင်း Disconnected ဖြစ်သွားပါလိမ့်မည်။
ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေးသော Gmail Account တစ်ခုခုဖြင့် ချိတ်ဆက်ဖို့ Disconnected ကို နှိပ်ပြီး ချိတ်ဆက်နိုင်ပါပြီ။
#Togethermobile (Amarapura)


Share: