အခုဆိုရင် လူကြီးမင်းတို့ရဲ့ MPT ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ပြီးမတင်ပြီးသိလိုပါက *601# သို့ အခမဲ့အလွယ်တကူ ရိုက်နှိပ်ခေါ်ဆိုပြီး စစ်ဆေးနိုင်ပါပြီ။ သင့်ဆင်းမ်ကတ်က မှတ်ပုံတင်ပြီးသားဖြစ်ပါက မှတ်ပုံတင်ပြီးကြောင်း ဖော်ပြပေးမှာဖြစ်ပြီး အကယ်၍ မှတ်ပုံတင်ထားခြင်းမရှိပါက မှတ်ပုံမတင်ထားကြောင်းနှင့်တကွ မှတ်ပုံတင်ရန် အကြောင်းကြားသည့် SMS စာတိုတစ်စောင်ကို တစ်ခါတည်း ပေးပို့ ပေးမှာဖြစ်ပါတယ်။
ထိုအခါ SMS မှာ ပါရှိတဲ့ https://care.mpt.com.mm/ ဝက်ဘ်ဆိုက် စာမျက်နှာသို့ သွားရောက်၍ မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။
MPT အရောင်းဆိုင်များတွင် ဖောင်ဖြည့်သွင်းပြီး မှတ်ပုံတင်ထားသူများအနေနှင့် System ထဲတွင် အမည်စာရင်းဝင်ရန်အတွက် ၁၀ ရက်ခန့် ကြာမြင့်နိုင်တာကြောင့် မှတ်ပုံတင်ပြီး ၁၀ ရက်ခန့် မှာမှ *601# သို့ ခေါ်ဆိုပြီး မှတ်ပုံတင်အောင်မြင်ခြင်းရှိမရှိ စစ်ဆေးနိုင်မှာဖြစ်ကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြုလုပ်ရမှာဖြစ်တာကြောင့် မှတ်ပုံတင်ခြင်းမပြုလုပ်ရသေးသူများကို MPT မှ SMS ပေးပို့ပြီး အသိပေးနှိုးဆော်ပေးသွားမှာဖြစ်ပါတယ်။ (လတ်တလောတွင် CDMA အသုံးပြုသူများအတွက် မပါဝင်သေးပါ)။
MPT4U App (သို့) Web Self-Care (https://care.mpt.com.mm/) မှတဆင့်လည်း လွယ်လွယ်ကူကူ မှတ်ပုံတင်နိုင်ပြီဖြစ်လို့ မိမိတို့ ရဲ ဆင်းမ်ကတ်လေးတွေ လုံခြုံစိတ်ချရစေဖို့ အခုပဲအမြန်ဆုံးမှတ်ပုံတင်လိုက်ရအောင်။
MPT4U App ကို iOS အတွက် install ပြုလုပ်လိုပါက http://fir.im/gdtmမှလည်းကောင်း၊ Android အတွက် install ပြုလုပ်လိုပါကhttp://lotayamm.com/service/application/android သို့ ဝင်ရောက်၍ install ပြုလုပ်ရယူနိုင်ပါတယ်။

Credit: MPT Facebook Page
0 comments:
Post a Comment