Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

IOS မှ ANDROID သို့ GOOGLE DRIVE ကို အသုံးပြု၍ BACKUP ပြုလုပ်ခြင်း


ယခင်က iOS ကနေ Android ထဲကို Contact တွေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြောင်းထည့်ဖို့ ဆိုရင် အနည်းငယ် အလုပ်ရှုပ်မှာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Google Drive က အဆိုပါ ပြဿနာ ကို အလွယ်တကူနဲ့ ဖြေရှင်းနိုင်စေဖို့အတွက် Backup Feature ကိုထည့်သွင်းပေးလိုက်ပါတယ်။
iOS device ပေါ်ကနေ Contact တွေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ပြောင်းရွှေ့ဖို့အတွက်ဆိုရင် iPhone မှာ Google Drive Update app ကို download ပြုလုပ်ရပါမယ်။ download ပြုလုပ်ပြီးပြီဆိုရင် Google Drive ကို ဖွင့်ပြီး Login ပြုလုပ်ပါ။ Login ပြုလုပ်ပြီးပြီဆိုရင် Settings ထဲက Backup ဆိုတာကို နှိပ်ပါ။
Backup ကို နှိပ်ပြီးရင် နောက်တစ်ဆင့်အနေနဲ့ Start Backup ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။
Backup ပြုလုပ်တဲ့အချိန်မှာ data ပမာဏအလိုက် အချိန် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ Backup ပြုလုပ်ပြီးသွားတဲ့အထိ ခေတ္တစောင့်ပေးရပါမယ်။
iOS device ပေါ်ကနေ Backup ပြုလုပ်ထားတဲ့ Contact နဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို Android device ပ်ါကနေ ရယူဖို့အတွက် Android device ရဲ့ settings ထဲကို သွားရပါမယ်။ Settings ထဲကမှ Accounts & Sync > Add account > Google ဆိုတာကိုရွေးချယ်ပြီး iOS device ကနေ backup ပြုလုပ်ထားတဲ့ Gmail account ကို အဆိုပါ android device မှာ ထည့်သွင်းပေးရပါမယ်။
account ကို ထည့်သွင်းပြီးသွားရင် contact နဲ့ backup ပြုလုပ်ထားတဲ့ဒေတာတွေကို android device မှာ sync ပြုလုပ်ပေးသွားပါလိမ့်မယ်။
အထက်မှာ ဖော်ပြထားတာကတော့ iOS ကနေ Android ကို Google drive အသုံးပြုပြီး Backup တွေ ကို ရွှေ့ပြောင်းတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
Credit: internetjournal.media
Share:

0 comments:

Post a Comment