Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

"Galaxy S8" မှာ "8 GB" RAM အသုံးပြု လာနိုင်ပြီး Note-Series များလို "S-pen" ပါဝင်လာနိုင်



အစပိုင်း ကြားရသမျှ သတင်းအရ Galaxy S8 ဟာ "6 GB" RAM နဲ့ လာဖို့ပါ ။ ဒါပေမယ့် အခု နောက်ပိုင်း တရုတ်နိုင်ငံထံမှ ပျံ့လာသော သတင်းတစ်ပုဒ် အရ Galaxy S8 ဟာ "8 GB" RAM ကို အသုံးပြု လာနိုင်တယ် လို့ သိရှိရပါတယ် ။
.
Galaxy S7 edge တို့မှာတောင် RAM "4 GB" အထိပဲ ပါတော့ ဒါဟာ RAM "၂ ဆ" တိုးမြင့်လာမယ့် အဓိပ္ပာယ် ပါပဲ ။ စမတ်ဖုန်းကုမ္ပဏီ တွေကြား RAM တိုက်ပွဲ အရှိန်မြင့်လာခြင်း လို့လည်း ဆိုနိုင်ပါတယ် ။
.
Galaxy S8 ဟာ အရွယ်အစား (၂)မျိုး နဲ့ လာမယ် လို့ ဆိုပါတယ် ။ 5-inch အရွယ် ရှိတာကို မှည့်ရိုးမှည့်စဉ် နာမည်အတိုင်း Galaxy S8 လို့ အမည်တွင်မှာ ဖြစ်ပြီး "6-inch" အရွယ် ရှိတာကိုတော့ ထူးထူးခြားခြား "Galaxy S8 Plus" ရယ်လို့ နာမည်အသစ် ခေါ်တွင်မှာ ဖြစ်ပါတယ် ။
.
အဲဒီ Galaxy S8 ဗားရှင်း (၂)မျိုးလုံး မှာ Note-Series များလို S-pen အထောက်အပံ့ ပေးမယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ် ။ အထူးသဖြင့် 6-inch အရွယ် ရှိတဲ့ Galaxy S8 သာ အမှန်တကယ် ထွက်ပေါ်လာမယ် ဆိုရင် S-pen ပါဝင်လာဖို့ဟာ သေချာသလောက် ရှိပါတယ် တဲ့ ။
.
အဆိုပါ ဖုန်း နှစ်ခုလုံးကို လာမယ့် April အတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ မိတ်ဆက်သွားဖို့ ရှိပါတယ် ။
Credit:Mobile Age (Taunggyi)
Share:

Samsung ရဲ့ Galaxy A series အသစ်တခု ထွက်ရှိလာတော့မည်


Samsung ရဲ့ Galaxy A series အသစ်တခု ထွက်ရှိလာတော့မည်
==================================
Samsung က Galaxy A 2017 စီးရီး ကို လာမယ့် နောက်တပတ် January 5 ရက်နေ့ မှာ ထွက်လာလိမ့်မယ် လို့ တရားဝင် ကြော်ငြာလိုက်ပါတယ်။အခု ထွက်လာမယ့် Galaxy A 2017 စီးရီး မှာ Galaxy A3 (2017), Galaxy A5 (2017), Galaxy A7 (2017) ဆိုပီး ၃ မျိုးပါဝင်လာပါလိမ့်မယ်။
ပေါက်ကြားလာတဲ့ သတင်းစကားအရ Galaxy A5 (2017) နဲ့ Galaxy A3 (2017) ရဲ့ ရှေ့ နဲ့ နောက် ပုံတွေကို မိတ်ဆက်ထားတဲ့ ဓာက်ပုံတွေ နဲ့ တင်ဆက်မှု တွေ အမျိုးမျိုးကို တွေ့မြင် ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်တုန်း က တွေ့ ခဲ့တာတွေထက် ပိုမိုကောင်းတဲ့အရာ တစ်ခုကို Samsung က ချပြပါလိမ့်မယ်။
အခုထွက်လာမယ့် Galaxy A5 နဲ့ Galaxy A3 က ဒီဇိုင်းပိုင်က ဆင်တူဖြစ်ပီး အရွယ် အစားတော့ ကွဲပြားပါတယ်။ A5 (SM-A520) ကတော့ ဖုန်းမျက်နှာပြင် အရွယ်အစားက ၅.၂ လက်မ ရှိပီး Display အနေနဲ့ ကတော့ 1080p ရရှိမှာဖြစ်ပါတယ်။ A3 (SM-A320) မှာတော့ ဖုန်းမျက်နှာပြင် အရွယ်အစား က ၄.၇ လက်မနဲ့ Display အနေနဲ့ကတော့ 720p ရရှိမှာဖြစ်ပါတယ်။
Galaxy A5 ဖုန်းကို Processor အနေနဲ့ Octa-core Exynox 7880 ကို အသုံးပြု့ထားမယ်လို့ မျှော်လင့်ရပြီး , 3GB RAM ,ဘက်ထရီ 3300mAh နဲ့ Internal storage ကတော့ 32GB ဖြစ်ပြီး External SD card ပါ ထည့်လို့ရမယ်လို့ မျှော်လင့်ရပါတယ်။
Galaxy A3 ဖုန်းက တော့ အသင့်အတင့် ရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။A3 ဖုန်းမှာ Processor အနေနဲ့ Octa-core Exynos 7870 ကို အသုံးပြု့ထားမယ်လို့ မျှော်လင့်ရပြီး , 2GB RAM, ဘက်ထရီကို 3000mAh နဲ့ Internal storage ကတော့ 16GB ဖြစ်ပြီး External SD card ပါ ထည့်လို့ရမယ်လို့ မျှော်လင့်ရပါတယ်။
မနေ့ က Samsung ကနေ အခု ထွက်လာမယ့် Galaxy A 2017 ဖုန်းတွေက Water-resistant (ရေစိုခံ) လိမ့်မယ်လို့ အရိပ်အမြွက် ပေးခဲ့ပေမယ့် ဘယ် မော်ဒယ်အတွက်ဆိုတာတော့ သေသေချာချာပြောပြမထားပါဘူး။
သေချာတာကတော့ Galaxy A5 (2017) နဲ့ Galaxy A3 (2017) ကို black, gold, blue နဲ့ pink ဆိုပီး အရောင် ၄ မျိုးနဲ့ ရရှိနှိုင်ပါတယ်။အဆိုပါ ဖုန်းမျာကို January လ မှာစတင် ရောင်ချမယ်လို့ သိရသော်လည်း အမေရိကန်ဈေးကွက်အတွက် ပဲလားဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး။မည်သို့ပင်ဆိုစေကာမူ နောက်တစ်ပတ်ဆိုရင်တော့ ကျွန်တော်တို့ အားလုံးစောင့်မျှော်နေတဲ့ Galaxy A 2017 series အကြောင်းကို ပိုမိုသိရှိလာရတော့မှာဖြစ်ပါတယ်။ဆက်လက် စောင့်မျှော်ပေးကြပါဦး။။။
Credit:www.myanmarmobileapp.com

Share:

Xiaomi မှ အသစ်ထုတ် Redmi 4 or Redmi 4 Prime အကြောင်း


Xiaomi New Product Redmi 4 Specification
Detail Network > GSM/LTE SIM > Dual SIM
 Screen Size > 5.0
Resolution > 1080 x 1920 pixels (~443 ppi pixel density)
Graphic > Adreno 506
 OS > 6.0.1 (MIUI 8) CPU > Snapdragon 625
Memory & RAM > 32GB ROM & 3GB RAM (SD card – Up to 256GB)
 Camera > 5MP Font Camera , 13MP Back Camera ,
 FM Radio > Yes
Fingerprint > Yes
Battery > Non-removable Li-Ion 4100 mAh battery ( First Charging )
Colour > Gold , Dark Gray , Silver

 သုံးသပ်ချက်။ Qualcomm Chipset ကိုအသုံးပြုပေမယ့် ရှေ့ကထွက်ရှိခဲ့တဲ့ Redmi 3s,x တို့လို CDMA ကို Support လုပ်တယ်လို့ ဖော်ပြထားခြင်းမရှိပါဘူး။
 DS-DS နည်းပညာတစ်ခုဖြစ်တဲ့ 3G နှစ်ကဒ် တစ်ပြိုင်တည်း လိုင်းတက် မလားမတက်ဘူးဆိုတာလည်း မသေချာတဲ့ အနေအထားမှာရှိပါတယ်။
သဘောကျမိတဲ့ အချက်ကတော့ Resolution ပါပဲ။ HD Resolution ကိုမှ 443ppi pixel density ဆိုတော့ ရုပ်ထွက်ကတော့ အတော်လေး ကောင်းမွန်မယ်လို့ ခန့်မှန်းရပါတယ်။
ဂိမ်းအတွက်လည်း GPU အနေနဲ့ Adreno 506 ကိုအသုံးပြုပေးထားတဲ့အတွက် မဆိုးလှဘူးလို့ ဆိုရမယ့်အနေအထားမှာရှိပါတယ်။
Xiaomi ကထုတ်တဲ့ Handset တွေမှာ FM Radio စနစ် မပါဝင်ခဲ့တာ မျိုးဆက် သုံးဆက်လောက်ရှိပါပြီ။ အခု တော့FM Radio လေးပြန်နားထောင်ရတော့မှာပါ။
OS ပိုင်းမှာတော့ Android 7 ကိုဘာလို့ မပေးတာလည်း ဆိုတာ စဉ်းစားလို့မရပါ။ နောက်မှ Update ပေးနိုင်ပါတယ်။ အခုတစ်ခါတည်းပေးလိုက်ရင် အပျော်လွန်ပီး သေသွားမှာဆိုးလို့လားမသိ။(မှတ်ချက် SOC ကန့်သတ်ချက် ရှိရင်တော့ မပြောတတ်) နောက်မှာ Redmi4 Pro တို့ 4s တို့ 4x တို့ ထွက်လာဦးမလားပဲ :D Internal Memory အနေနဲ့ 32 GB ပါဝင်မှာဖြစ်ပြီး Ram အနေနဲ့ 3GB ပါဝင်မှာဖြစ်ပါတယ်။ အကယ်လို့များ Storage များများသုံးချင်တယ်ဆိုရင်တော့ SIM Card 2 နေရာမှာ Memory SD ကဒ်ကို 256GB အထို ထည့်သွင်းအသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
 Camera ကတော့ ထုံးစံအတိုင်း 13/5 ပါပဲ။ အရင် Redmi 3 Series ထက်ပိုအားသာသွားတာကတော့ LED မှာ dual-LED (dual tone) flash ဖြစ်သွားခြင်းပါပဲ ။
အလင်းအားနည်းတဲ့အချိန်ရိုက်ရင် သာမာန် LED တွေထက် ပိုပြီး တိကျကောင်းမွန်တဲ့ လင်းအားကိုပေးနိုင်မယ်ဆိုတဲ့ သဘော … ။
Fingerprint ကတော့ နောက်ကျောဘက် ကင်မရအောက်မှာပါဝင်ပါတယ်။

 Battery ကတော့ အလွယ်တကူဖြုတ်တပ်လို့မရတဲ့ Non-removable Li-Ion 4100 mAh battery ကိုအသုံးပြုပေးထားပါတယ်။ Battery တော်တော် အသုံးခံမယ့်သဘော။
First Charging စနစ်ပါဝင်လာတဲ့ အတွက် သာမာန်ထက် အားသွင်းမြန်ဦးမယ်ဆိုတဲ့သဘော.. နာရီဝက်အတွင်း 60% တို့ဘာတို့ …။
ရရှိနိုင်မည့် အရောင်တွေကတော့ Gold , Dark Gray , Silver ဆိုတဲ့ အရောင်သုံးမျိုး ကိုရရှိနိုင်မှာဖြစ်ပါတယ်။
ထင်သာမြင်သာ ဘာတွေများပြောင်းသွားသလဲ Design က Mi4s လိုလို Redmi Note 4 ပေါက်စလိုလို ရုပ်နဲ့ Resolution က HD ဖြစ်သွားမယ်။
dual-LED (dual tone) ဖြစ်မယ်။ FM Radio ပါမယ်။ First Charging စနစ်ပါဝင်လာမယ်။ လောလောဆယ် သိရှိရသလောက်တော့ ဒီလောက်ပါပဲ။ အနည်းငယ်ကွဲလွဲနိုင်ပါသည်။
Credit:MXS-MMF

Share:

blog တွင် Subscribe to Posts (Atom) ဖြုတ်နည်း


blogspot အောက်နားက Subscribe to Posts (Atom) လေးကိုဖြုတ်

လိုလျှင် အောက်ပါနည်းအတိုင်း လုပ်ဆောင်ပါ။



  1. Go to setting/ template/ edit HTML
  2. အောက်က code ကိုရှာပါ။

<b:include data='feedLinks' name='feedLinksBody'/>
တွေ့ရင် ထို  code ကို ဖြုတ်လိုက်ပါ၊ Posts (Atom). လေးပျောက်သွားပါမည်၊

Share:

Blog တွင် power by blogger ဖျောက်နည်း

Blog အောက်ချေနားက power by blogger စာကြောင်းလေးကို
ဖြုတ်လိုလျှင် အောက်ပါ အဆင့်အတိုင်း လုပ်ဆောင်နိုင်သည်။
blog ကို sing in ၀င်ပါ။
Template ကိုနှိပ်ပါ။
</head>
ကိုတွေ့အောင်ရှာပါ။
</head> အထက်နားမှာ အောက်က စာကြောင်း copy ကူးပြီးထည့်ပါ။

<style>#Attribution1{display: none;}</style>

save template လုပ်ပါ။
power by bogger ပျောက်သွားလိမ့်မည်။

Share: