Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

ပတ်လမ်းလိုက်နည်း

မ်းလိုက်ရာတွင် အဆင်ပြေချောမွေ့စေဖို့
အထောက်အကူဖြစ်စေပါသည်
သို့သော် schematic ကိုနားလည်သောအမြင်
နှင့် PCB ပေါ်က တကယ့်လက်တွေ့အမြင်သည်
ကွာခြားမှုရှိပြီး ဆားဗစ်အတွေ့အကြုံရင့်ကျက်လာမှသာလျှင်
အမြင်နှစ်ခု ထပ်တူကြနိုင်ပါလိမ့်မည်
တစ်ခါတစ်ရံမှာ printed ပေါ်က PCB ပတ်လမ်းက ကြည့်ရင် ပိုလွယ် နားလည်လွယ်သလိုဖြစ်တတ်ပြီး Schematic
အနေနဲ့ ကိုယ့်ဘာသာချဆွဲပြီးမှ နားလည်နိုင်တဲ့
အခြေအနေမျိုးလည်း ရှိတတ်ပါတယ်
Schematic နားလည်အောင်သင်ခြင်း
ဖတ်ရှုသဘောပေါက်စေခြင်းသည်
တကယ့် စက်ပြားကိုမပြင်ခင် တကယ်ပြင်နေရ
သကဲ့သို့ အစမ်းလေ့ကျင်နေကြခြင်းသဘောဖြစ်ပြီး
တကယ့်လုပ်ငန်းခွင်တွင် များစွာအကျိုးပြုစေပါသည်
PCB ပေါ်တွင် လက်တွေ့စက်ပြင်နေရပေမယ့်
အခက်အခဲဖြစ်လာသည့်အခါ ပတ်လမ်းသဘော
တရားကို မျက်စိထဲမြင်ရောင်လာအောင်ပုံဖော်ပြီး
လွယ်ကူအောင် diagram အဖြစ်ပုံဖော်စဉ်းစား
တွေးခေါ်ယူတတ်ကြပါတယ်
Diagram မလိုပဲ စက်ပြင်နေကြပေမယ့်
လိုအပ်တဲ့အခါ အာရုံမှာ diagram ဆွဲနေတတ်ကြတာ စက်ဆရာများရဲ့အကျင့်ပါပဲ
Diagram မသိ Schematic နားမလည်သော
စက်ဆရာများအဖို့ကတော့ လက်တွေ့ PCB ပေါ်
မှာ အဖြေရှာမတွေ့နိုင်တဲ့အခြေအနေသည်
သူတို့အဖို့ လမ်းဆုံးသွားပြီဖြစ်ပြီး ဆက်လက်တွေး
ခေါ်ယူဆဖို့ က စိတ်ထင်တဲ့ဟာ လဲကြည့်ဖို့လောက်ပဲ
ရှိတော့ပြီး မရေရာဘူး မသေချာဘူး ဆိုတဲ့
လေးဖြူသီချင်းပဲ ဆိုရတော့မှာဖြစ်ပါတယ်
သို့အတွက် diagram သည် စက်ပြင်ရာတွင်
များစွာအထောက်အကူပြုသော်လည်း
Diagram မရှိတဲ့ စက်မျိုး ပတ်လမ်းမျိုးကို
Diagram မရှိဘဲ ပတ်လမ်းလိုက်နည်း
ယူဆနည်းလေးများကို ပြောပြချင်ပါတယ်
အမြင်မတူတာများ ရှိရင်လည်း ဖလှယ်ချင်
သင်ယူချင်ပါတယ် စိတ်ကြိုက်ဝေဖန်အကြံပြုနိုင်ပါတယ်
#တိုက်ရိုက်ဆက်သွယ်မှုပတ်လမ်းရှာဖွေခြင်း
direct connection (or) 0 Ohm
Connection အဖြစ်ရှာဖွေခြင်း
#အရင်းမှဒီလမ်းကြောင်းဘယ်ကလာတာလဲလို့
နောက်ကြောင်းပြန်လိုက်ခြင်း
( End to Start )
စတဲ့အခြေခံနည်းတွေကို အသုံးပြုပြီး လမ်းကြောင်းလိုက်ရာမှာ အမျိုးအစား
( ၂ )မျိုး ထပ်ခွဲနိုင်ပါတယ်
(၁) ဗို့အားလမ်းကြောင်းများကို ပတ်လမ်းလိုက်ခြင်း
( ၂ ) အချက်ပြ Signal လမ်းကြောင်းများကို
ပတ်လမ်းလိုက်ခြင်း
ဒီနေရာမှာ တစ်ချို့က Signal လမ်းကြောင်းအထဲမှာ Data လမ်းကြောင်းတွေ
Control Signal လမ်းကြောင်းတွေကိုပါ
ထည့်သွင်းပြီး အတူတူမှတ်ကြပါတယ်
Data Signal များ
Control Signal များ
Logic On Off Signal Enable Signal များ
I2C BUS Memory လမ်းကြောင်းများ
သည် Voltage တစ်ခုအပေါ်အခြေခံသော
Signal များဖြစ်ပြီး ပေးသွင်းရာလမ်းကြောင်းတွင် Coupling
Capacitor များကြားခံပြီးပေးသွင်းလေ့မရှိဘဲ
တိုက်ရိုက်ပတ်လမ်းဖြင့်သာပေးသွင်းတတ်ကြသဖြင့်
လမ်းကြောင်းလိုက်သည့်အခါ
ဗို့အားလမ်းကြောင်း ပတ်လမ်းလိုက်ခြင်း ယူဆမှု
မျိုးဖြင့်သာ လိုက်ရပါမည်
GND လမ်းကြောင်း
Vcc ခေါ် အပေါင်းလမ်းကြောင်းအကွဲများ
ဥပမာ TV မှာဆို
5V 8V 24V 110V 12V စသဖြင့်
ဆိုလိုတာက ဆားကစ်အတွင်း
တပ်ဆင်အသုံးပြုထားသော Components
များသည် အပေါင်းလမ်းကြောင်းနှင့်
အနှုတ်လမ်းကြောင်းအကြားတွင် သွားလာဆက်နွယ်နေကြပြီး GND ချထားသော
အခြေအနေမျိုးရှိသလို အပေါင်းလမ်းကြောင်းတစ်ခုခုမှ ဗို့အားလျှော့ချရယူထားခြင်း
ဆက်နွယ်ထားခြင်းသဘောများရှိနေတတ်ပြီး
မိမိလိုချင်သောလမ်းကြောင်းနှင့် မှားယွင်းယူဆနိုင်ပါသည်
ဆားကစ်ထဲ ရှိသမျှအပေါင်းလမ်းကြောင်းတွေ
သိနေမှတော့ကွာ ပတ်လမ်းတောင်လိုက်နေစရာ
မလိုတော့လောက်ဘူးလို့ ပြောချင်စရာရှိမှာပါ
အဲလိုမဟုတ်ပါဘူး ကျွန်တော်ဆိုလိုတာက
Point တစ်ခုအနေနဲ့သိထားရင် ရပါပြီ
ဥပမာ CRT TV စက်ပြားထဲမှာ
Standby 5V သည် Memory Ic
သို့မဟုတ် Remote Sensor
Power On 5V သည် Tuner MB
Power On 8V သည် RGB GND 8V
ဆော့ကဒ်အစွန်တစ်စ
အပေါင်းလမ်းကြောင်းများသည် Converter
အထွက်ဒိုင်အုတ်ထိပ်
စသဖြင့် နေရာတစ်နေရာ Point တစ်ခုခုဖြင့်
လမ်းကြောင်းတစ်ခုကို သိထားရုံလောက်ပဲဖြစ်ပြီး
၎င်းလမ်းကြောင်းများ၏ ရှိသမျှဘယ်သွားတယ်
ဆိုတာမျိုးမဟုတ်ပါဘူးခင်ဗျား
ဒါ.ကြောင့် Diagram မပါဘဲ
ပတ်လမ်းလိုက်နိုင်ဖို့ နားလည်နိုင်ဖို့
စက်ပြားအတွင်းမှာရှိနေတဲ့
အနှုတ်လမ်းကြောင်း GND
Standby အပေါင်းဗို့အားလမ်းကြောင်း နဲ့
Power On အပေါင်းဗို့အားလမ်းကြောင်းတွေကိုတော့
Point တစ်ခုအနေနဲ့ ကြိုသိထားဖို့ လိုအပ်ပါလိမ့်မယ်
Switch On မှထွက်လာမယ့် Voltage
Enable Signal ရမှ ထွက်လာမယ့် Voltage
Process တစ်ခုခုက command ပေးမှ
ထွက်လာမယ့် Voltage စတာတွေကိုလည်း
Point တစ်ခုအနေနဲ့ ကြိုသိထားနိုင်ပါက
ဆရာကျကျ ပတ်လမ်းလိုက်နိုင်သူတစ်ယောက်
ဖြစ်နိုင်ပါတယ်
ဥပမာ Recording လုပ်ပြီး Mic Bias
ထွက်မထွက် စမ်းသလိုမျိုးပေါ့
Post လည်းရှည်သွားပြီမို့ တော်လောက်ပြီဗျာ
စိတ်ဝင်စားပါက ဆက်လက်ပြောပြချင်ပါတယ်
Diagram မရှိဘဲပတ်လမ်းလိုက်နည်း
ဒါမှမဟုတ်
ဆားကစ်ပြားပေါ် မီတာလမ်းလျှောက်ခြင်းပေါ့ဗျာ
နေ၀င်းအီလက်ထရောနစ်
Credit:https://www.facebook.com/naywin.naywin.545
Share:

0 comments:

Post a Comment