Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

iOS 9.3 တွင် ပါဝင်လာမည့် feature သစ် (၇) မျိုး

Apple ၏ iOS update သစ်သည် မကြာမီတွင် iPhone နှင့် iPad သုံးစွဲသူများထံ ရောက်ရှိလာတော့မည် ဖြစ်သည်။ iOS 9.3 ကို ယခုအခါ developer preview အနေဖြင့် ဖြန့်ချိထားပြီး ၎င်းတွင် သုံးစွဲသူများအား ညဘက်၌ ကောင်းစွာအိပ်စက်စေနိုင်မည့် feature သစ်အပါအဝင် အဆင့်မြှင့်တင်မှုများ ပါဝင်လာသည်။

iOS 9.3 ကို developer preview အနေဖြင့်သာ ဖြန့်ချိထားသောကြောင့် iPhone နှင့် iPad သုံးစွဲသူများထံ မည်သည့်အချိန်၌ ဖြန့်ချိမည်ဆိုသည်ကိုမူ မသိရသေးပေ။ ပုံမှန်အနေဖြင့် Apple က ဖိုင်နယ်ဗားရှင်းမတိုင်းမီ လအနည်းငယ်အလိုတွင် preview ဗားရှင်းကို ဖြန့်ချိလေ့ရှိသည်။

ထို့အတွက်ကြောင့် iOS 9.3 ထွက်ရှိသည့်အခါ အသုံးပြုနိုင်မည့် ထိပ်တန်း feature သစ်များကို စာဖတ်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

ညဘက်တွင် ကောင်းစွာအိပ်စက်နိုင်စေမည့် Night Shift

ဖုန်း၏ screen က သုံးစွဲသူ၏ အိပ်စက်ခြင်းကို ထိခိုက်နိုင်ကြောင်း လေ့လာတွေ့ရှိချက်တစ်ခုတွင် ဖော်ပြထားသည်။ Apple သည် သုံးစွဲသူများအား ညဘက်တွင် ကောင်းစွာအိပ်စက်နိုင်စေရန်အတွက် Night Shift ဟုခေါ်သော feature သစ်ကို ထည့်သွင်းပေးထားသည်။ ၎င်းသည် ညဘက်တွင် screen ၏ အရောင်များကို ပြောင်းလဲပေးနိုင်သည်။

LED screen များမှထုတ်လွှတ်သော အပြာရောင်သည် melatonin ဟုခေါ်သော အိပ်စက်ရန် ဦးနှောက်အားစေခိုင်းသည့် ဟော်မုန်းထုတ်လုပ်မှုကို ရပ်တန့်စေကြောင်း သုတေသီများက ယုံကြည်ကြသည်။ တောက်ပသည့် အဖြူရောင်နှင့် အပြာရောင် undertone များကို အနီ၊ လိမ္မော်နှင့် အဝါရောင်ကဲ့သို့သော အနွေးရောင်များအဖြစ်သို့ ပြောင်းလဲခြင်းဖြင့် သုံးစွဲသူ၏ မျက်စိအား သက်သောင့်သက်သာရှိစေသလို သဘာဝအတိုင်း အိပ်ပျော်စေမည် ဖြစ်သည်။

Flux နှင့် Twilight ကဲ့သို့သော app များသည် ကွန်ပျူတာနှင့် Android ဖုန်းအတွက် အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်ပေးနိုင်သည်။ iOS 9.3 မတိုင်မီက screen အရောင်များပြောင်းလဲရန်အတွက် iOS ထုတ်ကုန်ကို jailbreak လုပ်ရန်လိုအပ်သည်။ Night Shift သည် iOS 9.3 တွင် built-in ပါဝင်လာမည် ဖြစ်ပြီး screen အရောင်ပြောင်းလဲခြင်းကို အချိန်ဇယားဖြင့် သတ်မှတ်ထားနိုင်မည် ဖြစ်သည်။
သုံးစွဲသူ စိတ်ဝင်စားသော အကြောင်းအရာကို ပိုမိုဖော်ပြပေးမည့် News app

Apple သည် တစ်နေရာတည်းတွင် သတင်းများဖတ်ရှုနိုင်စေမည့် News app ကို ပြီးခဲ့သည့်နှစ်က မိတ်ဆက်ပေးခဲ့သည်။ iOS 9.3 တွင် အဆင့်မြှင့်တင်ထားသည့် News app သည် သုံးစွဲသူ စိတ်ဝင်စားသော အကြောင်းအရာများကို ပိုမိုဖော်ပြပေးမည် ဖြစ်သည်။ သုံးစွဲသူ ဖတ်ရှုလိုသော အကြောင်းအရာများကို app က ပိုမိုဖော်ပြပေးမည့်အပြင် လတ်တလောရေပန်းစားနေသည့် သတင်းများကိုလည်း အကြံပြုဖော်ပြပေးမည် ဖြစ်သည်။ ထို့အပြင် ၎င်း app ၏ စွမ်းဆောင်ရည်ကိုလည်း အဆင့်မြှင့်တင်ထားသောကြောင့် feed တွင် ဗီဒီယိုကြည့်ရှုခြင်းနှင့် သတင်းဖော်ပြခြင်းကို ပိုမိုလျင်မြန်စေမည် ဖြစ်သည်။

By:
နောင်နောင်

မှတ်စုများကို password ဖြင့် ကာကွယ်ခြင်း

iOS 9.3 တွင် Notes app အတွင်းရှိ မှတ်စုများကို password ဖြင့် ကာကွယ်ထားနိုင်သည်။ မှတ်စုများကို နေ့စွဲ သို့မဟုတ် အကြောင်းအရာခေါင်းစဉ်ဖြင့် စီရီထားနိုင်သည်။

အဆင့်မြှင့်ထားသည့် Health app

iOS 9.3 တွင် အဆင့်မြှင့်ထားသည့် Health app သည် dashboard နှင့် ချိတ်ဆက်ထားသော third-party app များကို ဖော်ပြပေးမည်ဖြစ်သည်။ Apple Watch သုံးစွဲသူများကလည်း Health app မှစုဆောင်းထားသော အချက်အလက်များကို တွေ့မြင်ရမည်ဖြစ်သည်။

ပိုမိုကောင်းမွန်လာသည့် CarPlay

Apple ၏ ကားတွင်း ဖျော်ဖြေရေးနှင့် လမ်းကြောင်းပြစနစ်ဖြစ်သော CarPlay ကိုလည်း iOS 9.3 တွင် အဆင့်မြှင့်တင်ထားသည်။ CarPlay ဖြင့် Apple Music ကို အသုံးပြုသည့်အခါ အကြံပြုဖော်ပြထားသော သီချင်းများနှင့် အဆိုတော်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ ကားကိုမောင်းနှင်နေစဉ်တွင် Nearby feature သစ်က Maps ကို အသုံးပြုကာ အစားအသောက်၊ ဆီနှင့် အခြားဝန်ဆောင်မှုများကို ရှာဖွေပေးမည် ဖြစ်သည်။

ဆရာ/ဆရာမများအတွက် စမတ် tool များ

စာသင်ခန်းတစ်ခုတွင် iPad ကို ပိုမိုကောင်းမွန်သော သင်ကြားရေးအထောက်အကူ tool ဖြစ်လာစေရန်အတွက် iOS 9.3 တွင် အပိုဆောင်း feature များ ပါဝင်လာသည်။ Classroom app သည် ဆရာ/ဆရာမများက သင်ခန်းစာ အစီအစဉ်များ ပို့ချခြင်းနှင့် ကျောင်းသားများ၏ တိုးတက်မှုကို ခြေရာခံခြင်းတို့အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ကျောင်းသားများသည် iPad တစ်ခုတည်းတွင် မတူညီသော account များဖြင့် log in ပြုလုပ်ကာ ဝေမျှသုံးစွဲနိုင်သည်။ ထို့အပြင် ကျောင်းအုပ်ချုပ်ရေးမှူးများဖြင့် ဖန်တီးထားပြီး အလွယ်တကူ စီမံခန့်ခွဲနိုင်စေမည့် ပညာရေးအတွက် Apple ID များကိုလည်း Apple က မိတ်ဆက်ပေးထားသည်။

အခြား အဆင့်မြှင့်တင်မှုများ

iOS 9.3 တွင် အသေးစား feature သစ်များနှင့် အဆင့်မြှင့်တင်မှုများစွာ ထည့်သွင်းထားသည်။ iPhone 6S နှင့် 6S Plus တွင် Weather, Settings, Health, App Store, iTunes Store နှင့် Compass app များအတွက် 3D Touch shortcut သစ်များ ပါဝင်လာသည်။ ထို့အပြင် Photos app ရှိ ဓာတ်ပုံများကိုလည်း မိတ္တူပွားကာ မူရင်းကို သိမ်းဆည်းပြီး ကော်ပီကို ပြင်ဆင်မှုပြုလုပ်နိုင်သည်။ Siri ကလည်း ဟီဘရူး၊ ဖင်လန်နှင့် မလေးဘာသာစကားတို့ကို ထောက်ပံ့ပေးထားသည်။

Share: