Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Samsung Galaxy A8 အားမြန်မာဖောင့်ထည့်သွင်းနည်း


Samsung Galaxy A8 ဟာသူ့ ရဲ့ Setting Language မှာ မြန်မာဘာသာကို Unicode or Zawgyi နှစ်မျိုးပြောင်းသုံးနိုင်မှာပြီး Zawgyi မြန်မာဖောင့်အတွက် မြန်မာစာဟာမှန်ကန်ခြင်းမရှိပါဘူး။ ဒီတော့တော့ မြန်မာကီးဘုတ် ထည့်သွင်းနိုင်တဲ့နည်းလမ်းနဲ့  မြန်မာစာမှန်ကန်အောင်ထည့်သွင်းနည်းကိုဖော်ပြပေးလိုက်ပါတယ်။
အရင်းဆုံးလုပ်ရမှာက လွယ်လွယ်လေးပါ။
Myanmar Zawgyi ဖောင့်ကိုဒေါင်းယူလိုက်ပါ။
http://bit.ly/1INrpcM မှာဒေါင်းယူနိုင်ပါတယ်။
Myanmar Zawgyi ကို Install လုပ်ပါ။
Open ဖော်ပြမှာမဟုတ်တဲ့အတွက် Done ကိုနှိပ်ပါ။
ဖုန်း၏ Setting ထဲဝင်ပြီး Display ကိုနှိပ် , Font ကိုထပ်နှိပ်ပြီး Myanmar Zawgyi ကိုရွေးပြီး ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Done ကိုနှိပ်ပေးလိုက်ရင် ဇော်ဂျီမြန်မာဖောင့်ထည့်သွင်းနည်း အောင်မြင်ပါပြီ။

စာရိုတ်မည့် မြန်မာကီးဘုတ်ထည့်သွင်းရန်....
မိမိကြိုက်နှစ်သက်တဲ့ မြန်မာကီးဘုတ် အစုံကို http://bit.ly/1m5eNJ3 မှာဒေါင်းယူလိုက်ပါ။
မြန်မာကီးဘုတ်ကို Install လုပ်ပြီး ဖုန်း၏ Setting ကိုသွားပါ။
Language and input ကိုနှိပ်ပါ။
Default Keyboard ကိုနှိပ်ပြီး မိမိ Install လုပ်ထားတဲ့ မြန်မာကီးဘုတ်ကိုရွေးချယ်လိုက်ရင်တော့ မြန်မာစာရိုတ်လို့ အဆင်ပြေသွားပါလိမ့်မယ်။
ဥပမာ အနေနဲ့  Facebook ထဲဝင်ပြီးကြည့်နိုင်ပါတယ်။
ဒီနည်းလမ်းဟာ Samsung စမတ်ဖုန်းအားလုံးနီးပါးတွက်လည်း အသုံးပြုနိုင်ပါတယ်။
www.togethermobile.org
Share:

Facebook User Account နှင့် Password များအား ခိုးယူနိုင်သောနည်းလမ်း (၇)မျိုး


Facebook User Account နှင့် Password များအား ခိုးယူနိုင်သောနည်းလမ်း (၇)မျိုး
---------------------------------------------------------------------------------

World Wide Myanmar Computer & Internet Services
ကျနော့်ဆီမှာ ဘာ ဟတ်ချင်တယ် ညာဟတ်ချင်တယ် လာလာ မေနေကြတဲ့ ဆရာတို့ ဖတ်ဖို့ ရှာဖွေတင်ပေးလိုက်ပါတယ် သဘောပေါက်အောင် ဖတ်ပါ အဲ အထဲမှာမှာ သဲလွန်စတွေပါပါတယ်........

ယနေ့ခေတ်တွင် အင်တာနက်အသုံးပြုသူများ၊ အထူးသဖြင့် Facebook အသုံးပြုသူများ ပါးစပ်ဖျားတွင် မိမိ၏ Facebook အကောင့်အား ခိုးယူခြင်းခံခဲ့ရပြီ၊ ထို့ကြောင့် မိမိ၏ အကောင့်အား Recover လုပ်ချင်သည် စသောအသံများ ကြားသိနေရပါသည်။ ထို့ကြောင့် ၎င်းပြဿနာသည် ယနေ့ခေတ်တွင် အမှန်တကယ် ကြီးထွား လာခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် အင်တာနက်အသုံးပြုသူများ၏ အတွေ့အကြုံဗဟုသုတ အားနည်းခြင်း သည်ပင် အဓိကအကြောင်းအရာ ဖြစ်ပါသည်။ ထို့ကြောင့် Facebook အသုံးပြုသူများအားလုံးနှင့် Facebook Hacking ကို စူးစမ်းလိုသူများအတွက် ဗဟုသုတရစေရန်ရည်ရွယ်ပါသည်။အကောင့်ခိုးယူပုံနည်းလမ်းများအား မပြောမီ Facebook အသုံးပြုသူများ သိသင့်သည့်အချက်တစ်ချက်မှာ သာမာန်အင်တာနက်အသုံးပြုသူများ လိုချင်နေသည့် ကြားဖူးနေသည့် Facebook Hacking Softwares ဆိုသည်မှာ လုံးဝမရှိကြောင်း ပြောကြားချင်ပါသည်။ 007 facebook hack software, Facebook ID hacker software များနှင့် အခြားတော်တော်များများမှာ Fake Facebook Software များဖြစ်ပြီး မိမိတို့၏ စီးပွားရေးဆိုင်ရာများဖြစ်သော Sensitive Data များ (Email, Credit Card Details, Phone Number, etc) ကို ခိုးယူလိုသည့် Malware များသာဖြစ်နေတတ်ပါသည်။ဟက်ကာများ အသုံးပြုလေ့ရှိကြသည့် Facebook Haking နည်းလမ်း ၆ မျိုးမှာ -
1. Keylogging–Installing Keylogger. (easy)
2. Phishing – Creating fake Facebook Login page. (Medium)
3. Using Victims Mobile. (Difficult)
4. Stealing facebook cookies of victim. (Difficult)
5. Revealing saved Facebook passwords on web-browsers. (easy)
6. Bypassing Facebooks Security Question (Difficult)
7. Tabnapping Attack using Backtrack (Medium) –
အထက်ဖော်ပြပါနည်းလမ်းများထဲမှ အမှတ်စဉ် ၃ နှင့် ၆ သည် Victims ၏ Password ကို Reset ပြုလုပ်သည့် နည်းလမ်းဖြစ်ပြီး ဟက်ကာများအနေဖြင့် Original Password ကို မရရှိပါ။ ၎င်းတို့ထဲမှ ၁ နှင့် ၂ သည် အကောင့်ပိုင်ရှင်ကိုယ်တိုင် မိမိတို့၏ Facebook အကောင့်အား ခိုးယူခံလိုက်ရပြီဟု မသိရှိနိုင်ဘဲ ပိုင်ရှင်၏ Original Password အား ရယူနိုင်ပါသည်။
၁။ Keylogging သို့ Keylogger Software အား Installation ပြုလုပ်ခြင်းဖြင့် Facebook အကောင့်အား ခိုးယူခြင်း
Keylogging ဆိုသည်မှာ Facebook Account များခိုးယူရာတွင် အလွယ်ကူဆုံးနှင့် အကျိုးသက်ရောက်မှု အရှိဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ၎င်းကိုအသုံးပြုရန် မည်သည့်ကျွမ်းကျင်မှုမှ မလိုအပ်ဘဲ ကွန်ပျုတာတွင် Keylogger Software ကို Install ပြုလုပ်ရုံ နှင့် အသုံးပြုတတ်ရုံလျှင် ရရှိနိုင်ပါသည်။ ၎င်းနည်းလမ်းသည် Victim ၏ ကွန်ပျုတာကို Physical Access လုပ်၍ ရရှိယုံနှင့် အသုံးပြုနိုင်ပါသည်။ အခြေခံအားဖြင့် Keyloggers များသည် ၎င်းကွန်ပျုတာကို အသုံးပြုသူတိုင်း၏ Keyboard ရိုက်ချက်များကို ဖမ်းယူထားခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် မိမိတို့ကိုယ်ပိုင် အလုပ်ရုံ၏ အလုပ်သမားများကို Monitor လုပ်ရာတွင် အသုံးပြု နိုင်ပါသည်။ ထို့ကြောင့် အသုံးပြုသူ၏ Username နှင့် Password များ အားလုံးကို အလွယ်တကူ ဖမ်းယူရရှိနိုင်ပါသည်။ အမှန်တကယ်အားဖြင့် ၎င်းKeylogger ကို ဟက်ကင်းတွင် အသုံးပြုခြင်း ထက် စောင့်ကြည့်ရန်အတွယ် ရည်ရွယ်ပါသည်။ ၎င်းKeylogger ကို Hardware နှင့် Software ၂ မျိုးအသုံးပြုနိုင်ပါသည်။
(က) Software Keylogger
Software Keylogger ဆိုသည်မှာ program တစ်ခုဖြစ်ပြီး software အသုံးပြုထား သည့် ကွန်ပျုတာကို အသုံးပြုတိုင်း၏ Keyboard ရိုက်ချက်အားလုံး၏ တစ်ခုခြင်းစီကို မှတ်ပေး ထားခြင်းဖြစ်ပါသည်။ ၎င်း Keylogger Software ကို အသုံးပြုခြင်းကြောင့် မည်သည့်ကွန်ပျုတာ ဟက်ကင်းကိုမှ သိရှိရန်မလိုအပ်ဘဲ Username နှင့် Password များကို အလွယ်တကူ ရရှိနိုင်ပါသည်။ ၎င်းကို ဟက်ကင်းအတွက် အသုံးမပြုဘဲ Monitoring အတွက် သီးသန့်သာ အသုံးပြုသင့်ပါသည်။
(ခ) Hardware Keylogger
Hardware Keylogger ဆိုသည်မှာ Software Keylogger နည်းတူ ဣင်း Hardware တပ်ဆင်ထားသည့် ကွန်ပျုတာ၏ Keyboard ရိုက်ချက်တိုင်းကို မှတ်ထားမည်ဖြစ်သည်။ Hardware Keylogger သည် အသုံးပြုနေကျ USB pen-drive ပုံစံ အရွယ်အစားခန့်သာရှိပြီး ၎င်းတွင်လည်း Internal Memory ပါဝင်ပါသည်။ တပ်ဆင်ထားသည့် ကွန်ပျုတာ၏ Keyboard ရိုက်ချက်တိုင်းကို ကိုယ်ပိုင် Internal Memory ထဲတွင် သိမ်းဆည်းပါသည်။ USB နှင့် PS2 ၂ မျိုးရှိပါသည်။

၂။ Phishing နည်းလမ်းဖြင့် Facebook Account အားခိုးယူခြင်း
Facebook ကဲ့သို့ Password ခံထားသော ဝဘ်ဆိုက်များ၏ User Account များအား ခိုးယူရန်အတွက် Phishing နည်းလမ်းသည် အသုံးပြုခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကောင်းမွန် သော နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။ ၎င်း Phishing Method အပေါ်တွင် ဗဟုသုတမည်၍ မည်မျှရှိသည်မှာ အကြောင်းမဟုတ်ဘဲ အမှားတစ်ခုမှနေ၍ User Account တစ်ခုအား ရရှိနိုင် ပါသည်။ Phishing Method များကိုအသုံးပြု၍ User Account အမျိုးမျိုးကို ခိုးယူနိုင်ပါသည်။သို့သော် ကျော်ကြားသော Phishing Method အများစုသည် Fake Facebook Login Pages အား ဖန်တီးကာ ၎င်းကို Victim များ၏ Emails မှတဆင့် ပို့ဆောင်ကာ ခိုးယူသော နည်းလမ်းသာ ဖြစ်ပါသည်။ Fake Login Pages များသည် မူလပုံစံအတိုင်း ဖြစ်သော်လည်း Facebook Server သို့မပို့ဆောင်ပေးဘဲ ဟက်ကာထံသို့သာ ပို့ဆောင်ပေးပါသည်။ အခြား တစ်ဖက်တွင် Victim သည် သူ၏ Credentials များကိုအသုံးပြု၍ Login ဝင်လိုက်ခြင်းကြောင့် ဟက်ကာမှ Email များ၊ ၎င်းနှင့်သက်ဆိုင်သော အချက်အလက်များ (သို့မဟုတ်) FTP Account များကိုရရှိစေနိုင်ပါသည်။ အောက်ပါပုံသည် Phishing နည်းလမ်းဖြင့် Facebook Account ကို ခိုးယူခြင်းဖြစ်ပါသည်။

၎င်းနည်းလမ်းကို အသုံးပြုခြင်းသည် Computer ဖြင့် အင်တာနက် အသုံးပြုသူများကိုလိမ်လည်ရန် မလွယ်ကူပါ။ဖုန်းနှင့် အင်တာနက်အသုံးပြုသူများအတွက်သာ အသုံးပြုသင့်ပါသည်။
၃။ Victim ၏ ဖုန်းကိုအသုံးပြုခြင်းဖြင့် Facebook Account အားခိုးယူခြင်း
ယခုနည်းလမ်းသည် User ၏ မူလ Password ကိုမရရှိနိုင်သော်လည်း Reset ပြုလုပ်ခြင်း ဖြင့် Password ကို ရရှိစေနိုင်ပါသည်။ Victim ၏ Phone ကို အသုံးပြုခွင့်ရရှိလျှင် Forgot My Password မှတဆင့် Reset ပြုလုပ်နိုင်ပါသည်။
၎။ Victim ၏ Facebook Cookies များကိုခိုးယူခြင်း
၎င်းနည်းလမ်းကို အသုံးပြုခြင်းဖြင့် အသေးစိတ်အချက်အလက်များကို မရရှိနိုင်သော် လည်း Victim ၏ Account ကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
Cookies (တနည်းအားဖြင့် HTTP Cookie, Web Cookie, Browser Cookie) ဆိုသည်မှာ ဝက်ဘ်ဆိုက်တစ်ခုမှ Web Browser ထံသို့ပို့ဆောင်သော Text File တစ်ခုဖြစ်ပါ သည်။ ၎င်းကို Browser မှ သိမ်းဆည်းထားလေ့ရှိပြီး အသုံးပြုပြီးသား ဝက်ဆိုက်တစ်ခုသို့ အသုံးပြု တိုင်း မည်သည့်အရာမှ မပြောင်းလဲဘဲ ပြန်လည်လုပ်ဆောင်ပေးပါသည်။ Cookies များကို ဝက်ဆိုက်သို့ ဝင်ရောက်သည့်အခါ Password များကို စစ်ဆေးမေးမြန်းခြင်း၊ မည်သူဖြစ်ကြောင်း ခွဲခြားခြင်းနှင့် အသုံးပြုသူ၏ ဦးစားပေး စသည်တို့အတွက် အသုံးပြုပါသည်။ ၎င်းတို့ Virus များကို သယ်ဆောင်နိုင်ခြင်းမရှိပါ။ အချုပ်အားဖြင့်ဆိုသော် Facebook အသုံးပြုသူများသည် မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အမြဲတန်း Login ပြုလုပ်ထားမည်ဆိုပါက ဟက်ကာများမှ Browser Cookies များကိုအလွယ်တကူခိုးယူနိုင်ပြီး မိမိတို့၏ Login Session ကို အသုံးချသွားနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ Facebook HTTPS ကို အသုံးပြုမည်ဆိုပါက ခိုးယူခံရခြင်းမှ ကင်းဝေစေနိုင်ပါသည်။
၅။ Browser တွင် “Facebook Saved Password” ပြုလုပ်ထားခြင်းကြောင့် အခိုးခံရခြင်း
မည်သည့် ခိုးယူခြင်းနည်းလမ်းမှ မသိသူပင် ယခုနည်းကို အသုံးပြုနိုင်ပါသည်။
chrome: Goto tools >> Options >> PersonalStuff >> Manage saved Passwords
FireFox: Goto tools >> Options >> Security >> saved Passwords
Stupid IE: Who Cares ?
၆။ Facebook Security Questions များကိုဖြတ်ကျော်၍ ခိုးယူခြင်း
ယခင်က အသုံးပြုကြသော်လည်း ယခုနောက်ပိုင်းတွင် ဖုန်းနံပါတ်ဖြင့် Register ပြုလုပ်ရန် ပြောင်းလဲသွားခြင်းဖြင့် ကာကွယ်ထားပါသည်။
၇။ Tabnapping Attack ကို အသုံးပြု၍ ခိုးယူခြင်း
Tabnapping Attack ဆိုသည်မှာ Phishing နည်းလမ်းနှင့် ဆင်တူသော်လည်း Upload လုပ်ရန်မလို၊ Server ထောင်ရန်မလို၊ Free Hosting Sites များတွင် Host တင်စရာမလိုအပ်ဘဲ လျှင်မြန်ချောမွေ့စွာ User Email များနှင့် ID များကို ခိုးယူနိုင်ပါသည်။
Tabnapping Attack တွင် Victim သည် Browser တွင် Tabs များကို နှိပ်ရန်လိုအပ်ပြီး ထိုမှတဆင့် Fake Server ဆီသို့ Redirect လုပ်သွားမည်ဖြစ်ပါသည်။ Tabnapping Attack သည် User ၏ Keyboard ရိုက်ချက်များနှင့် Mouse လှုပ်ရှားမှုများကို မှတ်တမ်းတင်သွားမည် ဖြစ်ပါသည်။
ယခုတင်ပြထားသော ဆောင်းပါးသည် ဘာသာပြန်ခြင်းသက်သက်သာ ဖြစ်ပါသည်။ ဆောင်းပါးတွင် ပါဝင်သော ခိုးယူနည်းမျိုးစုံတို့မှာ အသုံးပြုသူများ၏ အားနည်းချက်ကြောင့်သာ ဖြစ်ကြောင်း သုံးသပ်မိပါသည်။


Share:

Redmi 3 China Rom Version: V7.1.1.0.LHPCNCK (MIUI7)


Redmi 3 China Rom Version: V7.1.1.0.LHPCNCK (MIUI7)
=====================================
အသစ်ထွက်ရှိသော Redmi 3 Rom လိုအပ်လျှင် အသုံးပြုရ လွယ်ကူစေရန်
Version: V7.1.1.0.LHPCNCK (MIUI7) တင်ပေးလိုက်သည်။
အောက်ပါ link မှာ ဒေါင်းနိုင်ပါသည်။
http://bigota.d.miui.com/V7.1.1.0.LHPCNCK/miui_HM3_V7.1.1.0.LHPCNCK_058c15fbdf_5.1.zip
Share:

Huawei Phone / Tablet firmware official Websites


Huawei Phone / Tablet firmware official
Websites
==============================
http://consumer.huawei.com/mm/support/index.htm တွင် မြန်မာနိုင်ငံအတွင်းဖြန့်ချိသော Device များအတွက် မြန်မာစာပါဝင်ပြီး Firmware များ Download ပြုလုပ်နိုင်သည်။
မိမိ၏ Phone or Tablet သည် မြန်မာနိုင်ငံအတွင်းဖြန့်ချိသည်မဟုတ်ပဲ အခြားနိုင်ငံများမှ ၀င်ရောက်လာခြင်း ဖြစ်ပါက Myanmar Region Support တွင် တွေ့ရမည် မဟုတ်ပါ။
ဥပမာ - Honor 4C (CHM-U01) Firmware ကိုhttp://consumer.huawei.com/id/support/index.htm တွင်ရှာဖွေတွေ့ရှိနိုင်သော်လည်း Myanmar Region အတွက် Download ပြုလုပ်ရန် မတွေ့ရှိရပါ ။ထိုသို့ပင် အခြား Model များ၏ Firmware ရှာမရဖြစ်နေပါက အခြား Region Support Link များတွင် ၀င်ရောက်ရှာဖွေနိုင်ပါသည်။
Huawei Honor 4c CHM-U01_V100R001C636B160 Indonesia Firmware
http://download-c.huawei.com/download/downloadCenter…
‪#‎Togethermobile‬ (Amarapura)
www.togethermobile.org
Share:

Android USB Driver Tool


Android USB Driver Tool
===============================
Android USB Driver Tool လေးပါ။
အသုံးလိုသူမှာ အောက်ပါlink မှာ
download ယူနိုင်ပါ၏။
http://www.mediafire.com/download/jqo61o3dqz0138s/MyanmarXDA+-+Android+USB+Driver+Tool+Link.zip

www.togethermobile.org
Share: