အကြောင်းအမျိုးမျိုးကြောင့် မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက် အဆင်ပြေမဲ့ နည်းလမ်းလေးပါ။ မိမိရဲ့ လက်ရှိ ပြောင်းမဲ့ COC Account ကို ဖုန်းဖြင့် ချိတ်ဆက်ပြီး COC Game ကို ၀င်လိုက်ပါ။
အောက်တွင်ပြထားသည့်အတိုင်း COC ရဲ့ Settings ထဲသို့ဝင်ရန် Settings အား နှိပ်လိုက်ပါ။
ဒါဆိုရင် Settings ထဲရောက်ရှိသွားပါမည်။ ပြီးရင်တော့ Help and Support သို့ ၀င်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Account ဆိုင်ရာ Setting သို့သွားရန် ပြထားသည့် My Account သို့ဝင်ပါ။
ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတွက် Save your progress with Google Play ကို ရွေးချယ်လိုက်ပါ။
သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင်း Message icon လေးကို နှိပ်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Clash Of Clans ကို Mail Message ပို့ရန် အောက်ပါအတိုင်း Box ပေါ်လာပါမည်။
ကျွန်တော်ရိုက်ထားသလို့မျိုး ရိုက်ပြီး အောက်က COC ID Gmail ထည့်ပြီး Send ခလုပ်ကို နှိပ်ပေးရပါမည်။
Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင်း Clash of Clans ရဲ့ Help And Support မှ စာပြန်ပို့သော Notification ပြနေပါလိမ့်မည်။
ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။
အောက်တွင်တွေ့ရသည့်အတိုင်း Clash Of Clans ရဲ့ Help and Support မှ သင့်ကို ပို့ပေးထားသော Message ကို တွေ့ရပါမည်။
ကဲ ကျွန်တော်ပြထားတဲ့ Clash of Clans ရဲ့ မေးခွန်းတွေပါတဲ့ စာသားများကို လိုက်ရှာလိုက်ပါ။
မေးထားတဲ့ မေးခွန်းတွေကတော့
(၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ?
(၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ?
(၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် Device သို့ Devices များကဘာလဲ?
ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ မေးခွန်း (၁)အတွက် ဒီအကောင့် COC ကို သင့်စပြီး ကစားခဲ့တဲ့ ရက်စွဲကို အနီးစပ်ဆုံး ဖြေပေးရပါမည်။ အနည်းဆုံးတော့ လ နှင့် နှစ် မှန်ရန်လိုအပ်ပါသည်။
မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မြို့အမည်ပါ။ သင်က ရန်ကုန်မှာ ကစားခဲ့တယ်ဆိုရင်တော့ Rangoon ပေါ့။ မန္တလေးမှာ ဆိုရင်တော့ Mandalay ပေါ့။
မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့သော ဖုန်းတစ်လုံးဆိုလျှင် တစ်လုံး၊ တစ်လုံးထပ်မက အများကြီးမှာ ကစားခဲ့ရင် အားလုံး ထည့်ရေးဖို့လိုအပ်ပါသည်။ ဥပမာ Huawei C8813, Acer Z210, Samsung Galaxy Grand Duos အစရှိသည်ဖြင့် အတိအကျ Model No ကိုပါ ရေးသားပေးပြီး Send ကို နှိပ်လိုက်ပါ။ နောက်ထပ် တစ်ရက်လောက်နေရင် Clash Of Clans မှ ထပ်ပြီး Message ပို့ပေးပါလိမ့်မည်။ သင်ဖြေဆိုမှု အောင်မြင်ရင်တော့ သင့်ရဲ့ အကောင့်ကို လက်ရှိ ID Gmail မှ အောက်ပါအတိုင်း Disconnected ဖြစ်သွားပါလိမ့်မည်။
ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေးသော Gmail Account တစ်ခုခုဖြင့် ချိတ်ဆက်ဖို့ Disconnected ကို နှိပ်ပြီး ချိတ်ဆက်နိုင်ပါပြီ။
#Togethermobile (Amarapura)
Together Mobile Apk Download link
website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း
Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ
Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း
Clash of Clans gmail ချိန်းနည်း
Redmi note 2 battery မခံခြင်းနှင့် စက်heat တက်ခြင်းကို ဖြေရှင်းနည်း
Redmin note 2 သည် အင်တာနက်မဖွင့်ဘဲ
သုံးလျှင်ပင် စက်ကပူလာပြီး bettery အားပါစား
လာသည်။ ထို ပြဿနာကို အောက်ပါ Themeကို
အသုံးပြုပြီး ဖြေရှင်းနိုင်ပါသည်။
Theme က ပန်းရောင်ဖြစ်သောကြောင့် အသုံးပြု
ရတာ အဆင်မပြေလျှင် Theme>customize theme
အတွင်းဝင်ပြီး လိုအပ်သလို ပြုပြင်နိုင်သည်။
Theme အတွင်းဝင်ပြီး တြိဂံလေးကို နှိပ်လျှင်
customize theme ကို တွေ့ရပါမည်။
ULAH ADIGUNG Theme ကိုသုံးလျှင် သိသာစွာ
Heat မတက်တော့ဘဲ battery အားပါ အသုံးခံလာ
ပါလိမ့်မည်။ လက်တွေ့ စမ်းသပ်ပြီးပါပြီ။
Redmi note 2 အသုံးပြုသူများ အဆင်ပြေကြပါစေ
ကြောင်း........
ULAH ADIGUNG Theme download link>>
http://zhuti.xiaomi.com/detail/813cd354-2fd8-4ced-b8d3-31bdf69ad0e2
#Togethermobile (Amarapura)
Xiaomi ဖုန်းများအတွက် gapp installer

Mi ဖုန်းများတွင် google play အသုံးပြုလိုပြီး
Root access လဲမရရှိသေးတဲ့ အတွက်
အခက်အခဲဖြစ်နေသူများအတွက်
Mi gapp installer apk လေးကို တင်ပေးလိုက်ပါသည်။ အသုံးပြုလိုသူများ အောက်ပါ link
မှာ download ယူနိုင်ပါသည်။
Root ဖောက်ထားရန် မလိုအပ်ပါ။
http://fs1.d-h.st/download/00163/ztjI/Google%20Installer.apk
#Togethermobile (Amarapura)
Viber ကနေ ပြည်တွင်ဖုန်းနံပါတ်ကို မက်ဆေ့နှင့် ဖုန်း Free Call တိုက်ရိုတ်ခေါ်ဆိုနိုင်
သာမန်အားဖြင့် ပြည်ပကနေ ပြည်တွင်ဖုန်းနံပါတ်တွေကို Viber ကနေတိုက်ရိုတ်ဖုန်းခေါ်လို့ မရတဲ့အတွက် ပြည်တွင်ကနေ ပြည်ပဖုန်းနံပါတ်ကို မက်ဆေ့ ဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ် အရင်ဆက်သွယ်လိုက်မှာသာ နှစ်ဦးနှစ်ဖက် ဖုန်းပြောဆိုခြင်းတွေကိုပြုလုပ်နိုင်မှာပါ။ အခုနည်းကတော့ ပြည်တွင်ကအရင်မဆက်ဘဲ ပြည်ပကနေတိုက်ဆက်သွယ်မှာဖြစ်ပါတယ်။
ပြုလုပ်ရမှာက
မိမိဖုန်း၏ Keypad မှာ +959 ခံပြီး ပြီး မြန်မာပြည်ဖုန်းနံပါတ်ုဖစ်တဲ့ 09 ကိုဖြုတ်ပြီး နောက် 9 လုံးကို ရိုတ်ထည့်ပါ။
ဥပမာ ဆိုကြပါစို။
မြန်မာပြည်ဖုန်းနံပါတ်က 09401653790 ဆိုရင်
ဖုန်းရဲ့ Keypad မှာရိုတ်ရမှာက +959401653790 ဖြစ်ပါတယ်။
ဖုန်း၏ Keypad မှာအပေါ်တိုင်ရိုတ်ပြီးရင်တော့ "Add to Contacts "နှိပ်ပြီး "Create Contact" နှိပ်ကား Name တွင် အမည်ရေးပြီး"save" ကိုနှိပ်ပေးလိုက်ပါ။
အပေါ်ကအချက်ပြီးရင်တော့ Viber ထဲမှာ အပေါ်ကအမည်နဲပေါ်နေတာကို နှိပ်ပြီး စပြီးတော့ ပြည့်တွင်ဖုန်းနံပါတ်ကို မက်ဆေ့နဲဖုန်းဖေါ်ဆိုနိုင်ပါပြီး။
Free Call နှင့် Free Message မပေါ်ရင်တော့ အပေါ်ကအမည်နဲဖုန်းနံပါတ်ကိုနှိပ်ပြီး "Viber Call Out " ကိုတစ်ချက်နှိပ်လိုက်ရင်တော့ Free Call နဲ Free Message ပေါ်လာမှာဖြစ်ပါတယ်။
Android 4.1.ကနေ 5.0.1 အထိ Google App ထည့်သွင်းနိုင်တဲ့ MM Aio Gapp Installer(v1.1) APK
Google Appမပါတဲ့ဖုန်းတွေအတွက်google appတွေကိုထည့်သွင်းပေးမယ့်
MM Aio Gapp Installer(v1.1) APK ကိုတင်ပေးလိုက်ပါတည်။
MM Aio Gapp Installer ဆိုတဲ့ apk ကို ဒေါင်းပြီး APK ကိုအရင် Install လုပ်ပေးပါ။ ပြီးရင် Google App ကိုနှိပ်လိုက်ပါ ဖုန်း restart ကျသွားလိမ့်မယ်။ ပြန်တက်လာရင် Google App အလွယ်တစ်ကူ ရောက်ရှိလာပါမည်။
လိုအပ်ရင် အောက်မှာ ဒေါင်းယူပြီး အသုံးပြုနိုင်ပါသည်။
https://my.pcloud.com/publink/show?code=LxVrtalK



















