Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

SPREADTRUM ဖုန်း FIRMWARE တင်နည်း။

တရုတ်ပြည်က လာတဲ့ Android ဖုန်းတွေမှာ အဓိက အမျိုးအစား (၃) ခု ရှိပါတယ်။ Qualcomm, MediaTek, Spreadtrum ဆိုပြီး ရေဘူယျ ခွဲ ခြားနိုင်ပါတယ်။ ဒီနာမည် (၃) မျိုးဟာ ဖုန်းထဲမှာ တပ်ဆင်အသုံးပြုထားတဲ့ CPU (Central Processing Unit) အမျိုးအစားအပေါ်မှာ အခြေခံပြီး ပြောတာပါ။ Qualcomm ဆိုတာ CPU ထုတ်တဲ့ ကုမ္ပဏီ နာမည်ဖြစ်ပါတယ်။ အလားတူ Mediatek and Spreadtrum စ တာတွေကလည်း သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ Spreadtrum CPU အမျိုးအစားဟာ မိုဘိုင်းဖုန်း လောကမှာတော့ အနိမ့်စား CPU ဖြစ်ပါတယ်။ Mediatek က အလတ်စား ဖြစ်ပြီး Qualcomm ကတော့ အမြင့်လို့  ရေဘူယျ ပြောနိုင်ပါတယ်။ Spreadtrum CPU သုံးထားပြီး လူသိများတာတွေက Huawei မှာဆို Y220T, Coolpad မှာတော့ 7060 စ သဖြင့်ပေါ့။ အခြား နာမည် လူသိနည်းတဲ့ ဖုန်းတွေမှာလည်း Spreadtrum CPU နဲ့ လာတာတွေ အများအပြား ရှိပါတယ်။ လူသိများတာကို ပြောပြတာပါ။ SPD လို့  အတိုခေါက် ခေါ်ကြပါတယ်။ ကျွန်တော် ခု ပြောပြချင်တာက အဲဒီ Spreadtrum ဖုန်းတွေကို ဘယ်လို Firmware တင်ရမလဲ ဆိုတာ ပြောပြချင်တာပါ။
များသောအားဖြင့် Spreadtrum CPU ဖုန်းတွေအတွက် Firmware ဖိုင်ဟာ Packet (.pac) နဲ့  လာပါတယ်။ တစ်ဖိုင်ထဲ ဖြစ်ပါတယ်။ ကိုယ် ရလာတဲ့ Firmware ဖိုင်ကို ကြည့်လိုက်လို့  something.pac နောက်ဆုံးမှာ (.pac) နဲ့ လာပြီဆို ဒါဟာ Spreadtrum firmware လို့  အကြမ်းဖျဉ်း နားလည်လို့ ရပါတယ်။ ခု SPD Firmware ရေးနည်းကို Windows computer အတွက် အခြေခံ ပြီး ရေးမှာ ဖြစ်ပါတယ်။ စာဖက်သူမှာ Windows computer တစ်လုံးတော့ ရှိတယ်လို့ ယူဆပါမယ်။ နံပါတ် ၁ အချက်အနေနဲ့  အရေးအကြီးဆုံးကတော့ Windows အသုံးပြုသူများ သိတဲ့အတိုင်း Driver အရင် တင်ထားဖို့ လိုအပ်ပါတယ်။ Spreadtrum driver ကို အရင်ဆုံး ရအောင် ရှာဖွေပြီး စက်ထဲမှာ Install လုပ်ထားပေးရမှာပါ။ Spreadtrum driver for windows ကို ဒီမှာ နှိပ်ပြီး ဒေါင်းယူလို့ ရပါတယ်။ ပြီးလျှင် ကျွန်တော်တို့  SPD firmware ရေးဖို့ အတွက် SPD Downloader လိုအပ်ပါတယ်။ စကားချပ်အနေနဲ့  ပြောချင်တာကတော့ ဖုန်းထဲကို Firmware ရေးသွင်းတာကို Firmware download လုပ်တယ်လို့ ခေါ်ပါတယ်။ ဖုန်းရဲ့  မမ်မိုရီထဲကို ဆွဲယူတယ်ပေါ့နော်။ Spreadtrum ဖုန်းထဲကို သူ့ ရဲ့  သက်ဆိုင်ရာ Firmware ရေးနိုင်ဖို့ အတွက် Research downloader ဆိုတာ လိုအပ်ပါတယ်။ Research downloader ကို ဒီမှာ နှိပ်ပြီး ဒါင်းယူပါ။  ကဲ ခုဆိုရင် ကျွန်တော်တို့ မှာ SPD driver သွင်းပြီးပြီ၊ Research downloader လည်း ရပြီ၊ သက်ဆိုင်ရာ ဖုန်းရဲ့  Firmware လည်း ရပြီ။ စ ပြီး တင် ကြဖို့ ပဲ လိုပါတယ်။ Firmware ရေးမယ်လို့  စဉ်းစားတဲ့အခါမှာ သက်ဆိုင်ရာဖုန်းရဲ့  Download mode ကို ဘယ်လို ဝင်ရမလဲ ဆိုတာလည်း သိဖို့  လိုအပ်ပါတယ်။ ဖုန်း တစ်ခု နဲ့  တစ်ခု မတူညီပေမယ့် အကြမ်းဖျဉ်းအားဖြင့် SPD ဖုန်းတွေမှာ ပါဝါ ပိတ်လျှက် အနေအထားတွင် Volume up or down + USB အခြေ အနေ ဟာ Download mode အခြေအနေ ဖြစ်ပါတယ်။ ကဲ စ ပြီဗျာ .. ပထမဆုံး 1. Driver install လုပ်မယ်။ ပြီးပြီ။ ဒုတိယ 2. Research downloader မောင်းမယ်။ ရပြီ။ ပြီးရင် Research downloader မှာ ပါတဲ့ ဂီယာသွားပုံစံလေးကို နှိပ်ပြီး ကိုယ်တင်မယ့် Firmware ရှိတဲ့ နေရာကို သွားပြီး အိုကေ နှိပ် တင်လိုက်ပါ။ ရပြီနော်။ ပြီးရင် Research downloader မှာရှိတဲ့ Play button လိုခလုတ်လေး mouse သွားတင်လိုက်ရင် Download လို့ ပေါ်ပါတယ်။ အဲဒါလေးကို တစ်ချက် နှိပ်လိုက်ပါ။ ဒါဆို Ready ဖြစ်ပြီပေါ့။ Firmware ပြန်ရေးမယ့် ဖုန်းကို ဘထ္ထရီ ဖြုတ်ပါ။ ပြီးလျှင် ဘထ္ထရီ ပြန်တပ်ပါ။ ပါဝါ လုံးဝ လုံးဝ မဖွင့်ပါနဲ့ ။ ဖုန်းရဲ့  Volume up (+) လေးကို ဖိထားပြီး USB ကြိုး နဲ့  ကွန်ပျူတာမှာ ချိတ်လိုက်ပါ။ Research downloader မှာ အတန်းလေးပြေးပြီး စ တင်နေတာ တွေ့ ရပါလိမ့်မယ်။ ကျွန်တော်က ဒီနေရာမှာ Volume up (+) ဆိုတာ နမူနာ ပြောပြတာပါ။ တစ်ခါတစ်ရံမှာ Volume (-) လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ ဖုန်းအမျိုးအစားအလိုက်ပေါ့။
Research downloader မှာ အတန်းလေးတွေ ပြေးပြီး နောက်ဆုံး pass ဆိုတဲ့ စာတန်းလေးပေါ်လာရင် ပြီးပါပြီ။ ဖုန်းကို USB ကြိုးကနေ ဖြုတ်။ ဘထ္ထရီ ခန ပြန်ဖြုတ်။ ပြီးမှ ဘထ္ထရီ ပြန်တပ်ပြီး ပါဝါ ဖွင့်ပါ။ အိုကေစွာ ပြန်ပွင့်လာပါလိမ့်မယ်။ Research downloader ကြီးက မလိုတော့ဘူး ပိတ်လိုက်လို့ ရပြီ။  ဒါပါပဲ ခုဆိုရင် Spreadtrum phone firmware တင်တာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
                     Credit:maungnyi.wordpress.com
Share:

0 comments:

Post a Comment