Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

APPLE ဖုန်းကြော်ငြာတွေရဲ့ နာရီက ဘာ့ကြောင့်အမြဲတမ်း 9:41 လို့ ပြနေတာလဲ

၂၀၁၀ မတိုင်ခင်က 9:42 လို့ ဖော်ပြခဲ့တာပါ။Apple လုပ်သွားသမျှကိစ္စတိုင်းမှာ အကြောင်းရင်းတစ်ခုခုတော့ ရှိနေစမြဲ ဖြစ်ပါတယ်။ အိုင်ဖုန်းတွေကို ကြော်ငြာတဲ့အခါ ဖုန်းမှာ ပြထားတဲ့ အချိန်နာရီက အစ သူ့ အဓိပ္ပါယ်နဲ့ သူ ရှိနေပါတယ်။
ဒီအချိန်သင်္ကေတကို ကြော်ငြာနဲ့ လုပ်ငန်းသုံးတီဗွီကဏ္ဍတွေအထိ ချဲ့ ထွင်ထားတာပါ။
အဲ့ဒါကတော့ ၉ နာရီ ၄၂ မိနစ်ဆိုတဲ့ သင်္ကေတပဲ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ၊ ကြော်ငြာစာရွက်များ နဲ့ Apple ရဲ့ ဝက်ဘ်ဆိုက်တွေမှာတောင် သုံးထားတာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့ ရှင်းရှင်းလေးပါ။ စတိဗ်ဂျော့ဘ်ဟာ ပထမဆုံးအိုင်ဖုန်းကို ၂၀၀၇ ခုနှစ် မနက်ပိုင်း ၉ နာရီ ၄၂ မိနစ်မှာ
ကြေငြာခဲ့ပြီး သူ့ ရဲ့ အဖွင့်မိတ်ဆက်စကားထဲမှာ ဒီနေ့ Apple ဟာ ဖုန်းလောက ကို တစ်ခေတ်ပြောင်းတော့မယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီလိုပြောနေချိန်မှာ သူ့ နောက်က အိုင်ဖုန်းscreen မှာ အချိန်က ၉ နာရီ ၄၂ မိနစ်လို့ ပြနေပါတယ်။ဒါ့ကြောင့် ဖုန်းကြော်ငြာတွေမှာ 9:42 လို့ ထည့်သွင်းဖော်ပြလာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၀ ရောက်ပြီး iPad ကို ပထမဆုံးထုတ်လိုက်တော့ ပြောင်းလဲသွားပါတယ်။ iPad ကို မိတ်ဆက်တဲ့ပွဲမှာ ၉နာရီ ၄၁မိနစ်လို့  ပြနေတာကြောင့် နောက်ပိုင်း အိုင်ဖုန်းတွေရဲ့ ကြော်ငြာမှာ 9:41 လို့ ပဲ ပြပါတော့တယ်။ အိုင်ဖုန်းမှ မဟုတ်ဘဲ Mac တွေမှာလည်း ဒီလိုပဲ ဖော်ပြကြော်ငြာခဲ့ပါတယ်။ တစ်ခြား iPad နဲ့ iPad Air ကြော်ငြာတွေမှာလည်း 9:41 ဆိုတဲ့ အချိန်နဲ့ ပဲ ကြော်ငြာလာပါတယ်။
အခုလို အချိန်နာရီတိကျအောင်လို့ လည်း presentation ကို မိနစ် ၄၀ ဝန်းကျင် ဖြစ်အောင် ဒီဇိုင်းချထားပါတယ်။ ဒါ့ကြောင့် အိုင်ဖုန်းရဲ့ ပုံရိပ် screen မှာ ပေါ်လာတာနဲ့ ပရိသတ်ရဲ့ လက်ပတ်နာရီမှ အချိန်နဲ့ ကွက်တိကျနေတာဖြစ်ပါတယ်။
Credit:www.lwinpyin.com
Share:

0 comments:

Post a Comment