Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

4G or LTE အကြောင်း


ယခုဆိုလျှင် ကျွန်တော်တို့ နိုင်ငံမှာ မိုဘိုင်းကွန်ရက် နည်းပညာ အသစ်တစ်ခုဖြစ်တဲ့ 4G အတွက် လိုင်းစင်နှုန်းထားတွေရဲ့ လိုင်စင်ချထားပေးဖို့ ပြင်ဆင်နေပါပြီ။ မိုဘိုင်းအော်ပရေတာ တစ်ခုဖြစ်တဲ့ အော်ရီဒူးကလည်း 4G ကို လိုင်စဉ်ချပေးတာနဲ့ စတင်ဝန်ဆောင်မှု ပေးပါမယ်လို့ တရားဝင်ကြေညာ ထားပါတယ်။ တစ်ခြားအော်ပရေတာ တွေကလည်း 4G ကွန်ရက်အတွက် အသင့်ဖြစ်နေပါပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ သိပ်မဝေးတော့တဲ့ ကာလမှာ 4G နည်းပညာကို စတင်ထိတွေ့ နိုင်တော့မှာပါ။ ဒီလိုမကြာခင် စတင်သုံးစွဲနိုင်တော့မယ် 4G နည်းပညာနဲ့ ပတ်သက်ပြီး သိထားသင့်တာ လေးတွေကို မိတ်ဆက်တဲ့အနေနဲ့ တင်ပြပေးလိုက်ပါတယ်။

4G ဆိုတာဘာလဲ?
4G (Fourth Generation) ဆိုတာကတော့ GSM မိုဘိုင်းကွန်ရက်ရဲ့ စတုတ္ထမြောက် မျိုးဆက်ကို ဆိုလိုတာပါ။ သူ့ရှေ့က မျိုးဆက်ကတော့ ၁၉၉၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ 3G ပါဘဲ။ 4G ဆိုတာ တကယ်တော့ International Telecommunication Union (ITU) က သတ်မှတ်ပေးထားတဲ့ စံသတ်မှတ်ချက် တစ်ခုပါ။ လက်ရှိအချိန်မှာတော့ 4G အဆင့်မီတယ်လို့ ITU က အသိအမှတ် ပြုထားတဲ့ ကွန်ရက်နည်း ပညာနှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ LTE (Long Term Evolution) နဲ့ Mobile WiMax တို့ပါဘဲ။ LTE ကို တောင်ကိုရီးယားမှာ ၂၀၀၇ ခုနှစ်က စတင်အသုံးပြု ခဲ့ပါတယ်။ LTE ကတော့ လူသိအများဆုံး 4G ကွန်ရက်နည်းပညာ တစ်ခုပါဘဲ။ WiMax ကိုတော့ နော်ဝေးနဲ့ ဆွီဒင်မှာ ၂၀၀၉ ခုနှစ်က စတင်အသုံးပြု ခဲ့ပါတယ်။

4G ဟာ အရင် 2G, 3G တွေထက် download speed ရော upload speed ပါ အရမ်းမြန်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ 4G မှာ Orthogonal Frequency-Division Multiplexing (OFDM) နည်းပညာကို အသုံးပြု ထားလို့ပါဘဲ။ ဒီနည်းပညာဟာ radio frequency တစ်ခုမှာ data တွေ အရင်ထက် ပိုပြီးများများ သယ်နိုင်အောင်လို့ ပြုလုပ်ပေးပါတယ်။ ဒါကြောင့်မို့ 4G ရဲ့ အမြန်နှုန်းက မြင့်နေတာပါ။

Multiple-Input and multiple-output (MIMO) ဆိုတဲ့ နည်းပညာကလည်း 4G ကို ပိုမြန်စေတဲ့ အကြောင်းအရင်း တစ်ရပ်ပါဘဲ။ ဒီနည်းပညာဟာ တာဝါတိုင်မှာရော မိုဘိုင်းဖုန်းမှာပါ အင်တာနာ နှစ်ခု ဒါမှမဟုတ် လေးခု တစ်ပြိုင်နက် အသုံးပြုစေတာကြောင့် bandwidth ကို ထပ်ချဲ့စရာ မလိုအပ်ဘဲ speed ကို မြှင့်တင်ပေးပါတယ်။ 4G စမတ်ဖုန်း အများစုကတော့ 2×2 MIMO တပ်ဆင်ထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ 4×4 MIMO ကို တပ်ဆင် ပေးထားပါတယ်။ ဒါကြောင့် 4G ချင်းအတူတူ ဖုန်းတစ်လုံးက ပိုမြန်ပြီး ဖုန်းတစ်လုံးက ပိုနှေးတယ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။

4G နဲ့ 3G ဘာတွေကွာခြားလဲ?

4G နဲ့ 3G ရဲ့ အဓိက ကွာခြားချက်ကတော့ speed ပါဘဲ။ 3G ရဲ့ theoretical peak speed ဟာ 100Mbps အထိဘဲ ရှိပါတယ်။ 4G ကတော့ 1 Gbps အထိရှိပါတယ်။ လက်တွေမှာတော့ 4G ဟာ အဲ့လောက် မမြန်ပေမယ့် 3G ထက် ၁၀ ဆတော့ မြန်နေဆဲပါဘဲ။ လက်တွေ့မှာ တိုင်းတာချက်တွေအရ 4G ရဲ့ speed ဟာ 20 Mbps ကနေ 30 Mbps လောက်အထိ ရှိပါတယ်။ 3G က 384 kbps ကနေ 7.2Mbps အထိပဲ မြန်ပါတယ်။ 4G ရဲ့ speed က 3G ထက် ပိုပြီးတည်ငြိမ်ပါတယ်။ ဒါဟာ file size သေးသေးလေးတွေကို download ဆွဲရာမှာ မသိသာပေမယ့် app တွေ video တွေလို file size ကြီးတာတွေကို download ဆွဲရင်တော့ သိသာပါတယ်။ လေ့လာခက်တစ်ခုအရ 50 MB ရှိတဲ့ app တစ်ခုကို download ပြုလုပ်ရာမှာ 3G မှာ ၃၈ စက္ကန့်ကြာပြီး 4G မှာတော့ ၁၂ စက္ကန့်ဘဲ ကြာပါတယ်။ 5 MB ရှိတဲ့ သီချင်းတစ်ပုဒ်ကို download ဆွဲရာမှာတော့ 3G မှာ ၃ စက္ကန့်ကြာပြီး 4G မှာတော့ ၁ စက္ကန့်ဘဲ ကြာပါတယ်။ 3G ရဲ့ speed က တက်လိုက်ကျလိုက်နဲ့ မတည်ငြိမ်ဘဲ 4G ကတော့ တည်ငြိမ်တာကြောင့် ဒီလိုကွာခြား သွားတာပါ။

2G နဲ့ 3G ဟာ voice အတွက်သာ ရည်ရွယ်ပြီး design ဆွဲထားတာပါ။ 4G ကတော့ data transmission အတွက် အဓိကထားပြီး design ဆွဲထားတာပါ။ ဒါကြောင်မို့ 4G ကို ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းတွေဟာ data တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် လက်ခံရယူနိုင် ပေးပို့နိုင်ပါတယ်။ data အတွက် ဦးတည်ပြီး ပြုလုပ်ထားတာဖြစ်လို့ 4G ကိုသုံးပြီး resolution ကောင်းတဲ့ video တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို video conference, video call စသည်တို့ကိုလည်း ချောမွေ့စွာ လုပ်ဆောင်နိုင်မှာပါ။

Operator အများစုဟာ 4G ကို Ipv6 နဲ့ တွဲသုံးလေ့ ရှိပါတယ်။ Ipv ဆိုတာတော့ အင်တာနက်ကို ချိတ်ဆက်တဲ့နေရာမှာ device တွေအတွက် လိပ်စာ (IP address) သတ်မှတ်ပေးတဲ့ နည်းပညာပါဘဲ။ Ipv4 မှာ အက္ခရာ 32 bit သာ ပါဝင်တာကြောင့် IP address ပေါင်း ၄ ဘီလီယျံ လောက်ကိုသာ ပေးနိုင်ပါတယ်။ သိကြတဲ့အတိုင်းဘဲ ယနေ့ခေတ်မှာ အင်တာနက်ကို ချိတ်ဆက်တဲ့ device တွေဟာ ၂ ဘီလီယျံ မကတော့ပါဘူး။ ဒါကြောင့် မလောက်မငတွေဖြစ်ပြီး Network Address Translator (NAT) တွေကို ကြားခံအသုံးပြု ရပါတော့တယ်။ အဲ့ဒီအခါ အချိန်ပိုကြာတာတွေ၊ လုံခြုံရေး အားနည်းတာတွေ ဖြစ်လာပါတော့တယ်။ Ipv6 ကတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ 128 bit address ကို သုံးတဲ့ အတွက်ကြောင့် address ပေါင်း 3.4 × 108 အထိ ထောက်ပံ့နိုင်ပါတယ်။ ဒါကြောင့် device တစ်ခုစီမှာ ကိုယ်ပိုင် unique IP address တစ်ခုစီနဲ့ အင်တာနက်ကို လုံလုံခြုံခြုံ မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်မှာပါ။

4G ရဲ့အားသာချက်နဲ့ အကျိုး ကျေးဇူးတွေ

(၁) မြန်နှုန်းမြင့် အင်တာနက်ကို ထောက်ပံ့နိုင်ခြင်း

4G ကွန်ရက်ရဲ့ အဓိက အားသာချက်ကတော့ data transfer rate အရမ်းမြန်တာပါဘဲ။ လက်ရှိ 3G ထက် ၁၀ ဆလောက် ပိုမြန်ပါတယ်။ သီအိုရီအရ 4G ကွန်ရက်ဟာ local user ကို 1 Gbps အထိ ထောက်ပံ့နိုင်ပြီး mobile user ကို 100 Mbps အထိ ထောက်ပံ့နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆက်ကြောင်းတွေ များရင်များသလို 4G ရဲ့ speed ကလည်း မြန်မှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ app တွေ၊ file တွေကို မြန်မြန်ဆန်ဆန် download ပြလုပ်နိုင်မှာပါ။

(၂) လိုင်းအားကောင်းခြင်း

4G ကွန်ရက်ဟာ လက်ရှိမိုဘိုင်း ကွန်ရက်နည်းပညာ တွေထဲမှာ ခေတ်အမီဆုံးနဲ့ အဆင့်မြင့်ဆုံး နည်းပညာ ဖြစ်ပါတယ်။ ဒါကြောင့် တာဝါတိုင်တွေက ထုတ်လွှင့်လိုက်တဲ့ လိုင်းအားက ကောင်းနေမှာပါ။ ဒါ့အပြင် 4G ဟာ အရင်မျိုးဆက်တွေထက် လိုင်းအားပိုကောင်းကြောင်း စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သုံးစွဲသူတွေအနေနဲ့ အိမ်ထဲ ၊ တိုက်ခန်းထဲ ရောက်နေလို့ လိုင်းမမိတာတွေ လိုင်းအားနည်းတာတွေ သိပ်ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး။

(၃) Video Streaming ကို ချောမွေ့စွာ ပြုလုပ်နိုင်ခြင်း

4G ဟာ မြန်နှုန်းမြင့် အင်တာနက်ကို ထောက်ပံ့နိုင်တာကြောင့် video streaming ကို အထစ်အငေါ့မရှိ ချောမွေ့စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိတဲ့အတိုင်း လက်ရှိ 3G နဲ့ Youtube video တွေကို ပြတ်တောင်း ပြတ်တောင်းနဲ့သာ ကြည့်နေရတာပါ။ ဒါတောင် HD resolution မဟုတ်သေးပါဘူး။ 4G မှာတော့ Full HD video တွေကိုတောင် မြန်ဆန်ချောမွေ့စွာ ကြည့်ရှုနိုင်မှာပါ။ 4G ကိုသုံးပြီး အွန်လိုင်းကနေ video နဲ့သင်ယူတာတွေ၊ သတင်း video ကြည့်တာတွေ၊ ဘောလုံးပွဲ live ကြည့်တာတွေကို ပြုလုပ်နိုင်မှာပါ။

(၄) Internet Call များ အဆင်ပြေစွာ ပြုလုပ်နိုင်ခြင်း

Internet call ဆိုတာကတော့ Skype တို့ Viber Out တို့လို အင်တာနက်ကနေ တစ်ဆင့် ဖုန်းခေါ်ဆိုတာကို ပြောတာပါ။ လက်ရှိ 3G မှာတော့ voice call တောင် သိပ်အဆင် မပြေသေးပါဘူး။ video call ဆိုရင် ပိုဆိုးပါတယ်။ 4G ကတော့ Internet voice call ရော video call ပါ အဆင်ပြေစွာ ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

(၅) နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုခြင်း

ယနေ့ခေတ်မှာ အင်တာနက်နဲ့ လွတ်ကင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ကုမ္ပဏီတွေ ခပ်ရှားရှားရယ်ပါ။ အင်တာနက်ကို လုံးဝအားထား နေရတဲ့ မီဒီယာတွေ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ နိုင်ငံတကာနဲ့ ဆက်သွယ်နေရတဲ့ ကုမ္ပဏီတွေရဲ့ အရေအတွက်ကလည်း တိုးပြီးရင်း တိုးပွားလာနေပါတယ်။ ဒါကြောင့် မြန်နှုန်းမြင့် အင်တာနက်ကို ပေးနိုင်တဲ့ 4G ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ UK မှာ Capital Economics ကနေ လေ့လာချက်အရ UK မှာ 4G ကို ဝန်ဆောင်မှု ပေးတာဟာ တိုက်ရိုက်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို စတာလင်ပေါင် ၅.၅ ဘီလီယျံအထိ ပိုရစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် GDP ကိုလည်း 0.5% တိုးစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ဒီထက်မက ပိုတိုးတက် နိုင်ကြောင်းကိုလည်း တင်ပြခဲ့ပါတယ်။

4G ရဲ့ အားနည်းချက်တွေ

4G မှာ အားနည်းချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ 4G အသုံးပြုဖို့အတွက် 4G enabled handset တစ်လုံးတော့ အသစ်ဝယ်ယူ ရမှာပါ။ ပြီးတော့ 4G ဖုန်းတွေဟာ အင်တာနာ နှစ်ချောင်းကို တစ်ပြိုင်နက် အသုံးပြုတာကြောင့် battery အကုန်မြန်စေပါတယ်။ ဒီပြဿနာကိုတော့ လိုအပ်ရင် 3G ပြောင်းထားခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ် အားနည်းချက် တစ်ခုကတော့ လုံခြုံရေး အားနည်းတာပါ။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၂၇ ရက်နေ့မှာ Daily Mai က 4G ဟာ 3G ထက် လုံခြုံရေး ပိုအားနည်းကြောင်း သုတေသီတွေ ရှာဖွေတွေ့ရှိ ထားတယ်လို့ သတင်းရေးသား ထားပါတယ်။ 4G ကွန်ရက်မှာ open protocol ကို သုံးတာကြောင့် SS7 protocol ကိုသုံးတဲ့ 3G ထက် ပိုမြန်ပေမယ့် ဟက်ကာတွေ အနေနဲ့ ပိုမိုလွယ်ကူစွာ ထိုးဖောက် နိုင်ပါတယ်လို့ ရေးသားထားပါတယ်။ ဒါကတော့ လက်ရှိအချိန်မှ4G ရဲ့ အကြီးမားဆုံး အားနည်းချက်ပါဘဲ။ ဒါပေမယ့် အော်ပရေတာ တွေအနေနဲ့ ဒီပြဿနာကို ကြိုးစားပြင်ဆင် ကြမှာဖြစ်လို့ နောက်ပိုင်းမှာ လုံခြုံရေး ပိုကောင်းလာနိုင်ပါတယ်။
Credit: www.internetjournal.media

Share:

Clash of Royale Update ( V 1.9.0 )


 ဒီနေ့ထွက် Clash of Royale Update (V 1.9.0 ) လေးတင်ပေးလိုက်ပါသည်။
အောက်ပါ link မှာ download ယူနိုင်ပါ၏။

file size        : 90.6MB
Publish date : 12.6.2017
Version        :1.9.0

What's new

2017-06-12

Summer of 2v2 is coming with all new 2v2 game modes!
• 2v2 Friendly Battle, 2v2 Draft, 2v2 Challenge!
• Collect chests with your friends in a 2v2 Battle!
• New Cards: Mega Knight, Flying Machine and more!
• Unlock extra Battle Deck slots at Level 8+
download link : Click Here (ဒီမှာ နှိပ်ပါ )
Share:

Clash of Clans Update (22.05.2017)


ဒီနေ့ထွက် clash of clans update လေးတင်ပေးလိုက်ပါသည်။
File name: com.supercell.clashofclans_v9.24.1-863_Android-4.0.3.apk
Version: 9.24.1 (863)
Uploaded: May 22, 2017 at 4:26PM GMT+00
File size: 87.24MB (91,485,130 bytes)
Minimum Android version: Android 4.0.3+ (Ice Cream Sandwich, API 15)

အောက်ပါ link မှာ download ယူနိုင်သည်။
click here (ဒီမှာနှိပ်ပါ)
Share:

Mi flashtool Lastest version 20161222

Xiaomi ဖုန်းများ firmware တင်ရာတွင် အသုံးပြုသော
Mi flastool နောက်ဆုံး version လေးတင်ပေးလိုက်ပါ၏။
လိုအပ်သူများ အောက်ပါ link မှာ download ယူနိုင်ပါသည်။
file name : MiFlash20161222.zip
file size    : 42 MB
download link : Download Here (ဒီမှာနှိပ်ပါ)
Share:

Xiaomi မှ မိတ်ဆက်ပြခဲ့သော Mi 6 အကြောင်း


၂၀၁၇ ဧပြီလ ၁၉ ရက်နေ့မှာ Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို
Beijing မြို့၏ University Of Technology Gymnasium မှာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Mi 6 ကို 3D Curved Glass Body နဲ့ Mi 6 ၊ Ceramic ကိုယ်ထည်နဲ့ Mi 6 ဆိုပြီး ၂ မျိုးထုတ်လုပ်ပေးထားပါသည်။ ဖုန်းအတွင်းပာဝင်သော အချက်အလက်တွေများ အတူတူပင်ဖြစ်၏။
Mi 6 ၏ အဓိကထူးခြားချက်သည် နောက်ဆုံးထွက် Snapdragon အဆင့်မြင့် Processor ဖြစ်တဲ့ 835 Processor ကိုအသုံးပြုထားခြင်း ဖြစ်သည်။(လောလောဆယ်အထိတော့ Snapdragon 835 Processor ကိုသုံးထားတဲ့စမတ်ဖုန်းက အရေအတွက်အလွန်နည်းပါသေးသည်။
အထူးခြားဆုံးမှာ RAM 6GB အသုံးပြုထားခြင်းပင်
ဖြစ်သည်။
ထွက်ရှိထားသော Mi ဖုန်း series တွေနှင့် လုံးဝ
ကွဲပြားသွားသောအချက်မှာ နားကြပ်ပေါက် မပါရှိ
တော့ပေ။ သို့သော် နားကြပ်ပေါက်မပါတော့ပေမဲ့ နားကြပ်တပ်နားထောင်လိုလျှင် USB Type-C Port မှာ တပ်ပြီးနားထောင်နိုင်ပါ၏။
Home Button design မှာ Mi5S မှာ အသုံးပြုထားသလို ဖုန်း၏ ရှေ့ဘက်ခြမ်းမှာ Home Button ပုံစံ
ဖြင့် ဖန်သားပြင်အောက်မှာ Finger Print Sensor ကိုထည့်သွင်းထားခြင်းဖြစ်သည်။
Camara ပိုင်းမှာ Dual Camera ပါဝင်လာပါသည်။
Mi 6 ရဲ့ Dual Camera စနစ်ဟာ iPhone 7 Plus ရဲ့ Dual Camera စနစ်နဲ့ဆင်တူပါသည်။
12 MP Camera ၂ လုံးတပ်ဆင်ထားပြီး Camera တစ်လုံးက Wide-Angle Lens ဖြစ်ကာ ကျန်တစ်လုံးကတော့ Telepho Lens ဖြစ်ပါသည်။ ဒါပေမယ့် Screen ၅ လက်မအရွယ်ဖုန်းထဲမှာတော့ ဒီနည်းပညာစပါတာ Mi 6 စမတ်ဖုန်းပဲရှိပါသေးသည်။
ဓာတ်ပုံရိုက်ကူးရာမှာ 63 fps အထိရိုက်ကူးနိုင်ခြင်း (iPhone 7 မှာ 49 fps အထိပဲရိုက်ကူးနိုင်ပါတယ်)
Mi 6 ရဲ့ကင်မရာဟာ Portrait Mode လည်းပါဝင်တာကြောင့် ရိုက်ချင်တဲ့အရာကို Focus ဖြတ်ပြီးနောက်ခံအ၀ါးနဲ့ပုံရိပ်တွေကိုလည်း ရိုက်ကူးနိုင်၏။
Zoom ဆွဲရာမှာလည်း ရုပ်ထွက်အရည်အသွေးကျဆင်းမသွားစေမယ့် 2x Optical Lossless Zoom
နည်းပညာလည်းပါဝင်ပါသည်။
ဓာတ်ပုံ ၊ ဗီဒီယိုရိုက်ကူးရာမှာ လက်မငြိမ်တာတွေ ၊ တုန်ခါမှုတွေကိုချိန်ညှိပေးပြီး ရုပ်ထွက်တည်ငြိမ်မှုရှိစေမယ့် 4 axis OIS နည်းပညာလည်းပါဝင်ပါ၏။
-ထောင့်လေးထောင့်အနားသတ်များလုံးဝန်းသော Four-Sided 3D Curved Glass ဖြင့်ဖုံးအုပ်ထား
ခြင်း
-ဘေးဘောင်ကိုယ်ထည်ကို Stainless Frame ဖြင့်
ပြုလုပ်ထားခြင်း
အရင် Xiaomi ဖုန်းတွေနဲ့ယှဉ်လိုက်ရင် ဖုန်းရဲ့ဘေးဘောင်ကိုယ်ထည်ကတော့ အတော်လေးအကြမ်းခံသွားမယ့်အနေအထားပါပဲ။
-ရေစိုခံနိုင်ခြင်း
-Mi 6 မှာ Wifi ကွန်ရက်လိုင်းဖမ်းအားကိုပိုကောင်းမွန်စေပြီး Wifi သုံးရတာလည်းပိုမြန်စေမယ့် 2×2 dual Wi-Fi လို့ခေါ်တဲ့ Wifi Technology အသစ်ပါဝင်ပါတယ်။
-Mi 6 မှာ Battery အနေနဲ့ 3350 mAh Battery ပါဝင်ပါတယ်။ Mi 6 နဲ့ Screen size တူပြိုင်ဘက်စမတ်ဖုန်းတွေထက်တော့ Mi 6 ကဘက်ထရီ ပမာဏပိုမိုကြီးမားတယ်လို့ဆိုရမှာပါ။
-စမတ်ဖုန်းတွေရဲ့လုပ်ဆောင်ချက် ၊ အမြန်နှုန်းတွေကိုတိုင်းတာပေးတဲ့ Antutu ရဲ့ရမှတ်အနေနဲ့ Mi 6 ဟာ 184,292 အထိအမြင့်ဆုံးရရှိထားပါတယ်။ Galaxy S8 ကတော့ ရမှတ် 164,095 ရရှိထားပါတယ်။
ဈေးနှုန်းအနေနဲ့ RAM 6GB, Internal Memory 64 GB version ကတော့ မြန်မာငွေ ၅ သိန်းဝန်းကျင်ကျသင့်မှာပါ။ RAM 6 GB , Internal Memory 128 GB version ကတော့ မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်ကျသင့်မှာပါ။ Ceramic Edition နဲ့ Mi 6 ကတော့ RAM 6 GB , Internal Memory 128 GB တစ်မျိုးတည်းနဲ့ပဲထုတ်လုပ်မှာဖြစ်ပြီး မြန်မာငွေ ၆ သိန်းဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။
-5.15 inches Full HD Display (1080 x 1920 pixels, 428 ppi)Octa-core (4x2.45 GHz Kryo & 4x1.9 GHz Kryo),
-Qualcomm MSM8998 Snapdragon 835 Processor
-Android OS, v7.1.1 (Nougat)
-Internal storage 64/128 GB, 6 GB RAMDual 12 -MP primary camera with Dual-LED (dual Tone)
-8 MP front facing camera
-Fingerprint Sensor3G, 4G LTE, Dual SIM,
-NFC, GPS, Wi-Fi3350 mAh
-Non-removable Li-Po Battery
Credit:Ko Thet Naing Soe (MMAS)
Share: