Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

သင်​သိသင့်​သမျှ USB TYPE-C အ​ကြောင်း



USB TYPE-C ဆိုတာဘာလဲ?
---------------------------------
USB (Universal Serial Bus) ဆိုတာ လျှပ်စစ်ပစ္စည်းတစ်ခုနဲ့တစ်ခုကြားမှာ ဒေတာတွေ သယ်ပို့ တာပဲဖြစ်ဖြစ် အားသွင်းတာပဲဖြစ်ဖြစ်လုပ်နိုင်တဲ့ အသုံးဝင်လှတဲ့ “ကြိုး” တစ်ခုဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကစထွက်ခဲ့ပြီးတော့ အမျိုးအစားတွေအများကြီး ထွက်လာခဲ့ပြီးပါပြီ။ နောက်ဆုံးကတော့ USB Type-C ဖြစ်ပါတယ်။
USB ဗားရှင်းတစ်ခုစီတိုင်းမှာ သူသတ်မှတ်ထားတဲ့ data သယ်ပို့နှုန်းတွေနဲ့ ဖြတ်သန်းနိုင်တဲ့ လျှပ်စစ်စီးကြောင်းပမာဏတွေရှ်ိပါတယ်။ အရင် USB Type-A နဲ့ Type-B မှာ pin ၄ခုပဲပါဝင်ပေမယ့် USB Type-C မှာတော့ pin ၂၄ ခုတောင်ပါဝင်တဲ့အတွက် အားများများသွင်းနိုင်ပြီး data သယ်ပို့နှုန်းလဲ ပိုမြန်စေပါတယ်။
အခု Android စမတ်ဖုန်းအများစုမှာတွေ့ရတာက Micro-USB 2.0 ဖြစ်ပြီး ဗို့အား 5V(Volt) /2A (amps) အားကို လက်ခံနိုင်ပြီး ဒေတာသယ်ပို့နှုန်းကတော့ တစ်စက္ကန့်ကို 480 Mbit နှုန်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ USB 3.1 Type-C အမျိုးအစားဖြစ်ပြီး 20V/ 5A အားကို လက်ခံနိုင်ပြီး ဒေတာသယ်ပို့နှုန်းက တစ်စက္ကန့်ကို 10Gbit နှုန်းနဲ့အထက်ဖြစ်ပါတယ်။
USB Type-C ရဲ့ ကောင်းကွက်တွေကဘာတွေလဲ?
အမျိုးအစားအသစ်တွေတိုင်းဟာ ပါဝါအားနဲ့ ဒေတာသယ်ပို့နှုန်းတွေပိုကောင်းလာပါတယ်။ USB Type-C မှာတော့ ဒီနှစ်ချက်အပြင် တခြားသော အသုံးဝင်တဲ့ထူးခြားမှုတွေပါဝင်လာပါတယ်။ USB Type-C ကြိုးဟာ ပြောင်းပြန်လှည့်လို့ရပါတယ်။ဆိုလိုတာကတော့ ထိပ်ခေါင်းလေးကို အတည့်ဖြစ်ဖြစ် ဒါမှမဟုတ်ပြောင်းပြန်လှန်လိုက်ရင်ပဲဖြစ်ဖြစ် နှစ်ဖက်လုံးက pin တွေအတူတူပဲဖြစ်တဲ့အတွက် ကိစ္စမရှိပါဘူး။
ဒါ့ပြင် နောက်ပိုင်းမျိုးဆက်ဖြစ်တဲ့ HDMI တွေက USB Type-C နဲ့ ချိတ်ဆက်လို့ရပါပြီ။ HD (high-definition) ရုပ်မြင်သံကြားဒေတာတွေကိုပို့ဖို့အတွက် ကြိုးသက်သက်မလိုတော့ပါဘူး။ နောက်ပိုင်းရောက်ရင်တော့ Laptop ကွန်ပျူတာတွေမှာပါ USB Type-C ပါဝင်လာမယ်ဆိုတာသေချာပါတယ်။
USB Type-C ရဲ့ မကောင်းတဲ့အချက်ကလေးတွေကဘာတွေလဲ?
---------------------------------------------------------
USB 2.0 အတွက် USB Type-C ကြိုးတွေက အန္တရာယ်များပါတယ်
ထုတ်လုပ်သူအကုန်လုံးကတော့ USB အသစ်ရဲ့ စံနှုန်းတွေကိုချိန်ညှိပေးမထားပါဘူး။ တစ်ချို့သောကြိုးတွေကတော့ USB Type-C connector ပါဝင်ပါတယ်။ သူက USB Type-C နဲ့ဆင်တူပေမဲ့ USB 2.0 နဲ့ပဲကိုက်ညီပါတယ်။ ဒီလိုသုံးရင်တော့အန္တရာယ်များပြီး သင့်ဖုန်းကို ပျက်စီးစေနိုင်ပါတယ်။
သင့်ဟန်းဆက်အတွက် Type-C ကြိုးကိုဝယ်ဖို့လိုတယ်ဆိုရင်တော့ သင့်ဖုန်းကိုထုတ်လုပ်တဲ့ဆီက ကြိုးကိုဝယ်သင့်ပါတယ်။
အသုံးမတွင်ကျယ်သေးတဲ့အပြင် နဲနဲလဲဈေးကြီးနေတဲ့ USB Type-C
USB Type-C ကြုံတွေ့နေရတဲ့ကြီးမားတဲ့ပြဿနာကတော့ သူ့ကိုအသုံးပြုတဲ့ ပစ္စည်းအရေအတွက်ပါပဲ။ တကယ်လို့သင်ဟာ နည်းပညာကိုသိပ်မလိုက်စားတဲ့ သူငယ်ချင်းအိမ်ရောက်နေပြီး သင့်ရဲ့ Nexus 5X ကို အားသွင်းဖို့လိုနေပြီဆိုရင် ကြိုးရှာဖို့ကတော်တော်ခက်ခဲမှာပါ။ နောက်တစ်ခုက အရည်အသွေးကောင်းတဲ့ကြိုးတွေနဲဘ USB Type-C အားသွင်းကြိုးတွေက ဈေးကြီးပါတယ်။
USB Type-C သုံးရာတွင် သတိပြုရမည့်အချက်များ
--------------------------------------------------------
ဈေးပေါတဲ့ USB Type-C ကြိုးတွေကိုဂရုစိုက်ပါ။ သင့်ကို ဒါမှမဟုတ် သင့်ဖုန်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
စမတ်ဖုန်းတစ်လုံးမှာ USB Type-C ရှိနေခဲ့ရင်တောင် USB 3.1 စံနှုန်းကိုမထောက်ပံ့ပေးနိုင်ပါဘူး။ ဒါကြောင့် မဝယ်ခင်မှာသေချာအောင်လုပ်ပါ။
သင့်ရဲ့ USB Type-C ပစ္စည်းနဲ့ ကိုက်ညီမယ့် ကြိုးကိုပဲအမြဲတမ်းအသုံးပြုပါ။
USB Type-Cကိုသုံးမယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သတိပြုပေးဖို့လိုပါတယ်။
Credit:myanmarmobileapp.com
Share:

Facebook auto Video Playing ပိတ်နည်း


နောက်ပိုင်းမှာ Facbook apk အမြင့်ပိုင်းတွေမှာ

New feeds တက်လာလျှင် video များပါလာပါက

မိမိမဖွင့်ရဘဲ video များက အလိုအလျှောက်
Playing ဖြစ်နေတတ်ပါသည်။ 

Ooredoo 4G အသုံးပြုလျှင်ဖြစ်ဖြစ်

Telenor လိုင်းကောင်းလျှင်ဖြစ်ဖြစ်

Video များ အလိုအလျောက် playing ဖြစ်တတ်သည်။

ထိုကဲ့သို မဖြစ်ရန် အောက်ပါပုံများအတိုင်း

လုပ်ဆောင်နိုင်ပါသည်။





Share:

COOLPAD 7060 firmwre


Coolpad 7060 firmware download link လေးတင်ပေးလိုက်ပါသည်။
မြန်မာစာ အသင့်ပါဝင်ပါ၏။
file size - 156.75 MB
firmware တင်နည်း  ဒီမှာ ဖတ်ပါ။

                              Download Here (ဒီမှာနှိပ်ပါ)
Share:

SPREADTRUM ဖုန်း FIRMWARE တင်နည်း။

တရုတ်ပြည်က လာတဲ့ Android ဖုန်းတွေမှာ အဓိက အမျိုးအစား (၃) ခု ရှိပါတယ်။ Qualcomm, MediaTek, Spreadtrum ဆိုပြီး ရေဘူယျ ခွဲ ခြားနိုင်ပါတယ်။ ဒီနာမည် (၃) မျိုးဟာ ဖုန်းထဲမှာ တပ်ဆင်အသုံးပြုထားတဲ့ CPU (Central Processing Unit) အမျိုးအစားအပေါ်မှာ အခြေခံပြီး ပြောတာပါ။ Qualcomm ဆိုတာ CPU ထုတ်တဲ့ ကုမ္ပဏီ နာမည်ဖြစ်ပါတယ်။ အလားတူ Mediatek and Spreadtrum စ တာတွေကလည်း သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ Spreadtrum CPU အမျိုးအစားဟာ မိုဘိုင်းဖုန်း လောကမှာတော့ အနိမ့်စား CPU ဖြစ်ပါတယ်။ Mediatek က အလတ်စား ဖြစ်ပြီး Qualcomm ကတော့ အမြင့်လို့  ရေဘူယျ ပြောနိုင်ပါတယ်။ Spreadtrum CPU သုံးထားပြီး လူသိများတာတွေက Huawei မှာဆို Y220T, Coolpad မှာတော့ 7060 စ သဖြင့်ပေါ့။ အခြား နာမည် လူသိနည်းတဲ့ ဖုန်းတွေမှာလည်း Spreadtrum CPU နဲ့ လာတာတွေ အများအပြား ရှိပါတယ်။ လူသိများတာကို ပြောပြတာပါ။ SPD လို့  အတိုခေါက် ခေါ်ကြပါတယ်။ ကျွန်တော် ခု ပြောပြချင်တာက အဲဒီ Spreadtrum ဖုန်းတွေကို ဘယ်လို Firmware တင်ရမလဲ ဆိုတာ ပြောပြချင်တာပါ။
များသောအားဖြင့် Spreadtrum CPU ဖုန်းတွေအတွက် Firmware ဖိုင်ဟာ Packet (.pac) နဲ့  လာပါတယ်။ တစ်ဖိုင်ထဲ ဖြစ်ပါတယ်။ ကိုယ် ရလာတဲ့ Firmware ဖိုင်ကို ကြည့်လိုက်လို့  something.pac နောက်ဆုံးမှာ (.pac) နဲ့ လာပြီဆို ဒါဟာ Spreadtrum firmware လို့  အကြမ်းဖျဉ်း နားလည်လို့ ရပါတယ်။ ခု SPD Firmware ရေးနည်းကို Windows computer အတွက် အခြေခံ ပြီး ရေးမှာ ဖြစ်ပါတယ်။ စာဖက်သူမှာ Windows computer တစ်လုံးတော့ ရှိတယ်လို့ ယူဆပါမယ်။ နံပါတ် ၁ အချက်အနေနဲ့  အရေးအကြီးဆုံးကတော့ Windows အသုံးပြုသူများ သိတဲ့အတိုင်း Driver အရင် တင်ထားဖို့ လိုအပ်ပါတယ်။ Spreadtrum driver ကို အရင်ဆုံး ရအောင် ရှာဖွေပြီး စက်ထဲမှာ Install လုပ်ထားပေးရမှာပါ။ Spreadtrum driver for windows ကို ဒီမှာ နှိပ်ပြီး ဒေါင်းယူလို့ ရပါတယ်။ ပြီးလျှင် ကျွန်တော်တို့  SPD firmware ရေးဖို့ အတွက် SPD Downloader လိုအပ်ပါတယ်။ စကားချပ်အနေနဲ့  ပြောချင်တာကတော့ ဖုန်းထဲကို Firmware ရေးသွင်းတာကို Firmware download လုပ်တယ်လို့ ခေါ်ပါတယ်။ ဖုန်းရဲ့  မမ်မိုရီထဲကို ဆွဲယူတယ်ပေါ့နော်။ Spreadtrum ဖုန်းထဲကို သူ့ ရဲ့  သက်ဆိုင်ရာ Firmware ရေးနိုင်ဖို့ အတွက် Research downloader ဆိုတာ လိုအပ်ပါတယ်။ Research downloader ကို ဒီမှာ နှိပ်ပြီး ဒါင်းယူပါ။  ကဲ ခုဆိုရင် ကျွန်တော်တို့ မှာ SPD driver သွင်းပြီးပြီ၊ Research downloader လည်း ရပြီ၊ သက်ဆိုင်ရာ ဖုန်းရဲ့  Firmware လည်း ရပြီ။ စ ပြီး တင် ကြဖို့ ပဲ လိုပါတယ်။ Firmware ရေးမယ်လို့  စဉ်းစားတဲ့အခါမှာ သက်ဆိုင်ရာဖုန်းရဲ့  Download mode ကို ဘယ်လို ဝင်ရမလဲ ဆိုတာလည်း သိဖို့  လိုအပ်ပါတယ်။ ဖုန်း တစ်ခု နဲ့  တစ်ခု မတူညီပေမယ့် အကြမ်းဖျဉ်းအားဖြင့် SPD ဖုန်းတွေမှာ ပါဝါ ပိတ်လျှက် အနေအထားတွင် Volume up or down + USB အခြေ အနေ ဟာ Download mode အခြေအနေ ဖြစ်ပါတယ်။ ကဲ စ ပြီဗျာ .. ပထမဆုံး 1. Driver install လုပ်မယ်။ ပြီးပြီ။ ဒုတိယ 2. Research downloader မောင်းမယ်။ ရပြီ။ ပြီးရင် Research downloader မှာ ပါတဲ့ ဂီယာသွားပုံစံလေးကို နှိပ်ပြီး ကိုယ်တင်မယ့် Firmware ရှိတဲ့ နေရာကို သွားပြီး အိုကေ နှိပ် တင်လိုက်ပါ။ ရပြီနော်။ ပြီးရင် Research downloader မှာရှိတဲ့ Play button လိုခလုတ်လေး mouse သွားတင်လိုက်ရင် Download လို့ ပေါ်ပါတယ်။ အဲဒါလေးကို တစ်ချက် နှိပ်လိုက်ပါ။ ဒါဆို Ready ဖြစ်ပြီပေါ့။ Firmware ပြန်ရေးမယ့် ဖုန်းကို ဘထ္ထရီ ဖြုတ်ပါ။ ပြီးလျှင် ဘထ္ထရီ ပြန်တပ်ပါ။ ပါဝါ လုံးဝ လုံးဝ မဖွင့်ပါနဲ့ ။ ဖုန်းရဲ့  Volume up (+) လေးကို ဖိထားပြီး USB ကြိုး နဲ့  ကွန်ပျူတာမှာ ချိတ်လိုက်ပါ။ Research downloader မှာ အတန်းလေးပြေးပြီး စ တင်နေတာ တွေ့ ရပါလိမ့်မယ်။ ကျွန်တော်က ဒီနေရာမှာ Volume up (+) ဆိုတာ နမူနာ ပြောပြတာပါ။ တစ်ခါတစ်ရံမှာ Volume (-) လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ ဖုန်းအမျိုးအစားအလိုက်ပေါ့။
Research downloader မှာ အတန်းလေးတွေ ပြေးပြီး နောက်ဆုံး pass ဆိုတဲ့ စာတန်းလေးပေါ်လာရင် ပြီးပါပြီ။ ဖုန်းကို USB ကြိုးကနေ ဖြုတ်။ ဘထ္ထရီ ခန ပြန်ဖြုတ်။ ပြီးမှ ဘထ္ထရီ ပြန်တပ်ပြီး ပါဝါ ဖွင့်ပါ။ အိုကေစွာ ပြန်ပွင့်လာပါလိမ့်မယ်။ Research downloader ကြီးက မလိုတော့ဘူး ပိတ်လိုက်လို့ ရပြီ။  ဒါပါပဲ ခုဆိုရင် Spreadtrum phone firmware တင်တာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
                     Credit:maungnyi.wordpress.com
Share:

ဖုန်း HARDWARE ပိုင်းအခြေခံပိုင်းကျကျ ရှင်းပြထားသောစာအုပ်

အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။

ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ 
အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေ ပါတယ်။ ပြီးတာနဲ့ ဆက်လက် တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက် တင်ပေးသွား မှာဖြစ်ပါတယ်။
Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Credit:kohtike9.blogspot.com
Share: