Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Power supply အ​ကြောင်း


Power suppply အသုံးပြုနည်း အ​ခြေခံ ဖုန်းဆားဗစ် ဆရာများအတွက်
 PS (Power Supply) က မရှိမဖြစ် လိုအပ်ပါတယ်
 ဆားဗစ်လုပ်မယ့် ဖုန်းကို PS ချိတ်ကြည့်လိုက်တာနဲ့ 
ရှော့ ရှိ မရှိ Amper ဘယ်လောက်အထိ စား (တက်) တာ ကို ကြည့်ပြီး
 ပြစ်ချက် ကို အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်
 ဆရာဝန် သုံးတဲ့ နားကျပ် လိုပါပဲ ပဏာမ စစ်ဆေးမှု လုပ်ရပါတယ်
 1A နဲ့ 2A PS နှစ်မျိုးကိုတော့ ပြစ်ချက်ရှာဖို့ သုံးလို့ ကောင်းပါတယ် 
ဒါပေမယ့် အဲဒီ PS တွေ အတွင်းမှာ အထွက်ရှော့ ရှိရင် အလိုအလျောက်
 ပိတ်ပေးတဲ့ စနစ် ထည့်သွင်းတည်ဆောက်ထားပါတယ် 
လုံးဝရှော့ (dead short) ဖြစ်နေတဲ့ ဖုန်းကို PS မှာ ချိတ်လိုက်ရင်
 PS အထွက်မှာ ရှော့ကျသွားပြီး ဗို့အားထုတ်ပေးမှုကို 
ချက်ခြင်း ပိတ်ပစ်လိုက်ပါတယ် ဖုန်း ပြန်ဖြုတ်လိုက်မှ ဗို့အား ပြန်လည်ထုတ်ပေးတာပါ
 အဲဒါကြောင့် ရှော့ ရှိနေတဲ့ ဖုန်းကို 1A 2A PS နဲ့ ချိတ်ရင် စမ်းလို့ မရပါဘူး
 5A PS ကတော့ 30V 5A အထိ ထုတ်ပေးနိုင်ပါတယ် 
သူနဲ့ တွဲချိတ်ထားတဲ့ ဖုန်းမှာ ရှော့ ရှိနေလဲ ဗို့ အထွက်ကို ပိတ်မပေးပါဘူး
 အဲဒါကြောင့် အမှားလဲ မခံပါဘူး +V -V မှားချိတ်တာနဲ့ လောင်သွားပါလိမ့်မယ်
 ဗို့အား စကေး မှားထားမိရင်လဲ ချက်ခြင်း လောင်သွားပါလိမ့်မယ် 
လုံးဝ အမှားမခံပါ သတိထား စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်
 ရှော့ ရှာဖို့ အတွက် 5A PS ကို အနိမ့်ဆုံး 0V အထိ ချထား ဖုန်းနဲ့ချိတ် ဗို့အား ကို
 တဖြည်းဖြည်းချင်း လှည့်တင် 2V ကျော်ကျော်လောက်မှာ ရှော့ ဖြစ်နေတဲ့ 
ကွန်ပို့နင့် (components) လေးတွေ ပူ လာပါလိမ့်မယ် 
လက်နဲ့ လိုက် စမ်းကြည့်ရင် သိပါတယ် တချို့ကတော့
 လက်သန်း နဲ့ စမ်းတယ်တဲ့ လက်နဲ့ မစမ်းချင်ရင်တော့ 
ထင်းရှူးဆီ နဲ့ အငွေ့ချ စမ်းလို့ ရပါတယ် ထင်းရှူးဆီ အမာခဲကို
 ခဲခေါက်နဲ့ ကြာကြာလေး တို့ထားလိုက်ရင် ခဲဂေါက်ထိပ်မှာ ထင်းရှူးဆီ အငွေ့လေးတွေ ထွက်လာပါတယ် 
အဲဒီ အငွေ့ကိုမှ ရှော့ ဖြစ်နိုင်ချေ သံသယရှိတဲ့ နေရာဝန်းကျင် (PM IC နဲ့ 
Condenser အများစု) ရဲ့ အပေါ်ဘက်ကနေ ဝဲပြီး ချပေးပါ 
အဲဒီနေရာဝန်းကျင်ကို ကျပ်ခိုးစွဲသလို အငွေ့ကောင်းကောင်းစွဲအောင် ချပေးပါ 
ခဲဂေါက် နဲ့ အကြိမ်ရေ များများ ချပေးမှ အငွေ့ စွဲတာပါ 
ပြီးရင် 5A PS ကို 0V အထိ ချထားပြီးမှ ဖုန်းနဲ့ချိတ် ဗို့အားကို 
တဖြည်းဖြည်း လှည့်တင်ပေးရင်း သတိထားကြည့်နေပါ
 ရှော့ရှိတဲ့ ကွန်ပို့နင့်က ပူ လာတာကြောင့် သူ့အပေါ်က ထင်းရှူးငွေ့ဟာ ဖျတ် ကနဲ ပျော်ကျ သွားပါလိမ့်မယ်
 ... တခု သတိထားရမှာက ဗို့အားကို 4V ကျော်မသွားစေဖို့ပါ 
5A PS ကို Tablet battery တွေ အားပြန်သွင်းဖို့လဲ သုံးလို့ ရပါတယ်
 တချို့ Tablet တွေက အားကုန်အောင် သုံးလိုက်ရင် ဖွင့်လို့ မရတော့ပါဘူး
 Battery ထဲမှာ အားအခံ မရှိတော့တဲ့အတွက် အားပြန်သွင်းလို့လဲ မရတော့ပါ 
အဲဒီအခါမျိုးမှာ Battery ဖြုတ်ပြီး 5A နဲ့ အားပြန်သွင်းလို့ရပါတယ် 
1A 2A တွေကတော့ သိပ်​အားသွင်းမပေးနိုင်ပါဘူး 

Credit : original uploader
Share:

0 comments:

Post a Comment