Mi ဖုန်းများတွင် google play အသုံးပြုလိုပြီး
Root access လဲမရရှိသေးတဲ့ အတွက်
အခက်အခဲဖြစ်နေသူများအတွက်
Mi gapp installer apk လေးကို တင်ပေးလိုက်ပါသည်။ အသုံးပြုလိုသူများ အောက်ပါ link
မှာ download ယူနိုင်ပါသည်။
Root ဖောက်ထားရန် မလိုအပ်ပါ။
http://fs1.d-h.st/download/00163/ztjI/Google%20Installer.apk
Together Mobile Apk Download link
website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း
Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ
Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း
Xiaomi ဖုန်းများအတွက် gapp installer
Viber ကနေ ပြည်တွင်ဖုန်းနံပါတ်ကို မက်ဆေ့နှင့် ဖုန်း Free Call တိုက်ရိုတ်ခေါ်ဆိုနိုင်
သာမန်အားဖြင့် ပြည်ပကနေ ပြည်တွင်ဖုန်းနံပါတ်တွေကို Viber ကနေတိုက်ရိုတ်ဖုန်းခေါ်လို့ မရတဲ့အတွက် ပြည်တွင်ကနေ ပြည်ပဖုန်းနံပါတ်ကို မက်ဆေ့ ဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ် အရင်ဆက်သွယ်လိုက်မှာသာ နှစ်ဦးနှစ်ဖက် ဖုန်းပြောဆိုခြင်းတွေကိုပြုလုပ်နိုင်မှာပါ။ အခုနည်းကတော့ ပြည်တွင်ကအရင်မဆက်ဘဲ ပြည်ပကနေတိုက်ဆက်သွယ်မှာဖြစ်ပါတယ်။
ပြုလုပ်ရမှာက
မိမိဖုန်း၏ Keypad မှာ +959 ခံပြီး ပြီး မြန်မာပြည်ဖုန်းနံပါတ်ုဖစ်တဲ့ 09 ကိုဖြုတ်ပြီး နောက် 9 လုံးကို ရိုတ်ထည့်ပါ။
ဥပမာ ဆိုကြပါစို။
မြန်မာပြည်ဖုန်းနံပါတ်က 09401653790 ဆိုရင်
ဖုန်းရဲ့ Keypad မှာရိုတ်ရမှာက +959401653790 ဖြစ်ပါတယ်။
ဖုန်း၏ Keypad မှာအပေါ်တိုင်ရိုတ်ပြီးရင်တော့ "Add to Contacts "နှိပ်ပြီး "Create Contact" နှိပ်ကား Name တွင် အမည်ရေးပြီး"save" ကိုနှိပ်ပေးလိုက်ပါ။
အပေါ်ကအချက်ပြီးရင်တော့ Viber ထဲမှာ အပေါ်ကအမည်နဲပေါ်နေတာကို နှိပ်ပြီး စပြီးတော့ ပြည့်တွင်ဖုန်းနံပါတ်ကို မက်ဆေ့နဲဖုန်းဖေါ်ဆိုနိုင်ပါပြီး။
Free Call နှင့် Free Message မပေါ်ရင်တော့ အပေါ်ကအမည်နဲဖုန်းနံပါတ်ကိုနှိပ်ပြီး "Viber Call Out " ကိုတစ်ချက်နှိပ်လိုက်ရင်တော့ Free Call နဲ Free Message ပေါ်လာမှာဖြစ်ပါတယ်။
Android 4.1.ကနေ 5.0.1 အထိ Google App ထည့်သွင်းနိုင်တဲ့ MM Aio Gapp Installer(v1.1) APK
Google Appမပါတဲ့ဖုန်းတွေအတွက်google appတွေကိုထည့်သွင်းပေးမယ့်
MM Aio Gapp Installer(v1.1) APK ကိုတင်ပေးလိုက်ပါတည်။
MM Aio Gapp Installer ဆိုတဲ့ apk ကို ဒေါင်းပြီး APK ကိုအရင် Install လုပ်ပေးပါ။ ပြီးရင် Google App ကိုနှိပ်လိုက်ပါ ဖုန်း restart ကျသွားလိမ့်မယ်။ ပြန်တက်လာရင် Google App အလွယ်တစ်ကူ ရောက်ရှိလာပါမည်။
လိုအပ်ရင် အောက်မှာ ဒေါင်းယူပြီး အသုံးပြုနိုင်ပါသည်။
https://my.pcloud.com/publink/show?code=LxVrtalK
Android မိုဘိုင်းဖုန်းတွေမှာ Mobile Data နှင့် Wifi အလိုလျှေက်ပွင့်လာတာကိုဖြေရှင်းနည်း
အဲ့လိုဖြစ်လာတဲ့ခါမှာ Android ဖုန်း၏ Setting ထဲမှ Application Manager ၏ All နေရာတွင် "com.nb.superuser " ကိုရှာပြီး Clear Data အားနှိပ်ပေးပြီး "com.nb.superuser " ကိုဘဲ "Disable" တစ်ချက်နှိပ်ပေးပါ။
အော်တို့မပွင်ဘူးဆိုရင်တော့"com.nb.superuser " ကိုတွေ့ ရလိမ့်မည်မဟုတ်ပါ။
Wifi နှင့် Mobile Data ဟာ အော်တို ပွင့်ပွင့်လာမှသာ Setting>App>All နေရာမှာ "com.nb.superuser "ကိုတွေ့ ရမှာဖြစ်ပါတယ်။
အထက်ပါ (၂) ချက်ကိုလုပ်ဆောင်ခြင်းဖြင့် Wifi နှင့် Mobile Data အော်တို On လာကိုဖြေရှင်နိုင်ပါလိမ့်မည်။
(Zawgyi) COC (Clash of Clans) အကြောင်းနှင့်သမိုင်း
ဂိမ်းကစားမှုပုံစံ
စစ်သည်များ
အဆောက်အအုံများ
Clan စစ်ပွဲများ
ကျောက်မျက်ရတနာများ
(Unicode)
History and about of COC
==================================
Clash of Clans သည် ၂၀၁၂ ခုနှစ်တွင် Supercell မှ ထုတ်လုပ်ဖြန့်ချီခဲ့သော မိုဘိုင်းလ် ဗွီဒီယိုဂိမ်းတစ်ခု ဖြစ်သည်။ အိုင်အိုအက်စ်အတွက် ၂၀၁၂ ခုနှစ် ဩဂုတ် ၂ ရက်တွင် ဖြန့်ချီခဲ့သည်။[၁] အန်းဒရွိုက်အတွက် ကနေဒါနှင့် ဖင်လန်နိုင်ငံများတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြန့်ချီခဲ့ကာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဂူဂယ်ပလေး မှတဆင့် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီခဲ့သည်။
ဂိမ်းကစားမှုပုံစံ
Clash of Clans သည် အွန်လိုင်းပေါ်တွင် လူအမြောက်အများဖြင့် ကစားရသော ဂိမ်းဖြစ်သည်။ အုပ်စုဖွဲ့ခြင်း၊ စစ်သည်များ ထုတ်လုပ်ခြင်း၊ အခြားကစားသူများကို တိုက်ခိုက်ကာ ရွှေနှင့် elixir များအား ရယူခြင်း၊ အခြားကစားသူများမှ လာရောက်တိုက်ခိုက်မှုကို ခုခံရန် ခံစစ်များ တည်ဆောက်ခြင်း စသည်တို့ ပါဝင်သည်။ဂိမ်းထဲတွင် တစ်ဦးတည်း တိုက်ခိုက်ဆော့ကစားနိုင်သည့် နတ်ဆိုးကလေးများ၏ရွာများကို လိုက်လံတိုက်ခိုက်ရသော တိုက်ပွဲစဉ်လည်း ပါဝင်သည်။
စစ်သည်များ
စစ်သည်များအား အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃၊ Dark Elixir စစ်သည်များနှင့် သူရဲကောင်းများ (Heroes) ဟူ၍ ခွဲခြားနိုင်သည်
အဆင့် #၁ - လူရိုင်းများ (Barbarians) ၊ မြားပစ်သမားများ (Archers) နှင့် နတ်ဆိုးများ (Goblins) တို့ ပါဝင်သည်။
အဆင့် #၂ - ဧရာမလူသန်ကြီးများ (Giants)၊ တံတိုင်းဖြိုဖျက်သူများ (Wall Breakers) (ဗုံးများသယ်ဆောင်ထားသည့် အရိုးစုများ)၊ မီးပုံးပျံများ (Balloons) (မီးပုံးပျံပေါ်တွင် Wall Breakers များမှ ဗုံးများ ပစ်ချတိုက်ခိုက်သည်)၊ နှင့် မှော်ဆရာများ (Wizards) ပါဝင်သည်။
အဆင့် #၃ - နဂါးများ (Dragons)၊ ကုသပေးသူများ (Healers) နှင့် P.E.K.K.A (မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရသည့် ထူထပ်သော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ဓါးကိုင် စစ်သည်) များ ပါဝင်သည်။
Dark Elixir စစ်သည် - လက်ပါးစေများ (Minions) (ပျံသန်းနေသည့် မှင်စာများ)၊ ဝက်ထီးစီးသူများ (Hog Riders)၊ Valkyries ၊ အသက်ဝင်နေသော ရွံရုပ်ကြီးများ (Golems)၊ စုန်းမများ (Witches) နှင့် မီးလောင်နေသည့် အမဲလိုက်ခွေးများ (Lava Hounds) စသည်တို့ ပါဝင်သည်။ ဤစစ်သည်များ ထုတ်လုပ်ရန် "dark elixir" လိုအပ်ကာ လယ်ဗယ်အဆင့်မြင့်သို့ ရောက်ရှိမှ ရရှိနိုင်သည်။ ယင်းစစ်သည်တို့ကို "dark barracks" မှတဆင့် ထုတ်လုပ်ရသည်။
သူရဲကောင်းများ - လူရိုင်းဘုရင် (Barbarian King) နှင့် မြားပစ်ဘုရင်မ (Archer Queen) တို့ ပါဝင်သည်။ သူရဲကောင်းဟီးရိုးများမှာ မသေဆုံးနိုင်သူများဖြစ်ပြီး တစ်ခါသာ လေ့ကျင့်ထုတ်လုပ်ရန် လိုသည်။ ယင်းတို့အား အဆင့်မြှင့်တင်ရန်အတွက် dark elixir လိုအပ်သည်။
အဆောက်အအုံများ
ရွှေနှင့် elixir များရရှိနိုင်ရန်အတွက် ကစားသူသည် ရွှေသတ္တုတွင်းများ၊ ရွှေသိုလှောင်ရုံများ၊ elixir ထုတ်လုပ်သည့် အဆောက်အအုံ (elixir collectors) နှင့် elixir သိုလှောင်ရုံများကို ဆောက်လုပ်ရသည်။ Elixir ကို စစ်သည် ထုတ်လုပ်ရန်၊ ဓါတ်ခွဲခန်းတွင် စစ်သည်များ အဆင့်မြှင့်တင်ရန်အတွက် သုတေသနများ ပြုလုပ်ရန်၊ အချို့အဆောက်အအုံများအား အဆင့်မြှင့်တင်ရန် စသည်တို့တွင် အသုံးပြုသည်။ ရွှေကို ခံစစ်အဆောက်အအုံများ ဆောက်လုပ်ရန်၊ မြို့တော်ခန်းမအား အဆင့်မြှင့်ရန် စသည်တို့တွင် အသုံးပြုသည်။ လယ်ဗယ်အဆင့်မြင့်လာပါက dark elixir ကို ရရှိလာသည်။ dark elixir ကို စုဆောင်းရန်အတွက် dark elixir drill နှင့် dark elixir သိုလှောင်ရုံတို့ကို ဆောက်လုပ်ရသည်။
ကစားသူ၏ ရွာကို ခုခံကာကွယ်ရန်အတွက် အမြောက်များ၊ စိန်ပြောင်းမော်တာများ၊ ဗုံးများ၊ ထောင်ခြောက်များ၊ မြားပစ်မျှော်စင်များ၊ မှော်ဆရာမျှော်စင်များ ကို ဆောက်လုပ်နိုင်သည်။ မြို့တော်ခန်းမ အဆင့်မြင့်လာသည်နှင့်အမျှ အဆင့်မြှင့်တင်နိုင်သည့် တံတိုင်းများကိုလည်း ဆောက်လုပ်နိုင်သည်။
Clan စစ်ပွဲများ
Clan ဟူသည် ကစားသူများ ပူးပေါင်းထူထောင်နိုင်သည့် ဂိုဏ်းများ ဖြစ်သည်။ Clan Castle အဆောက်အအုံအား ဆောက်လုပ်ပြီးစီးသည့် ကစားသူသည် ကလန်များသို့ ဝင်ရောက်နိုင်သည်။ ကလန်များအတွင်း စစ်သည်များ လှူဒါန်းနိုင်ခြင်း၊ ကလန်တွင်းရှိ ကစားသူများ အချင်းချင်း စာဖြင့် စကားပြောဆိုနိုင်ခြင်းများ ပြုလုပ်နိုင်သည်။ Clash of Clans ၏ အဓိကဂိမ်းကစားမှုပုံစံဖြစ်သည့် Clan War သည် ကလန်တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်တိုက်ခိုက်ရခြင်း ဖြစ်သည်။ ကလန်ခေါင်းဆောင် (Clan leader) နှင့် တွဲဖက်ခေါင်းဆောင် (co-leader) တို့မှ စစ်ပွဲကို စတင်နိုင်သည်။ စစ်ပွဲကြေငြာပြီးပါက "preparation day" ဟုခေါ်သည့် ပြင်ဆင်ချိန် တစ်ရက်နှင့် "war day" ဟုခေါ်သည့် တိုက်ပွဲရက် တစ်ရက် ရရှိသည်။ ကစားသူတစ်ယောက်သည် အခြားတစ်ဖက်ကလန်မှ ကစားသူတစ်ယောက်အား တိုက်ခိုက်ရာတွင် တစ်ဖက်ရွာအား ဖျက်ဆီးနိုင်မှု အခြေအနေပေါ်မူတည်၍ ကြယ်ပွင့်များ ရရှိသည်။ ကစားသူတစ်ယောက်သည် နှစ်ကြိမ် တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိသည်။ ကြယ်ပွင့်အများဆုံးရရှိသည့် ကလန်အား အောင်နိုင်သူအဖြစ် သတ်မှတ်သည်။ စစ်ပွဲအနိုင်ရရှိပါက တိုက်ခိုက်ကစားသူအတွက် အပိုဆု ရွှေ၊ elixir နှင့် dark elixir များရရှိသည်။
ကျောက်မျက်ရတနာများ
ရွှေနှင့် elixir တို့အပြင် ဂိမ်းထဲတွင် gems များကို ငွေကြေးအဖြစ် အသုံးပြုနိုင်သည်။ သမိုင်းမှတ်တိုင်များ ရောက်ရှိခြင်း၊ သတ်မှတ်ထားသော အောင်မြင်မှုများရရှိခြင်း၊ မိမိရွာနယ်နမိတ်အတွင်းရှိ အတားအဆီးများကို ရှင်းလင်းခြင်း စသည်တို့ဖြင့် Gems များကို ရရှိနိုင်သည်။ သို့သော် gems များကို ရရှိနိုင်မည့် အဓိကနည်းလမ်းမှာ ပြင်ပငွေကြေးဖြင့် ဝယ်ယူအသုံးပြုနိုင်ခြင်း ဖြစ်သည်။ Gems များကို စစ်သည်များ အလျင်အမြန်ထုတ်လုပ်ရန်၊ အဆင့်မြှင့်ဆောက်လုပ်မှုများ အမြန်ပြီးစီးရန် စသည်တို့တွင်လည်း အသုံးပြုနိုင်သည်။
#Togethermobile (Amarapura)