Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Xiaomi မှ မိတ်ဆက်ပြခဲ့သော Mi 6 အကြောင်း


၂၀၁၇ ဧပြီလ ၁၉ ရက်နေ့မှာ Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို
Beijing မြို့၏ University Of Technology Gymnasium မှာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Mi 6 ကို 3D Curved Glass Body နဲ့ Mi 6 ၊ Ceramic ကိုယ်ထည်နဲ့ Mi 6 ဆိုပြီး ၂ မျိုးထုတ်လုပ်ပေးထားပါသည်။ ဖုန်းအတွင်းပာဝင်သော အချက်အလက်တွေများ အတူတူပင်ဖြစ်၏။
Mi 6 ၏ အဓိကထူးခြားချက်သည် နောက်ဆုံးထွက် Snapdragon အဆင့်မြင့် Processor ဖြစ်တဲ့ 835 Processor ကိုအသုံးပြုထားခြင်း ဖြစ်သည်။(လောလောဆယ်အထိတော့ Snapdragon 835 Processor ကိုသုံးထားတဲ့စမတ်ဖုန်းက အရေအတွက်အလွန်နည်းပါသေးသည်။
အထူးခြားဆုံးမှာ RAM 6GB အသုံးပြုထားခြင်းပင်
ဖြစ်သည်။
ထွက်ရှိထားသော Mi ဖုန်း series တွေနှင့် လုံးဝ
ကွဲပြားသွားသောအချက်မှာ နားကြပ်ပေါက် မပါရှိ
တော့ပေ။ သို့သော် နားကြပ်ပေါက်မပါတော့ပေမဲ့ နားကြပ်တပ်နားထောင်လိုလျှင် USB Type-C Port မှာ တပ်ပြီးနားထောင်နိုင်ပါ၏။
Home Button design မှာ Mi5S မှာ အသုံးပြုထားသလို ဖုန်း၏ ရှေ့ဘက်ခြမ်းမှာ Home Button ပုံစံ
ဖြင့် ဖန်သားပြင်အောက်မှာ Finger Print Sensor ကိုထည့်သွင်းထားခြင်းဖြစ်သည်။
Camara ပိုင်းမှာ Dual Camera ပါဝင်လာပါသည်။
Mi 6 ရဲ့ Dual Camera စနစ်ဟာ iPhone 7 Plus ရဲ့ Dual Camera စနစ်နဲ့ဆင်တူပါသည်။
12 MP Camera ၂ လုံးတပ်ဆင်ထားပြီး Camera တစ်လုံးက Wide-Angle Lens ဖြစ်ကာ ကျန်တစ်လုံးကတော့ Telepho Lens ဖြစ်ပါသည်။ ဒါပေမယ့် Screen ၅ လက်မအရွယ်ဖုန်းထဲမှာတော့ ဒီနည်းပညာစပါတာ Mi 6 စမတ်ဖုန်းပဲရှိပါသေးသည်။
ဓာတ်ပုံရိုက်ကူးရာမှာ 63 fps အထိရိုက်ကူးနိုင်ခြင်း (iPhone 7 မှာ 49 fps အထိပဲရိုက်ကူးနိုင်ပါတယ်)
Mi 6 ရဲ့ကင်မရာဟာ Portrait Mode လည်းပါဝင်တာကြောင့် ရိုက်ချင်တဲ့အရာကို Focus ဖြတ်ပြီးနောက်ခံအ၀ါးနဲ့ပုံရိပ်တွေကိုလည်း ရိုက်ကူးနိုင်၏။
Zoom ဆွဲရာမှာလည်း ရုပ်ထွက်အရည်အသွေးကျဆင်းမသွားစေမယ့် 2x Optical Lossless Zoom
နည်းပညာလည်းပါဝင်ပါသည်။
ဓာတ်ပုံ ၊ ဗီဒီယိုရိုက်ကူးရာမှာ လက်မငြိမ်တာတွေ ၊ တုန်ခါမှုတွေကိုချိန်ညှိပေးပြီး ရုပ်ထွက်တည်ငြိမ်မှုရှိစေမယ့် 4 axis OIS နည်းပညာလည်းပါဝင်ပါ၏။
-ထောင့်လေးထောင့်အနားသတ်များလုံးဝန်းသော Four-Sided 3D Curved Glass ဖြင့်ဖုံးအုပ်ထား
ခြင်း
-ဘေးဘောင်ကိုယ်ထည်ကို Stainless Frame ဖြင့်
ပြုလုပ်ထားခြင်း
အရင် Xiaomi ဖုန်းတွေနဲ့ယှဉ်လိုက်ရင် ဖုန်းရဲ့ဘေးဘောင်ကိုယ်ထည်ကတော့ အတော်လေးအကြမ်းခံသွားမယ့်အနေအထားပါပဲ။
-ရေစိုခံနိုင်ခြင်း
-Mi 6 မှာ Wifi ကွန်ရက်လိုင်းဖမ်းအားကိုပိုကောင်းမွန်စေပြီး Wifi သုံးရတာလည်းပိုမြန်စေမယ့် 2×2 dual Wi-Fi လို့ခေါ်တဲ့ Wifi Technology အသစ်ပါဝင်ပါတယ်။
-Mi 6 မှာ Battery အနေနဲ့ 3350 mAh Battery ပါဝင်ပါတယ်။ Mi 6 နဲ့ Screen size တူပြိုင်ဘက်စမတ်ဖုန်းတွေထက်တော့ Mi 6 ကဘက်ထရီ ပမာဏပိုမိုကြီးမားတယ်လို့ဆိုရမှာပါ။
-စမတ်ဖုန်းတွေရဲ့လုပ်ဆောင်ချက် ၊ အမြန်နှုန်းတွေကိုတိုင်းတာပေးတဲ့ Antutu ရဲ့ရမှတ်အနေနဲ့ Mi 6 ဟာ 184,292 အထိအမြင့်ဆုံးရရှိထားပါတယ်။ Galaxy S8 ကတော့ ရမှတ် 164,095 ရရှိထားပါတယ်။
ဈေးနှုန်းအနေနဲ့ RAM 6GB, Internal Memory 64 GB version ကတော့ မြန်မာငွေ ၅ သိန်းဝန်းကျင်ကျသင့်မှာပါ။ RAM 6 GB , Internal Memory 128 GB version ကတော့ မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်ကျသင့်မှာပါ။ Ceramic Edition နဲ့ Mi 6 ကတော့ RAM 6 GB , Internal Memory 128 GB တစ်မျိုးတည်းနဲ့ပဲထုတ်လုပ်မှာဖြစ်ပြီး မြန်မာငွေ ၆ သိန်းဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။
-5.15 inches Full HD Display (1080 x 1920 pixels, 428 ppi)Octa-core (4x2.45 GHz Kryo & 4x1.9 GHz Kryo),
-Qualcomm MSM8998 Snapdragon 835 Processor
-Android OS, v7.1.1 (Nougat)
-Internal storage 64/128 GB, 6 GB RAMDual 12 -MP primary camera with Dual-LED (dual Tone)
-8 MP front facing camera
-Fingerprint Sensor3G, 4G LTE, Dual SIM,
-NFC, GPS, Wi-Fi3350 mAh
-Non-removable Li-Po Battery
Credit:Ko Thet Naing Soe (MMAS)
Share:

0 comments:

Post a Comment