Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Transistor အုပ်စုအကြောင်းသိကောင်းစရာ



၁။ Transistor ဆိုတဲ့ Electronic Device က အီလက်ထရောနစ်ကို အခြေခံလေ့လာသူများအတွက် မရှိမဖြစ် သိသင့်သိထိုက်တဲ့ ပစ္စည်းလေးတစ်ခုပါ။ သူ့အကြောင်းကို သိသွားရင်လည်း လုပ်ငန်းတော်တော်များများမှာ အင်မ တန်မှ အသုံးဝင်လှပါတယ်။ ကျနော်အနေနဲ့ အခြေခံလေ့လာသူတွေအတွက် ရည်ရွယ်ပြီး Transistor အုပ်စု အကြောင်းကို ရှင်းလင်းဆွေးနွေးသွားပါ့မယ်။
Transistor အခြေခံ အကြောင်းများ
++++++++++++++++++++++++

၂။ Transistor ဆိုတာက အီလက်ထရောနစ် ခလုတ်(Switch) တစ်ခုအနေနဲ့ဖြစ်စေ၊ လျပ်စီးကြောင်းတွေ၊ Signal လေးတွေကို ချဲ့ပေးတဲ့(Amplifier) အနေနဲ့ဖြစ်စေ အလုပ်လုပ်ပေးတဲ့ အီလက်ထရောနစ် Device တစ်ခုဘဲ ဖြစ်ပါတယ်။ ဒီ Transistor ဆိုတဲ့ ကောင်လေးတွေကို အလုပ်လုပ်စေဖို့ ခိုင်းတဲ့နေရာမှာ တစ်ချို့ Transistor တွေက ဗို့(Volt;) ရော ၊ လျပ်စီးကြောင်း (Current) ရော ကိုအနည်းငယ်ပေးလိုက်မှ အလုပ်လုပ်သလို၊ တစ်ချို့ Transistor တွေကျတော့ ဗို့( Voltage) တစ်ခုတည်း ပေးလိုက်လည်း အလုပ်လုပ်ပါတယ်၊ လျပ်စီးကြောင်း ဆိုတာကို သိပ်ထည့်တွက်စရာမလိုပါဘူး။ ရှုပ်များသွားမလားဘဲ။ ဥပမာ- 2N3904 လို Transistor ဆိုရင် သူ့ရဲ့ Base ဆိုတဲ့ ငုတ်တစ်ချောင်းကို Volt: 0.65V နဲ့ Current =1mA ပေးမှ သူအလုပ်စလုပ်သလို Z44 Transistor မှာဆိုရင် သူ့ရဲ့ Gate ဆိုတဲ့ ငုတ်တစ်ချောင်းကို Volt: =2V မှ 4V ထိ ဗို့တစ်ခုတည်း ပေးရင်ဘဲ အလုပ်ကို စလုပ်နေပါပြီး။ ပုံ(၂)မှာ 2N3904 နဲ့ Z44 တို့ရဲ့ Datasheet ကို နမူနာပြထားပါတယ်။
၃။ နောက်မှတ်သားထားရမှာ တစ်ခုက Transistor တွေမှာ သူရဲ့ Base ဒါမှမဟုတ် Gate ကို Control မလုပ်သေးတဲ့ အခါ OFF- State မှာဘဲရှိနေပြီး တစ်ချို့ Transistor တွေကျတော့ Base ဒါမှမဟုတ် Gate ကို Control မလုပ်ရသေးတဲ့အခါ ON-State မှာ ရှိတတ်ကြပါတယ်။ ဥပမာ-BJT (Bipolar Junction Transistor ) မှာဆိုရင် Base ကို Control မလုပ်ရသေးတဲ့အခါ OFF-State မှာရှိနေသလို JFET (Junction Field Effect Transistor ) မှာဆိုရင် Gate ကို Control မလုပ်ရသေးတဲ့အချိန်မှာ ON-State မှာရှိနေပါတယ်။ နည်းပညာပိုင်း အခေါ်အဝေါ်အရ Transistor တွေမှာ ON-State ကို#Saturation (ဆက်ကြူရေးရှင်း) လို့သတ်မှတ်ပြီး OFF-State ကို #Cut-Off (ကတ်အော့ဖ်) လို့သတ်မှတ်ကြပါတယ်။
၎။ ကျွန်တော်တို့ Transistor အကြောင်းကို အကန့်လိုက် ၊ အပိုင်းလိုက်လေးတွေ ခွဲပြီးလေ့လာ ကြည့်ပါ့ မယ်။
Transistor အမျိုးအစားများ
++++++++++++++++++
၅။ Transistor အမျိုးအစားတွေအနေနဲ့ အောက်မှာဖေါ်ပြထားတဲ့ အတိုင်းခွဲခြားနိုင်ပါတယ်။
(က) BJT(Bipolar Junction Transistor)
(ခ) FET (Field Effect Transistor)
(ဂ) MOSFET (Metal Oxide Semiconductor Field Effect Transistor)
(ဃ) JFET (Junction Field Effect Transistor)
(င) UJT (Uni-junction Transistor)
(စ) PUT( Programmable Uni-junction Transistor)
#အပိုင်း (၁)
**********

Bipolar Junction Transistor အကြောင်း
+++++++++++++++++++++++++++++
၆။ BJT Transistor မှာ NPN (Negative Positive Negative) နဲ့ PNP (Positive Negative Positive) ဆိုတဲ့ အမျိုးအစား (၂) မျိုးရှိပါတယ်။ BJT Transistor တွေမှာ ခြေထောက်(Lead) (၃)ချောင်းပါဝင်ပြီးတော့ သူတို့ကို B,C,E လို့သတ်မှတ်လေ့ရှိပါတယ်။ B ဆိုတာက Base ၊ C ဆိုတာ Collector ၊ E ဆိုတာက Emitter လို့ ခေါ်ပါတယ်။ ပုံ(၃)မှာ BJT Transistor တစ်လုံး တည်ဆောက်ထားတဲ့ပုံစံကို ပြပေးထားပါတယ်။


၇။ နောက်တစ်ခု ကျွန်တော်တို့ဘာထပ်သိထားရမလဲ။ NPN ကဘယ်လို အခြေအနေမှာအလုပ်လုပ်တယ်။ PNP ကဘယ်လိုအခြေအနေမှာ အလုပ်လုပ်တယ်ဆိုတာ ကောင်းကောင်းသိရပါ့မယ်။ #NPN BJT Transistor တွေမှာဆိုရင် ခြေထောက်(၃)ချောင်းရှိတဲ့ အနက်က Base(B)ဆိုတဲ့ ခြေထောက်ကို ဗို့ (0.6V) (Forward Biased) လျပ်စီးကြောင်း(Current) (0.2mA) ပေးမှသာ ON-State ကိုရောက်နိုင်မှာဖြစ်ပါတယ်။ ON-State( Saturation) ကိုရောက်တာနဲ့ Current က Collector ကနေ Emitter ကို ဖြတ်သန်းစီးဆင်းစေမှာဘဲ ဖြစ်ပါတယ်။NPN မှာ Base မှာ လျပ်စီးကြောင်းရယ်၊ ဗို့ရယ် မရှိရင် OFF-State (Cut-Off) ဘဲဖြစ်ပါတယ်။ #PNPTransistor တွေမှာဆိုရင်တော့ Base မှာ -0.6V (Reverse Biased) ရှိမှသာ Emitter ကနေ Collector ဆီကို Current ကဖြတ်သန်း စီးဆင်းစေမှာ ဖြစ်ပါတယ်။ ဒီ ON-State(Saturation) နဲ့ OFF-State(Cut-Off) အခြေအနေ လေးတွေကို ပုံ(၄+၅) မှာ နားလည်မှတ်မိလွယ်တဲ့ ပုံလေးနဲ့ ပြပေးထားပါတယ်။

၈။ Transistor တွေမှာ ကျနော်တို့ မှတ်သားထားရမှာလေးတစ်ခုက hfe တန်ဖိုးပါ။ သူ့ကို Beta(B) နဲ့ပြသလေ့ လည်းရှိပါတယ်။ အရှင်းဆုံးပြောရရင် Transistor တစ်ခုရဲ့ hfe ဆိုတာက သူ့ရဲ့ ချဲ့ပေးနိုင်တဲ့ အဆပမာဏပါ။ ဥပမာနဲ့ပြော ရရင် Transistor တစ်ခုမှာသူ့ရဲ့ hfe တန်ဖိုးက 100 ဖြစ်တယ်ဆိုပါဆို့ ။ Base မှာ 1mA လျပ်စီးကြောင်းလေးတစ်ခု ပေးလိုက်တဲ့အချိန်မှာ Collector ကနေချဲ့ပြီးစီးဆင်းလာနိုင်တဲ့ Current က 100mA ဖြစ်ပါတယ်။ Transistor တွေမှာ hfe တန်ဖိုး 100ကနေ 500 ထိရှိပါတယ်။ Transistor တစ် လုံးကို Amplifier အနေနဲ့ သုံးတဲ့အခါမှာ hfe တန်ဖိုးကမဖြစ်မနေ သိရမှာဘဲ ဖြစ်ပါတယ်။ Transistor တစ်ခုရဲ့ hfe တန်ဖိုးတွက်ချက် ပုံကို ပုံ( ၆)မှာ နမူနာပြပေးထားပါတယ်။
BJT Transistor အမျိုးအစားများ
+++++++++++++++++++++++

၉။ BJT Transistor တွေကို အမျိုးအစားအနေနဲ့ (၃)မျိုးလောက်ခွထားပါတယ်။ အမျိုးအစားတွေကို အောက် မှာပြပေးထားပါတယ်။
(က) Small Signal / General Purpose BJT Transistor
(ခ) Power BJT Transistor
(ဂ) RF BJT Transistor
ပုံ( ၇)မှာ BJT Transistor အုပ်စုခွဲထားတဲ့ ပုံတွေကို နမူနာပြပေးထားပါတယ်။
၁၀။ BJT Transistor တစ်လုံးကို သုံးတော့မယ်ဆိုရင် မဖြစ်မနေသိထိုက်တဲ့ အချက်အလက်လေးတွေကို အောက်မှာဖေါ်ပြပေးထားပါတယ်။
(က) #Situation (ON)>> Situation ဆိုတာ NPN Transistor တစ်ခုမှာ Collector ကနေ Emitter ဆီကို
Current စီးဆင်းသွားခြင်း၊ PNP-Transistor တစ်ခုမှာဆိုရင် Emitter ကနေ Collector သို့ Current
စီးဆင်းသွားနေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။
(ခ) #Cut-Off (Off) >> Cut-Off ဆိုတာက NPN ဘဲဖြစ်ဖြစ် PNP ဘဲဖြစ်ဖြစ် Current စီးဆင်းမှုမရှိတဲ့
အခြေအနေတစ်ရပ် ဘဲဖြစ်ပါတယ်။
Transistor B,C,Eအား Digital Meter ဖြင့် ခွဲခြားခြင်း
+++++++++++++++++++++++++++++++++++

၁၁။ Digital Meter မှာ Diode Scale တွင်ထား၊ Meterရဲ့ Probe #အနီရောင်ကို TR: ရဲ့ Pin တစ်ချောင်းမှာ ထောက်၊ ကျန် Pin (၂)ချောင်းကိုProbe #အနက်ရောင်လိုက်တိုင်းကြည့်၊ 0.6v ကျော်ကျော် Pin(၂)ချောင်းလုံး ပြသလား၊ #မပြရင် နောက်Pin ၁ ချောင်းမှာပြောင်းပြီး Probe #အနီကိုထောက်၊ Probe #အနက်နဲ့ ကျန် Pin (၂)ချောင်းကိုလိုက်တိုင်း 0.6v ကျော်ကျော် ၂ ချောင်းလုံးမှာပြလား ကြည့် ၊ ပြရင် Probe#အနီကို ဘုံထားပြီးကျန်pin ၂ချောင်းကို လိုက်တိုင်းတာမလို့ NPN Transistor ဖြစ်ပါတယ်။ Pin ၂ချောင်းကိုတိုင်း တဲ့နေရာမှာ Volt:တန်ဖိုးအနည်းငယ်လေး ကြီးနေတာက Emitter ၊ ငယ်တဲ့ခြေထောက်က Collector ဖြစ်ပါတယ်။
၁၂။ Probe #အနက်ကိုဘုံထားပြီး Probe #အနီနဲ့လိုက်တိုင်းကြည့်လို့ တိုင်းကြည့်တဲ့ pin (၂)ချောင်းက 0.6 V Scale ပြရင်တော့# PNP Transistor ဖြစ်ပါတယ်။ NPN နဲ့ PNP မှာ Emitter ၊ Collector ခွဲတာကအတူတူဘဲဖြစ်ပါတယ်။ ကျနော်ကတော့ B,C,E နဲ့ N-Type၊ P-Type ခွဲတာကို Digital Meter ကိုဘဲ အသုံးပြုတိုင်းတာဖြစ်လို့ ဒီနည်းကိုဘဲဖေါ်ပြတာဖြစ်ပါတယ်။ အဲသလိုတိုင်းတဲ့နေရာမှာ pin တစ်ချောင်းချောင်းက (0) Scale ပြနေရင် Short ၊ (1)Scale ပြနေရင် Open ။ ပုံ( ၈ )မှာ Digital Meterတိုင်းတာခြင်း နမူနာပြထား ပါတယ်။

၁၃။ ပုံ( ၉) အနေနဲ့ NPN Transistor တစ်လုံး Circuit board ပတ်လမ်းမှာ ချို့ယွင်းတဲ့အခါ ဖေါ်ပြတဲ့ အခြေအနေ လေးတွေ ကို ပြထားပါတယ်။
#အပိုင်း(၂)မှာ Field Effect Transistor (FET) ကိုဆက်လက်ဖေါ်ပြသွားပါ့မယ်….
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ
Credit:ကိုသားငယ် ( BE,EC ) https://www.facebook.com/reader.yun?hc_ref=ARTxcHpv-q04-IwKuGoluMpVMJFk0sfmha83OsBsptu91hDQ_zX5xcqSjQRo_I3gWV4
Share:

0 comments:

Post a Comment