Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

ထာဝရ ရောင်းအားအကောင်းဆုံးဖုန်းစာရင်းရဲ့ နံပါတ်(၃) နေရာမှာ IPhone 6 နဲ့ 6 Plus ရပ်တည်


Wikipedia မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး မိုဘိုင်းဖုန်းတွေကို စာရင်းပြုစုထားတာရှိပါတယ်။ (၁၉၉၂) ခုနှစ်ကစလို့ နှစ်အလိုက် ရောင်းအကောင်းဆုံး မိုဘိုင်းဖုန်း တွေနဲ့ မိုဘိုင်းဖုန်းတွေ စပေါ်စဉ်ကတည်းက အခုချိန်ထိ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ မိုဘိုင်းဖုန်းတွေကို တိတိကျကျ စာရင်းပြုစုထားပါတယ်။

ထာဝရရောင်းအားအကောင်းဆုံး စာရင်းရဲ့ နံပါတ်(၁) နေရာမှာ (၂၀၀၃)ခုနှစ်ကထွက်ရှိခဲ့တဲ့ Nokia 1100 ကရပ်တည်နေပြီး (၂၀၀၃) ခုနှစ်အတွင်းမှာတင် အလုံးရေ သန်း(၂၅၀) ရောင်းချခဲ့ရတာဖြစ်ပါတယ်။

နံပါတ်(၂) နေရာမှာက Nokia 1110 ရပ်တည်နေပြီး ထွက်ရှိခဲ့တဲ့ (၂၀၀၅) ခုနှစ်အတွင်းမှာတင် အလုံးရေ သန်း (၂၅၀) ရောင်းချခဲ့ရတာပါ။ သန်း (၂၅၀) ချင်းတူပေမယ့် အရေအတွက် အနည်းငယ်ကွာတဲ့အတွက် ဒုတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်နိုင်ပါတယ်။

အရင်က နံပါတ်(၁) ကနေ (၆) နေရာအထိ Nokia Handset တွေသာ နေရာယူထားပြီး နံပါတ်(၆) နေရာက Nokia 5230 ကတောင် အလုံးရေ သန်း(၁၅၀) ရောင်းချထားရပါတယ်။
အခု (၂၀၁၆) အကုန်စစ်တမ်းကောက်ချက်တွေအပြီးမှာတော့ (၂၀၁၄) ခုနှစ် စက်တင်ဘာလ အတွင်းက ထွက်ရှိခဲ့တဲ့ iPhone 6 နဲ့ 6 plus က နံပါတ်(၃) နေရာကို ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

iPhone 6 နဲ့ 6 plus က ပြိုင်တူထွက်ရှိခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်ခုပေါင်းရဲ့ ရောင်းအားကို ပေါင်းပြီး တွက်ချက်ခဲ့တာဖြစ်ကာ (၂၀၁၄) စက်တင်ဘာကနေ (၂၀၁၆) အကုန် အတွင်းမှာ နှစ်ခုပေါင်း အလုံးရေ သန်း(၂၂၀) ရောင်းချခဲ့ရတဲ့အတွက် အခုလို နံပါတ်(၃) နေရာကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

Nokia ဟာ မိုဘိုင်းဖုန်းလောကမှာ အချိန်အတော်ကြာ မင်းမူခဲ့ဖူးတဲ့ နန်းကျဘုရင်ဖြစ်တဲ့အတွက် အခု Android နဲ့ ထုတ်လုပ်လိုက်တဲ့ Nokia 6 အပါအဝင် ထပ်မံထွက်ရှိမယ့် စမတ်ဖုန်းတွေဟာ အရင် Nokia ရဲ့ စံချိန်တွေကို ပြန်ရနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Credit:digitaltimes.com.mm
Share:

0 comments:

Post a Comment